ရိုးရိုးအစုသီအိုရီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရိုးရိုး အစုသီအိုရီ (naive set theory) ဆိုသည်မှာ (သင်္ချာပညာတွင် အဓိက အသုံးပြုသည့်) အစု (set) များကို ပုံစံတကျ ဖြစ်ရန် ကြိုးပမ်းသည့် ကနဦး သီအိုရီ ဖြစ်သည်။ သင်္ချာပညာ၏ အခြေခံအုတ်မြစ်ကို သင်္ချာယုတ္တိဗေဒနှင့် အစုသီအိုရီကို အသုံးပြု၍ ရှင်းလင်းခြင်း (reduction) ကို ဒီဒီကင် (Dedekind)ဖရီဂယ် (Frege) နှင့် ကန်တာ (Cantor) တို့ ဦးဆောင်၍ ၁၈၇၀ နှင် ၁၈၉၅ ကြားတွင် လုပ်ဆောင်ခဲ့ရာ ဤ ရိုးရိုး အစုသီအိုရီ ပေါ်ထွန်းခဲ့သည်။[၁] သို့သော် ဤသီအိုရီ အစပျိုးပြီး မကြာမီပင် ရပ်ဆဲလ် (Russell) အစရှိသူတို့က ၎င်းသီအိုရီတွင်း ရှေ့နောက်မညီမှု (paradox) များကို တွေ့ရှိလာရာ ဤသီအိုရီအစား ပိုမိုတိကျ စူးစိုက်သည့် အက်ဆီယမ်ကျကျ အစုသီအိုရီ (axiomatic set theory) များကို ထုတ်ဖော်သုံးစွဲလာရသည်။[၂]

ဤသို့ ပိုမိုတိကျသည့် အစုသီအိုရီများ ရှိသော်လည်း (သင်္ချာအုတ်မြစ် သုတေသီမဟုတ်သည့်) သင်္ချာပညာရှင် အများစုအတွက် နေ့စဉ် သုတေသန လုပ်ငန်များတွင် ရိုးရိုး အစုသီအိုရီကိုသာ အသုံးပြု စဉ်းစားနိုင်ပြီး၊ လိုအပ်ပါက မိမိတို့၏ သုတေသန လုပ်ငန်များတွင် ပိုမိုတိကျသည့် အစုသီအိုရီ သုံးနိုင်ကြောင်း သိထားလျှင်ပင် လုံလောက်သည်။ ဤရှုထောင့်မှ ကြည့်မြင်လျှင် ရိုးရိုး အစုသီအိုရီ ဆိုသည်မှာ အက်ဆီယမ်ကျကျ အစုသီအိုရီ၏ အများသုံး နိစ္စဓူဝမူကွဲ (version) ဖြစ်သည်။

အညွှန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  • Weisstein, Eric W., "Naive Set Theory", Math World -- A Wolfram Web Resource, Wolfram Research, Inc., retrieved February 1, 2015 
  • Weyl, Hermann (1946), "Mathematics and Logic", The American Mathematical Monthly 53 (No. 1): 2–13