မာတိကာသို့ ခုန်သွားရန်

ရနေး ဒေးကာ့

ဝီကီပီးဒီးယား မှ
(ရီနီ ဒက်စ်ကရေးတီး မှ ပြန်ညွှန်းထားသည်)
ရနေး ဒေးကား
ဖရန် ဟော (Frans Hals)ဟန် ပုံတူ၊ ၁၆၄၈[]
မွေးဖွား(1596-03-31)မတ် ၃၁၊ ၁၅၉၆
လဟေးယွန်တုရိန် (La Haye en Touraine)ပြင်သစ်ဘုရင့်နိုင်ငံတော်
ကွယ်လွန်ဖေဖော်ဝါရီ ၁၁၊ ၁၆၅၀(1650-02-11) (အသက် ၅၃)
စတော့ဟုမ်း (Stockholm) ဆွီဒင်အင်ပိုင်ယာ
နိုင်ငံလူမျိုးပြင်သစ်
ခေတ်၁၇ ရာစု ဒဿနိကဗေဒ
ဒေသအနောက်တိုင်း ဒဿနိကဗေဒ
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)ကာတေးရှန်းဝါဒ (Cartesianism) (စတင်ထူထောင်သူ)၊ ရာရှင်နယ်ဝါဒ (rationalism)ပန္နက်ခိုင်ဝါဒ (foundationalism)
အဓိက စိတ်ဝင်စားရာ
တက္ကိကဗေဒ (metaphysics)အက်ပီစတမ်မိုလော်ဂျီ (epistemology)သင်္ချာ
မှတ်သားလောက်သည့် အတွေးအကြံ
Cogito ergo sum [မှတ်စု ၁]စနစ်တကျ သံသယ (methodic doubt)ထောင့်မှန်ကျလိုင်းများ ရှာနည်း (method of normals)ကာတေးရှန်း ကိုဩဒိနိတ်စနစ် (Cartesian coordinate system)ကာတေးရှန်း ရုပ်နာမ်နှစ်ဖြာဝါဒ (Cartesian dualism)၊ ဘုရား (God) ရှိကြောင်း ဖြစ်တည်မှုဆိုင်ရာ အဆို (ontological argument)mathesis universalis [မှတ်စု ၂]ဒေးကာ့၏ ပန်းထုံး (folium of Descartes)
လက်မှတ်

ရနေး ဒေကားတ် (အင်္ဂလိပ်: René Descartes /ˈdˌkɑːrt/[] ပြင်သစ်: [ʁəne dekaʁt](1596-03-31)မတ် ၃၁၊ ၁၅၉၆ - ဖေဖော်ဝါရီ ၁၁၊ ၁၆၅၀(1650-02-11)) သည် ပြင်သစ်လူမျိုး အတွေးအခေါ် နှင့် သင်္ချာ ပညာရှင် ဖြစ်သည်။ ဒေကားတ်ဟာ ခေတ်သစ်အတွေးအခေါ်ပညာများနဲ့ algebraic geometry တို့ရဲ့ founder အဖြစ်အများက သတ်မှတ်ခြင်းခံရသူလည်း ဖြစ်ပါတယ်။ ဒေကားတ် အသက် (၁၃) နှစ်အရွယ်မှာ ကျန်းမားရေးမကောင်းမွန်မှုကြောင့် ပြင်သစ်စစ်တပ်မှကွပ်ကဲတဲ့ စစ်ဘက်ကျောင်းမှာ တက်ရောက်ခဲ့ရပြီး သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တို့ကို စိတ်ဝင် စားလာခဲ့ပါတယ်။ ဒေးကားဟာ (၂၃) နှစ်အရွယ်မှာ “Rule for the Direction of the Mind” ဆိုတဲ့ စာစောင်ကို ရေးသားနိူင်ခဲ့ပါတယ်။ စိုင်းယန့်စ်ပိုင်းနဲ့ အတွေးအခေါ်ပိုင်းအတွက် သင့်တော်တဲ့နည်လမ်းအဖြစ် သတ်မှတ် ခြင်းလည်း ခံရပါတယ်။ ၁၆၃၇ ခုနှစ်မှာတော့ သူ့ရဲ့ထင်ရှားလှတဲ့ “Discourse on the Method” ဆိုတဲ့ စာစောင်ကို ရေးသားခဲ့ပြန်ပါတယ်။ ၎င်းစာစောင်ဟာ ဆင်ခြင်တုံတရားကို မှန်ကန်စွာ စီမံခန့်ခွဲခြင်းနှင့် သိပ္ပံဘာသာရပ်များတွင် အမှန်တရားရှာဖွေခြင်းဆိုင်ရာ နည်းလမ်းအပေါ် အကျယ်တဝင့်ဆွေးနွေးဖော်ပြချက်များပဲ ဖြစ်ပါတယ်။ ၎င်း စာစောင်ထဲမှ အထင်ရှားဆုံးသော စကားလုံးကတော့ “Cogito ergo sum – I think therefore I am” ဆိုတဲ့ စကား စုလေးပဲ ဖြစ်ပါတယ်။ ဒီစကားစုလေးရဲ့မြန်မာလိုအဓိပ္ပါယ်ကတော့ လူတစ်ယောက်ယောက်ကတွေးနေတယ်ဆိုရင် အဲ့လူတစ်ယောက်ယောက်ဟာ တစ်နေရာရာတည်ရှိကို တည်ရှိနေရမှာဖြစ်ပါတယ်။ ဒါကြောင့် “ ငါတွေးတယ် ဒါ့ကြောင့် ငါရှိတယ်” ဆိုတာ ပြောနိူင်တာပဲ ဖြစ်ပါတယ်။ Principles of Philosophy ၊ Meditations on First Philosophy ဆိုတဲ့ စာအုပ်တွေပဲဖြစ်ပြီး သဘာဝတရားရဲ့နိယာမများ နဲ့ ရူပဗေဒနိယာမများအကြောင်း ရှုမြင်ချက် များပဲ ဖြစ်ပါတယ်။ ရနေး ဒေကားတ် ဟာ Philosophy ရဲ့ ဖခင်ကြီလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိတိုင် အသုံးပြုနေရတဲ့ ဒေကားတ်ရဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ rectangular coordinate လို့ခေါ်တဲ့ Cartesian coordinate လည်း ဖြစ်ပါတယ်။ သူ့ရဲ့အမည် Descartes ကို ဂုဏ်ပြုပြီးမှည့်ခေါ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒေကားတ်ဟာ အမြဲ တွေးခေါ်နေတတ်သူ ဖြစ်ပြီး အိပ်ယာပေါ်လှဲရင်း တွေးခေါ်နေရာမှ နံရံပေါ်လျောက်သွားနေတဲ့ ယင်ကောင်တစ်ကောင်ကိုမြင်ပြီး ယင်ကောင်ရဲ့တည်နေရာအတိအကျကို အခြားသူအားပြန်ပြောနိူင်ရန် ကြိုးစားရာမှ Cartesian coordinate ကို ဖော်ထုတ်နိူင်ခဲ့တာလည်း ဖြစ်ပါတယ်။ Cartesian coordinate ပေါ်လာ တဲ့အခါမှာ တသီးတခြားစီရှိနေတဲ့ geometry နဲ့ algebra ကို ပေါင်းကူးတံတားထိုးနိူင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။

မှတ်စု

[ပြင်ဆင်ရန်]
  1. ဒေးကာ့၏ ဤအဆိုကို မြန်မာလို "ငါတွေး၍ ငါရှိသည်" ("I think, therefore I am") ဟု အကြမ်းဖျဉ်း ဘာသာပြန်နိုင်သော်လည်း မူရင်းသုံး လက်တင်ဘာသာဖြင့် ညွှန်းဆိုခြင်းမှာ ပိုမိုတွင်ကျယ်၍ ဤအဆို၏ အမည်ကို လက်တင်ဘာသာဖြင့်သာ ထားရှိခြင်းက ပိုမိုသင့်လျော်နိုင်သည်။ (ဤအဆိုကို ဒေးကာ့က ပြင်သစ်နှင့် လက်တင်နှစ်ဘာသာသုံး၍ ရေးခဲ့သည်။)
  2. မြန်မာလို "ပြီးပြည့်စုံသည့် အသိပညာဘာသာစကား" ဟု အကြမ်းဖျဉ်း ဘာသာပြန်နိုင်သော်လည်း ဤ mathesis universalis ဆိုသည်မှာ ဂရိနှင့် လက်တင်ပေါင်းစပ်ထားသည့် (လူအမည်၊ နေရာအမည်ကဲ့သို့) ပုဂ္ဂလနာမ်နီးပါးဖြစ်ရာ မူရင်းအတိုင်း ထားရှိခြင်းက မိုပိုသင့်လျော်နိုင်သည်။

အညွှန်း

[ပြင်ဆင်ရန်]
  1. Russell Shorto (2008)။ Descartes' Bones။ Doubleday။ see also The Louvre, Atlas Database
  2. Marenbon၊ John (2007)။ Medieval Philosophy: an historical and philosophical introduction။ Routledge။ p. 174။ ISBN 978-0-415-28113-3
  3. Étienne Gilson argued in La Liberté chez Descartes et la Théologie (Alcan, 1913, pp. 132–47) that Duns Scotus was not the source of Descartes' Voluntarism. Although there exist doctrinal differences between Descartes and Scotus "it is still possible to view Descartes as borrowing from a Scotist Voluntarist tradition" (see: John Schuster, Descartes-Agonistes: Physcio-mathematics, Method & Corpuscular-Mechanism 1618–33, Springer, 2012, p. 363, fn. 26).
  4. "Descartes" entry in Collins English Dictionary, HarperCollins Publishers, 1998.