ရိုဝန် အတ်ကင်ဆန်

ဝီကီပီးဒီးယား မှ
Rowan Atkinson
CBE
၂၀၁၁ စက်တင်ဘာ၊ ဂျွန်နီအင်္ဂလိပ် ပြန်လည်မွေးဖွားခြင်း ဇာတ်ကား ပွဲထွက်ပြသခြင်းတွင် တွေ့ရစဉ်။
မွေးအမည်Rowan Sebastian Atkinson
မွေးဖွား (1955-01-06) ၆ ဇန်နဝါရီ၊ ၁၉၅၅ (အသက် ၆၉)
Consett, County Durham, England
နယ်ပယ်
  • Stand-up comedy
  • television
  • film
ကျောင်းတော်
  • နယူးကာဆယ် တက္ကသိုလ်
  • ဘုရင်မကောလိပ်၊ အောက်စဖို့ဒ်
တက်ကြွခုနှစ်များ၁၉၇၈–လက်ရှိ
ကြင်ဖော်Sunetra Sastry (လက်ထပ် 1990; ကွာရှင်း 2015)
လုပ်ဖော်ကိုင်ဖက်Louise Ford
(၂၀၁၄–လက်ရှိ)[၁]
သားသမီး
ဆွေမျိုးRodney Atkinson (ညီအကို)

ရိုဝန် ဆီဘက်စ်တီယန် အတ်ကင်ဆန်[မှတ်စု ၁] (အင်္ဂလိပ်: Rowan Sebastian Atkinson) သည် အင်္ဂလိပ်လူမျိုး ရုပ်ရှင်မင်းသား၊ ဟာသသရုပ်ဆောင်၊ စာရေးဆရာတစ်ဦးဖြစ်၍ ၎င်း၏ ဟာသဇာတ်လမ်းများဖြစ်သော Blackadder (၁၉၈၃-၁၉၈၉) ၊ မစ္စတာဘီးန် (၁၉၉၀-၁၉၉၅) များဖြင့် လူသိအများဆုံးဖြစ်သည်။ အတ်ကင်ဆန်သည် ဘီဘီစီ၏ sketch comedy အစီအစဉ်ဖြစ်သည့် Not the Nine O'Clock News (၁၉၇၉-၁၉၈၂) တွင် စတင်လူသိများလာကာ ၁၉၈၁ ၌ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုအတွက် ဘတ်ဖ်တာဆု (BAFTA) ရရှိခဲ့သည်။ အခြားသော ပါဝင်ရိုက်ကူးခဲ့သည့် လက်ရာများမှာ ဂျိမ်းစ်ဘွန်းရုပ်ရှင် Never Say Never Again (၁၉၈၃)၊ Four Weddings and a Funeral (၁၉၈၄) ၊ The Lion King (၁၉၉၄) မှ ဇာဇူးဇာတ်ကောင်၊ Love Actually (၂၀၀၃) တို့ဖြစ်သည်။ ဘီဘီစီ၏ ဟာသဇာတ်လမ်းတွဲ The Thin Blue Line တွင်လည်းပါဝင် သရုပ်ဆောင်ခဲ့လေသည်။ ပြဇာတ်နယ်၌ ပါဝင်ခဲ့သည်မှာ Oliver! ကို ဝက်စ်အန့်ဒ်ဇာတ်ရုံ၌ တဖန်ပြန်လည်ပြုလုပ်သော ဂီတဇာတ် (၂၀၀၉) တွင်ဖြစ်၍ ဖာဂင်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်တင်ဆက်ခဲ့သည်။

အတ်ကင်ဆန်ကို The Observer သတင်းစာက ၂၀၀၇ တွင် အရယ်ရဆုံး ဗြိတိသျှ ဟာသသရုပ်ဆောင် ၅၀ တွင် တစ်ဦးအဖြစ် စာရင်းသွင်းသတ်မှတ်ခဲ့ကာ[၃] ၂၀၀၅ တွင်ပြုလုပ်သော ဟာသသရုပ်ဆောင်များ မဲပေးရွေးချယ်မှုတွင်လည်း ထိပ်တန်း ဟာသသရုပ်ဆောင် ၅၀ ထဲ၌ ပါဝင်ခဲ့သည်။[၄] ၎င်းကျင်လည်ကျက်စားခဲ့သော လုပ်ငန်းနယ်ပယ်တစ်လျှောက်တွင် ဇာတ်ညွှန်းဆရာ ရစ်ချဒ် ကားတစ် (Richard Curtis) ၊ တေးရေးသူ ဟောင်းဝါ့ဒ် ဂွတ်ဒယ်လ် (Howard Goodall) တို့နှင့် ပူးတွဲဆောင်ရွက်ခဲ့ပြီး ထိုနှစ်ဦးစလုံးသည် ၁၉၇၀ နှစ်များဆီက အောက်စဖို့ဒ်တက္ကသိုလ် ပြဇာတ်အဖွဲ့အစည်းတွင် တွေ့ဆုံခဲ့သူများလည်းဖြစ်သည်။

၁၉၈၁ ၌ ရရှိသော ဘတ်ဖ်တာဆုအပြင် အတ်ကင်ဆန်သည် အလစ်ဗီယေးဆု (Olivier Award) ကို ဝက်စ်အန့်ဒ်ဇာတ်ရုံ၌ ၎င်း၏ Rowan Atkinson in Revue မှ ဖျော်ဖြေတင်ဆက်မှုအတွက် ထိုနှစ်တွင်ပင် ရရှိခဲ့သည်။ ရုပ်ရှင်နယ်ပယ်အောင်မြင်မှုကို မစ္စတာဘီးန်ရုပ်ရှင် မှီငြမ်းပုံဖော်ရိုက်ကူးမှုများဖြစ်သော Bean (၁၉၉၇) ၊ Mr. Bean's Holiday (၂၀၀၇) ၊ Johnny English ရုပ်ရှင်ဇာတ်လမ်းတွဲများ (၂၀၀၃-၂၀၁၈) မှ ရရှိခဲ့၏ ။ ၂၀၁၆-၁၇ ထွက်ရှိသော Maigret ရုပ်သံတွဲတွင်လည်း ယူးလ် မဲဂရဲ (Jules Maigret) နေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၃ ဗြိတိသျှဘုရင်မ၏ မွေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ၎င်း၏ အနုပညာတင်ဆက်မှု၊ အလှူအတန်းများအတွက် CBE သူကောင်းဘွဲ့ရရှိခဲ့လေသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ပထမစာလုံး၏ အသံကို ဝမ်န် ဟု ထွက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Duncan၊ Amy။ "Rowan Atkinson is set to become a father for the third time at the age of 62"၊ 12 November 2017။ 
  2. "Rowan Atkinson"Front Row Interviews။ 8 January 2012။ BBC Radio 4 Extra18 January 2014 တွင် ပြန်စစ်ပြီး
  3. "The A-Z of laughter (part one)", The Observer, 7 December 2003. Retrieved 7 January 2007.
  4. "Cook voted 'comedians' comedian'"၊ BBC News၊ 2 January 2005။