ရုံးပတီပင်
Abelmoschus esculentus | |
---|---|
ဟောင်ကောင်တွင် ပေါက်နေသော ရုံးပသီပင် | |
![]() | |
ရုံးပသီသီးအား ထောင်လိုက်ဖြတ်ထားပုံ | |
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း | |
လောက: | Plantae
|
(unranked): | Angiosperms
|
(unranked): | Eudicots
|
(unranked): | Rosids
|
မျိုးစဉ်: | Malvales
|
မျိုးရင်း: | Malvaceae
|
မျိုးစု: | Abelmoschus
|
မျိုးစိတ်: | A. esculentus
|
ဒွိနာမ | |
Abelmoschus esculentus (L.) Moench | |
![]() | |
Worldwide okra production | |
Synonyms[၁] | |
|
ရုံးပသီပင် (အင်္ဂလိပ်: Okra) အား အင်္ဂလိပ်စကားပြောသော နိုင်ငံအများစုတွင် ladies' fingers ဟု ခေါ်ဆိုကြပြီး ပန်းပွင့်သော အပင်မျိုးဖြစ်သည်။ ရုံးပသီပင်၏ မူလဒေသများမှာ အနောက်အာဖရိက၊ အီသီယိုပီယားနှင့် တောင်အာရှတို့ ဖြစ်သည်။ ယင်းအပင်သည် ပူနွေးစိုစွတ်သော ရာသီရှိသည့် ကမ္ဘာအနှံ့တွင် ပေါက်ရောက်သည်။[၂]ရုံးပတီပင်ကို ရုက္ခဗေဒ အလိုအရ ဟိဗိစကပ် အက်စကူလင်တပ်ဟု ခေါ်သည်။ ရုံးပတီစေ့များကို မိုးမစမီ မေလ၊ သို့မဟုတ် ဇွန်လဆန်းစလောက်တွင် စိုက်ပျိုးသင့်သည်။ အစေ့များကို မစိုက်ပျိုးမီ မြေများကို ဆွ၍ မြေပေါင်ဖြစ်အောင် ပြုပြင်ပေးသင့်သည်။ ထိုမြေပေါင်၏ အကျယ်ကို နှစ်ပေမျှ ထားသင့်၍ မြေဘောင်တစ်ခုနှင့် တစ်ခုကို တစ်ပေစီ ခြားထားသင့်သည်။သို့မဟုတ် ခြောက်လက်မနက်သည့် ကျင်းများကို တူး၍ စိုက်ပျိုးသင့်သည်။ အစေ့များကို ဆွထားသည့် မြေကြီးတွင် တင်ရုံသာသာမျှ ထားရသည်။ တစ်စေ့နှင့် တစ်စေ့ကို နှစ်ပေမျှစီ ခြား၍ စိုက်သင့်သည်။ ထိုနောက် အစေ့များပေါ်တွင် မြေဆီလွှာ၊ သို့မဟုတ် နွားချေး မြေ0x100သဇာဖြင့်ဖုံး၍ ရေလောင်းပေးရသည်။ ထိုနောက်တွင် ရေကို ရက်သတ္တပတ်အတွင်းနှစ်ကြိမ်၊ သို့မဟုတ်သုံးကြိမ်မျှသာ လောင်းပေးရလေသည်။ ရုံးပတီသီး ၁ဝဝ ရှိ အစေ့များကို မြေဧက တစ်ဧကတွင် စိုက်ပျိုးနိုင်လေသည်။ အပင်ကလေးများ သုံးလက်မခန့် ကြီးမြင့်လာသောအခါ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့် ကွာ၍ ပေါက်နိုင်စေရန်နှင့် သန်စွမ်းကြီးထားသော အပင်များသာ ကျန်ခဲ့စေရန် အပင်များကို ပါးပေးရသည်။ ရုံးပတီပင်ကလေးများ ရှစ်လက်မခန့် မြင့်လာကြသောအခါတွင် အပင်ကလေးများ၏ အခြေတွင် ပြာများဖြစ်စေ၊ နွားချေးများ ဖြစ်စေ၊ ထိုနှစ်မျိုး ရောထားသည်ကို ဖြစ်စေ ဖြူးသိပ်၍ ပေးရသည်။ အပင်ကလေးများ နှစ်ပေမျှ မြင့်လာကြသောအခါတွင် အပင်ကလေးများ၏ ခေါင်ညွန့်များကို နှိမ်ပေးရသည်။ အပွင့်များ ပွင့်လာသောအခါတွင် ရေများများ လောင်းပေးရသည်။ သို့မဟုတ်လျှင် ပိုးကောင်များ ကျရောက်လာတတ်သည်။ ပိုးကောင်များ ကျရောက်လာသည်ကို တွေ့လျှင် ပြာများဖြင့် ဖြူးပေးလျှင် အပင်များ ကောင်းလာသည်ကို တွေ့နိုင်ပေသည်။ ငှက်စာသော်ဖြစ်သော လက်ဦးသီးများသည် စိုက်ပြီးနောက် သုံးလခန့် ကြာသည်တွင် ခူးယူစားသုံးနိုင်လောက်အောင် ကြီးထွားလာကြသည်။
ရုံးပတီသီးကို မီးကင်၍၎င်း၊ ရေနွေးဖျော၍၎င်း ငါးပိရည်နှင့် တို့စားကြ၏။ သနပ်လုပ်၍လည်း စားကြ၏။ ကြော်ချက် ချက်၍လည်း စားကြ၏။ထိုပြင် ဟင်းချိုချက်၍၎င်း၊ ခရမ်းသီး၊ အာလူး၊ ပဲသီး စသည်တို့နှင့် ရောနှောကာ ချဉ်ရေဟင်းချက်၍၎င်း စားကြသည်။
မြန်မာဆေးကျမ်းအလိုအားဖြင့် ရုံးပတီသီးသည် ကျိချွဲ၏။ လေ၊ သလိပ်ကို ပျက်စေတတ်၏။အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်၏ဟု ဆိုလေသည်။ [၃]
ရခိုင်လို ချောတောက်သီးဟု ခေါ်သည်။ [၄]
ဓာတ်ပုံများ[ပြင်ဆင်ရန်]
Okra | ||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
ကိုးကား[ပြင်ဆင်ရန်]
- ↑ The Plant List: A Working List of All Plant Species။ 3 October 2014 တွင် ပြန်စစ်ပြီး။
- ↑ National Research Council (2006-10-27). "Okra", Lost Crops of Africa: Volume II: Vegetables, Lost Crops of Africa 2. National Academies Press. ISBN 978-0-309-10333-6။ 2008-07-15 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
- ↑ မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀). ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ. နက္ခတ္တရောင်ခြည်, ၂၈၁။