ရွှေအမြုတေစာပေဆု

ဝီကီပီးဒီးယား မှ

ရွှေအမြုတေစာပေဆုပေးပွဲကို ၂၀၀၆ ခုနှစ် မေလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့သည်။ ရွှေအမြုတေ မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၏ မွေးနေ့ဖြစ်သော မေလတွင် ရွှေအမြုတေစာပေဆုကို နှစ်စဉ် ကျင်းပလေ့ရှိသည်။ ရွှေအမြုတေစာပေဆုပေးပွဲကို ရသစာပေဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ပြီး ပေးအပ်သောဆုဖြစ်သည်။