ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်

ဝီကီပီးဒီးယား မှ

ရှင်ကေသရ (၁၂၂၄ - ၁၃၀၈) သည် "ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်" အဖြစ် ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၈၆၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၂ ရက်နေ့တွင် မုံရွာမြို့မြောက်ဖက် ကြည့်ပါယုန်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးမှော် - ဒေါ်နှင်းငုံ ဖြစ်သည်။

ငယ်စဉ်ကပင် ပုဗ္ဗာရုံဆရာတော်နှင့် အမရပူရမြို့ ဘုံပျံတောရဆရာတော်ကြီးထံတွင် စာပေများ သင်ကြားတော်မူခဲ့သည်။ ထို့နောက်တွင် စစ်ကိုင်းမြို့ သင်္ဂဇာဆရာတော်ထံ၌ ဆည်းပူး၍ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် အမရပူရမြို့ ဘုံပျံတောရကျောင်းတွင် သီတင်းသုံးခဲ့သည်။

ထို့နောက်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးထံ၌ ပညာဆက်လက်သင်ယူပြီးနောက် ၁၂၅၃ ခုနှစ်တွင် ပုသိမ်ခရိုင်၊ ခြောက်အိမ်တန်းရွာသို့ ကြွရောက်သီတင်းသုံးခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၉၄၆ ခုနှစ် မေလ ၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းပြုစုခဲ့သည်ဟု မထင်ရှားပေ။ ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ထင်ရှားသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၈၊ ၁၇၉။