ရီရီ၊ ဒေါ်(ဒေါက်တာ)

ဝီကီပီးဒီးယား မှ

ဒေါက်တာဒေါ်ရီရီ(၁၉၂၉-၁၉၈၄)[ပြင်ဆင်ရန်]

ဒေါက်တာဒေါ်ရီရီ (၁၉၇၅)ခုနှစ် အမျိုးသားစာပေဆု{သုတပဒေသာ(ဝိဇ္ဇာ) မြန်မာအမျိုးသမီးများအနက် ပီအိပ်ချဒီဘွဲ့ကို အစောဆုံးရရှိခဲ့သူများစာရင်းတွင် ကမန်အမျိုးသမီးတစ် ဦးဖြစ် သော ဒေါ်ရီရီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ကမန်လူမျိုး ဖြစ်သည်။

ဒေါ်ရီရီကို(၁၉၂၉)ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် သံတွဲ့မြို့၌ အဖဦးဘစိန်၊ အမိဒေါ်ခိုင်တို့မှ ဖွားမြင်သည်။ (၁၉၃၅)ခုနှစ်တွင် စစ်တွေကွန်ဗင့်ကျောင်း၌စတင်ပညာသင်ခဲ့သည်။(၁၉၄၆)ခုနှစ်တွင်ဆယ်တုန်းကို စာမေး ပွဲအောင်မြင်သည်။(၁၉၅၂)ခုနှစ်တွင် ရာဇဝင်ဂုဏ်ထူးတန်းကိုဒုတိယတန်း(က)အဆင့်ဖြင့် အောင်မြင် သည်။ ထိုနှစ်၌ပင် ပညာတော်သင်အဖြစ်ဖြင့်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကပညာရပ် ဆိုင်ရာကျောင်း (School of oriental and African Studies) တွင်တက်ရောက်ခဲ့၍ ၁၉၅၈ ခုနှစ်တွင် ပီအိချ်ဒီ ဘွဲ့ရခဲ့သည်။

မြန်မာနိုင်ငံသမိုင်းကော်မရှင်၌ သုတေသနအရာရှိအဖြစ် ၁၉၅၉ခုနှစ်တွင် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ကုန်းဘောင်ခေတ်ဆိုင်ရာကျမ်းပြုအရာရှိအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံခဲ့ရသည်။

မြန်မာနိူင်ငံသုတေသနအသင်းဂျာနယ်၊ သမိုင်းတံခွန်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာပေနှင့်လူမှုရေးသိပ္ပံ ဂျာနယ် စသည့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားခဲ့သည်။ အင်္ဂလိပ်မြန်မာ ပြက္ခဒိန် (၁၇၀၁-၁၈၂၀) ကိုရေးသား၍ ယဉ်ကျေးမှုဌာနမှထုတ်ဝေခဲ့သည်။ ထို့ပြင် သုတေသနအဘိဓာန်များ မှတ်စု အမှတ်စဉ်(၁)ကိုရေးသား၍ မြန်မာနိုင်ငံသုတေသနအသင်းမှပင် ပုံနှိပ်ထုတ်ဝေခဲ့ သည်။ နိုင်ငံသမိုင်း သုတေသနဦးစီးဌာနတွင် အကြီးတန်းသုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း (၁၉၈၄)ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။

ဒေါက်တာရီရီသည် မြန်မာနိူင်ငံအခြေအနေ(၁၇၁၄-၅၂)စာအုပ်ဖြင့် ၁၉၇၅ခုနှစ်အတွက် အမျိုးသားစာပေဆု (သုတပဒေသာ၊ဝိဇ္ဇာ)ကို ရရှိခဲ့သည်။ ညောင်ရမ်းမင်းဆက်နှင့်အင်း၀မင်းဆက်များ လက်ထက်မြန်မာနိူင်ငံ ၏အခြေအနေကို အသေးစိတ်သုတေသနပြု၍တင်ပြခဲ့သည်။

ဒေါက်တာရီရီသည် ရခိုင်အမျိုးသမီးစာဆိုများအနက် အမျိုးသားစာပေဆုကိုပထမဆုံးဆွတ်ခူးခဲ့သော စာပေ ပညာရှင်တစ်ဦးပင်ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မောင်ထွန်းအောင်(ကျန်းမာရေး)ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။