ရောဘတ် ဗေဒင်-ပိုရယ်
![]() | ဤဆောင်းပါးတွင် ဝီကီစံညွှန်းနှင့်အညီ စကားပြေ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
Lieutenant General The Right Honourable ရောဘတ် ဗေဒင်-ပိုရယ် | |
---|---|
![]() ကင်းထောက် တည်ထောင်သူ | |
အမည်ပြောင်(များ) | B-P |
မွေးဖွား | ပင်တန်ဂွန်၊ လန်ဒန်မြို့၊ အင်္ဂလန် | ဖေဖော်ဝါရီ ၂၂၊ ၁၈၅၇
ကွယ်လွန် | ဇန်နဝါရီ ၈၊ ၁၉၄၁ နေအီရ၊ ကင်ညာနိုင်ငံ | (အသက် ၈၃)
လက်နက်ကိုင်တပ် | ဗြိတိသျှစစ်တပ် |
အမှုထမ်း ကာလ | ၁၈၇၆–၁၉၁၀ |
ရာထူး | Lieutenant-General |
ကွပ်ကဲသည့် ဌာန |
|
တိုက်ပွဲ/စစ်ပွဲများ |
|
ဆုတံဆိပ်များ |
|
အခြား အလုပ် | Founder of the international Scouting Movement; writer; artist |
လက်မှတ် | ![]() |
ကင်းထောက်(လုလင်) နှင့် ကင်းထောက် အမျိုးသမီးများအကြောင်းကို သိသူများသည် လော့ရောဗတ် ဗေဒင်ပိုဝယ်၏အကြောင်းကိုလည်း ကြားဖူးနားဝ ရှိကြပေလိမ်မည်။ လူငယ်ကလေးများ၏ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူ့ကျင့်ဝတ်ကို သိနားလည်ရေး၊ တစ်ကိုယ်ကောင်း စိတ် ပယ်ရှားရေး စသည်တို့ကို ရှေးရှုသော ကင်းထောက်လုပ်ငန်းကို စတင် မွေးဖွားပေးခဲ့သူမှာ ဗေဒင်ပိုဝယ်ဖြစ်သည်။ ထို့ကြောင့် လော့ ရောဗတ် ဗေဒင်ပိုဝယ်ကို ကင်းထောက်တို့၏ ဖခင် ဟုလည်း ခေါ်ဆိုရပေမည်။ စင်စစ် ဗေဒင်ပိုဝယ်သည် ကင်းထောက်အဖွဲ့စတင်သည်မှစ၍ ကမ္ဘာ့ကင်းထောက်များ၏ အထွတ်အထိပ်၊ ကင်းထောက်ချုပ်ကြီးဖြစ်ခဲ့လေသည်။
ကင်းထောက်အဖွဲ့ကို ဗေဒင်ပိုဝယ်သည် အဘယ့်ကြောင့် စတင်တည်ထောင်ခဲ့သနည်း/ တောင်အာဖရိကတိုက်တွင် ဗိုးဝါးစစ်ပွဲ ဖြစ်ပွားစဉ်အတွင်း မက်ဖကင်းမြို့ကို ရန်သူဗိုးဝါးတပ်ကြီးက (၁၈၉၉-၁၉၀၀ ခုနှစ်အတွင်း) ၇ လခန့်ကြာအောင် ဝိုင်းထားသည်။ မြို့တွင်းရှိ ဗြိတိသျှတပ်ကို ကွပ်ကဲသူ ဗိုမှူးကြီး ရောဗတ်ဗေဒင်ဗိုဝယ်သည် စစ်ကူရောက်သည်အထိ မက်ဖကင်းမြို့ကို ရန်သူလက် မကျအောင် ဆိုခဲ့သော ကာလပတ်လုံး ထိန်းသိမ်းထားနိုင်ခဲ့သည်။
ရန်သူ အဝိုင်းခံနေရစဉ်အတွင်း ဗေဒင်ပိုဝယ်သည် မက်ဖကင်းမြို့တွင်းရှိ လူငယ်များကို ကင်းထောက်များ၊ စာပို့ သတင်းပို့ လုလင်များ၊ ရှေးဦးသူနာပြုများအဖြစ် လေ့ကျင့် အသုံးပြုခဲ့ခြင်းဖြင့် လူရွယ်လူကြီးများကို အခြားပို၍ အရေးပါသော လုပ်ငန်းများ၌ ပိုမို အသုံးချနိုင်ခဲ့သောကြောင့်၊ တစ်နည်းအားဖြင့် ရန်သူတပ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအခါမှစ၍ ဗေဒင်ပိုဝယ် သည် လူငယ်လေးများအား ကင်းထောက်စည်းမျဉ်များနှင့် စာရိတ္တကောင်မွန်ရေးကို ရှေးရှုသော အခြေခံများဖြင့် အဖွဲ့ဖွဲ့၍ သွန်သင်လေ့ကျင့်ပေးနိုင်လျှင်၊ တိုင်းပြည်အတွက် အဖိုးတန် သားကောင်းရတနာကလေးများ ဖြစ်လာနိုင်သည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ဗေဒင်ပိုဝယ်သည် ၁၉၀၈ ခုနှစ်အတွင်းအင်္ဂလန်ပြည်၌ ကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်းရာ အောင်မြင်သည်။ ရည်ရွယ်ချက်ကောင်းမွန်လှသော ထိုအဖွဲ့ကို နှစ်ခြိုက် အားပေးကြသောကြောင့် ကင်းထောက်အဖွဲ့များသည် ဗြိတိသျှ အင်ပိုင်ယာအတွင်း၌သာမက ကမ္ဘာအရပ်ရပ်၌ပါ လျင်မြန်စွာ တိုးပွားခဲ့သည်။
လူငယ်ကလေးများသာမက၊ မိန်းကလေးများသည်လည်း ကင်းထောက်လုပ်ငန်းတွင် စိတ်ပါဝင်စားလာကြသဖြင့်၊ ဗေဒင်ပိုဝယ်သည် ၁၉၁၀ ပြည့်နှစ်တွင် နှမဖြစ်သူ အဂ္ဂနက်၏ အကူအညီဖြင့် ကင်းထောက်အမျိုးသမီးအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့လေသည်။ ကင်းထောက်အဖွဲ့များ၊ ကင်းထောက်အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းရေးအတွက် ကမ္ဘာအရပ်ရပ်သို့ လှည့်လည် သွားလာခဲ့ရာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကိုလည်း ရောက်ရှိခဲ့ဖူးလေသည်။
ဗေဒင်ပိုဝယ်သည် အောက်စဖို့တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ခြောက်ယောက်မြောက် သားဖြစ် လန်ဒန်မြို့၌ 1857 ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ဖွားမြင်သည်။ ချတဟောက် ပတ်ဗလစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ စွန့်စားမှုကိုနှစ်ခြိုက်သော ဗေဒင်ပိုဝယ်သည် အမှတ် ၁၃ ဟတ်ဇားတပ်သို့ ဝင်ခဲ့သည်။ အိန္ဒိယ၊ အာဖဂန်နန်စတန်နှင့် တောင်အာဖရိကတိုက်တို့၌ သူ၏တိုက်မှု ခိုက်မှု စွမ်းရည်သတ္တိကို ပြသခဲ့သဖြင့် လျင်မြန်စွာ ရာထူးတိုးတက်ခဲ့သည်။ တောင်အာဖရိကတိုက်တွင် ကိုယ်ရံတော်ဗိုလ်အဖြစ် အမှုထမ်းရာမှ ၁၈၈၇ ခုနှစ်၌ တပ်မှူးချုပ်ဖြစ်လာသည်။ ၁၈၉၅ ခုနှစ်တွင် အရှန်တီ(ဂိုလကို့ပြည်နယ်)၌ တိုင်းရင်းသား တပ်များ၏ တပ်မှူးချုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ် မက်တလီလန်း(တောင်အာဖရိကတိုက်) တိုက်ပွဲစဉ်အတွင်း စစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ မက်ဖကင်းမြို့ကို ခုခံကာကွယ်ခဲ့သည်အတွက် ဒုဗိုလ်ချုပ်ကြီးရာထူးသို့ တိုးတက်ခဲ့လေသည်။ ထို့အပြင် အင်္ဂလန်ပြည်အတွက် စွမ်းစွမ်းတမံ အမှုထမ်းခဲ့ခြင်းကြောင့် ဗြိတိသျှအစိုးရက ၁၉၀၉ ခုနှစ်တွင် ဆာဘွဲ့ချီးမြှင့်သည်။ နောက်တစ်နှစ်တွင် စစ်တပ်မှ အငြိမ်းစားယူသည်။ သို့သော် ကင်းထောက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သည်။ ဗေဒင်ပိုဝယ်သည် ငြိမ်းချမ်းစွာ ပညာပေးသော လုပ်ငန်းကြီးသို့ ကမ္ဘာ့လူမျိုးပေါင်းစုံ၏ လူငယ်များကို ဆွဲဆောင်ခဲ့ရာ၌ ဗြိတိန်နိုင်ငံသားများအနက် နှစ်ယောက်မရှိအောင် ထူးခြားသော ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။
ဗေဒင်ပိုဝယ်သည် ငယ်ရွယ်စဉ်ကပင် ယောက်ျားကလေး ပီသသော စိတ်၊ မြင့်မြတ်သော သဘောထား၊ ရဲစွမ်းသတ္တိတို့နှင့် ပြည့်စုံခဲ့သူ ဖြစ်ခဲ့ရာ၊ ယင်းစိတ်ဓာတ်မျိုးကို မိမိ၏ ကင်းထောက်များ၌လည်း ကိန်းဝပ်စေရန် ကြိုးပမ်းခဲ့လေသည်။ ယင်းသို့ ထူးခြားစွာ စွမ်းဆောင်မှုများကြောင့် ၁၉၂၉ ခုနှစ်တွင် ဗဲရွန်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။ ဗေဒင်ပိုဝယ်သည် တာဝန်လုပ်ငန်း များပြားသည့် အကြားမှပင် စစ်ဗျူဟာနှင့် ဆိုင်သော စာအုပ်အနည်းငယ်နှင့် ကင်းထောက်လုလင်များနှင့်ဆိုင်သော စာအုပ်များ ပြုစုရေးသားခဲ့သေးသည်။ ၁၉၃၇ ခုနှစ်တွင် အော်ဒါအော့မဲရစ်ဘွဲ့တံဆိပ် အပ်နှင်းခြင်း ခံရပြန်သည်။ ထိုနှစ်တွင်ပင် အာဖရိကတိုက် ကင်းနယားပြည်နယ် ညေးရဲမြို့၌ သွားရောက်အငြိမ်းစားယူ နေထိုင်ခဲ့ရာ၊ ၁၉၄၁ ခုနှစ်တွင် အနိစ္စရောက်သွားလေသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Ashanti Campaign, 1895။ The Pine Tree Web။ 17 June 2009 တွင် ပြန်စစ်ပြီး။
- ↑ "RELIEF OF MAFEKING CELEBRATIONS."၊ NSW: National Library of Australia၊ 26 May 1900၊ စာ- 1225။ 17 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Matabele Campaign။ The Pine Tree Web။ 2 December 2006 တွင် ပြန်စစ်ပြီး။
- ↑ Queen's South Africa Medal။ The Pine Tree Web။ 2 December 2006 တွင် ပြန်စစ်ပြီး။
- ↑ Kings's South Africa Medal။ The Pine Tree Web။ 2 December 2006 တွင် ပြန်စစ်ပြီး။
- ↑ Silver Buffalo Awards။ Boy Scouts of America (2014)။
- ↑ The Library Headlines။ ScoutBase UK။ 15 March 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2006 တွင် ပြန်စစ်ပြီး။