ရိုဇယ် (အဆိုတော်)
ရိုဇယ်(ကိုရီးယား: 로제, အင်္ဂလိပ်: ROSÉ; အမည်ရင်း: ဘတ်ဂ် ချယ်-ယောင်း, အမည်ရင်း ကိုရီးယား: 박채영/朴彩英, အမည်ရင်း အင်္ဂလိပ်: Roseanne Park ရိုဇင် ဘတ်ဂ် MBE, ၁၁ ဖေဖော်ဝါရီ ၁၉၉၇ ~ )သည် တောင်ကိုရီးယားနိုင်ငံနှင့် နယူးဇီလန်နိုင်ငံသူ အဆိုတော်နှင့် ဒန်ဆာဖြစ်ပြီး မိန်းကလေး ကေ-ပေါ့ အဖွဲ့ BLACKPINK၏ အဖွဲ့ဝင်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ဖွားမြင်ခဲ့ပြီး အသက် ၇ နှစ်မှ စ၍ ဩစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ် မဲလ်ဘုန်းမြို့တွင် ကြီးပြင်းခဲ့သည်။ တောင်ကိုရီးယားနှင့် နယူးဇီလန် နှစ်နိုင်ငံ ပူးတွဲနိုင်ငံသားအဖြစ် ခံယူထားသည်။[၁][၂]
ရိုဇယ် | |
---|---|
![]() ၂၀၂၄ ရိုဇယ် | |
မွေးဖွား | ရိုဇင် ဘတ်ဂ် ဘတ်ဂ် ချယ်-ယောင်း ၁၁ ဖေဖော်ဝါရီ၊ ၁၉၉၇ ![]() |
အလုပ်အကိုင် | အဆိုတော်၊ ဒန်ဆာ |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၆ ~ |
ဇာတိ | ![]() |
ဂီတခရီးလမ်း | |
မူလတိုင်းပြည် | ![]() |
ဂီတဟန် | ကေ-ပေါ့ |
တူရိယာ | အဆို |
တေးသံသွင်း ကုမ္ပဏီ | |
ပူးတွဲ ပါဝင်မှု |
ဘတ်ဂ်ချယ်ယောင်း | |
---|---|
ဘတ်ဂ်ချယ်ယောင်း၏ လက်မှတ်![]() | |
အက္ခရာဖလှယ်ခြင်းများ | |
ဟန်ဂုလ်: | 박채영 |
ဟန်ဂျာ: | 朴彩英 |
အင်္ဂလိပ်: | Park Chaeyoung |
ROSÉ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
YouTube အချက်အလက် | |||||||||||||
တက်ကြွလှုပ်ရှား ခုနှစ်များ | ၂၀၂၁ ~ | ||||||||||||
စာရင်းသွင်းသူ အရေအတွက် | ၁.၄၈ ကုဋေ ဦး | ||||||||||||
ကြည့်ရှုမှု စုစုပေါင်း | ၁,၉၉.၄၈ ကုဋေ ခု | ||||||||||||
| |||||||||||||
နောက်ဆုံး အခြေအနေ: ၃၁ ဒီဇင်ဘာ ၂၀၂၄ |
ဘဝနှင့် သက်မွေးဝမ်းကျောင်း
[ပြင်ဆင်ရန်]1997–2015: Early life and career
[ပြင်ဆင်ရန်]ရိုဇန် ပက်ခ် (ကိုရီးယား: 박채영; ပက်ခ် ချယ်ယောင်း) ကို ဖေဖော်ဝါရီလ (၁၁)ရက် ၁၉၉၇ ၌[၅] [၆] တောင်ကိုရီးယားမှ ပြောင်းရွှေ့လာသော မိဘများမှ အော့ကလန် [၇]၊နယူးဇီလန်တွင် မွေးဖွားခဲ့သည်။ သူမတွင် အမတစ်ယောက် ရှိသည်။ ၂၀၀၄ ခုနှစ်၊ အသက်(၇)နှစ်အရွယ်တွင် ရိုဇယ်နှင့် သူမ၏မိသားစုသည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ သို့ပြောင်းရွှေ့ခဲ့သည်။ [၈] ရိုဇယ်သည် မဲလ်ဘုန်းမြို့ရှိ Canterbury Girls 'Secondary College တွင်တက်ရောက်ခဲ့သည်။ [၉] သူမသည် ကလေးဘဝကတည်းက သီချင်းသီဆိုခြင်း၊ ဂစ်တာနှင့်စန္ဒရားတီးခြင်းများကို သင်ယူခဲ့ပြီး ဘုရားရှိခိုးကျောင်းများတွင် သီဆိုဖျော်ဖြေလေ့ရှိသည်။
2012 ခုနှစ်တွင် အသက် 15 နှစ်အရွယ် ရိုဇယ်သည် တောင်ကိုရီးယားနိုင်ငံမှ YG Entertainment ၏ ဩစတေးလျနိုင်ငံတွင် ပြုလုပ်ခဲ့သော အရည်အချင်းစစ်ပြိုင်ပွဲကို သူမအဖေ၏ အကြံပြုချက် [၈]ကြောင့် ဝင်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်သူ (၇၀၀) အနက် အဆင့်(၁)ဆွတ်ခူးနိုင်ခဲ့သည်။ [၁၀] [၁၁] နှစ်လအတွင်းတွင် သူမသည် YG Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဆိုးလ် သို့ပြောင်းရွှေ့ခဲ့သည်။ [၉] ရိုဇယ်သည် အစောပိုင်းတွင် သူမအဖေ၏အကြံအစည်ကို အလှမ်းဝေးကွာမှု၊ နိုင်ငံရပ်ခြားတွင် အဆိုတော်ဖြစ်ရန် ခက်ခဲမှုတို့ကြောင့် ဟာသအဖြစ်သာ ထင်မြင်ခဲ့ကြောင်း အောက်ပါအတိုင်း ပြောကြားခဲ့သည်။ ဩစတေးလျမှာတုန်းက ကျွန်မအနေနဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့... အထူးသဖြင့် ကေပေါ့(ပ်)လောကမှာ ထင်ပေါ်ကျော်ကြားလာဖို့ အခွင့်အရေးအများကြီးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ကျွန်မဟာ ဒီလိုဖြစ်လာဖို့ အခွင့်အလမ်း တကယ်ကိုနည်းပါးပြီး အလှမ်းဝေးကွာလှတဲ့နိုင်ငံမှာ နေထိုင်ခဲ့ရတာပါ။ [၉] ထိုနှစ်တွင်ပင် ရိုဇယ်သည် YG Entertainment မှ G-Dragon ၏ EP One of a Kind (2012) အယ်လ်ဘမ်မှ "Without You" သီချင်းတွင် ပါဝင်ခွင့်ရခဲ့သည်။ သီချင်းထွက်ရှိချိန်နှင့် တချိန်တည်းတွင် Blackpink အဖွဲ့ဝင်အဖြစ်ကြေညာချက်ထွက်လာပြီး စာချုပ်အရ သီချင်းတွင် သူမ၏အမည်ကိုလူသိရှင်ကြားမထုတ်ပြန်ခဲ့ပါ။ [၁၂] ထိုသီချင်းသည် တောင်ကိုရီးယား၏ Gaon Music Chart တွင်နံပါတ် (၁၀) နှင့် <i id="mwSQ">Billboard Korea</i> K-pop Hot 100 တွင်နံပါတ် (၁၅) နေရာတွင် ရပ်တည်နိုငခဲ့သည်။ [၁၃] [၁၄]
2016–present: Debut with Blackpink
[ပြင်ဆင်ရန်]ရိုဇယ်သည် ၂၀၁၆ ဇွန်လတွင် Blackpink အဖွဲ့ဝင်အဖြစ် ကြေညာခြင်းမခံရမီ YG Entertainment တွင် (၄)နှစ်ကြာ လေ့ကျင့်ခဲ့သည်။ သူမသည် အဖွဲ့ဝင်(၄)ဦးအနက် နောက်ဆုံးဝင်ရောက်လာသော အဖွဲ့ဝင်ဖြစ်သည်။ [၁၅] Blackpink အဖွဲ့သည် ၂၀၁၆ ဩဂုတ်လတွင် single album Square One ကို စတင်မိတ်ဆက်ခဲ့ပြီး ထိုအယ်လ်ဘမ်တွင် "Whistle" နှင့် "Boombayah" တို့ ပါဝင်သည်။[၁၆]
အဆိုတော်ရိုဇယ်သည် ဂီတပြပွဲများဖြစ်သော King of Masked Singer နှင့် Fantastic Duo 2 ကဲ့သို့ အသံလွှင့်အစီအစဉ်များတွင်လည်း ဖျော်ဖြေခဲ့သည်။ King of Masked Singer မှ သူမ၏ အသံပိုင်း စွမ်းဆောင်ရည်ကို ပရိသတ်အကြိုက်တွေ့ခဲ့ကြပြီး ရိုဇယ် က"(သူမရဲ့)သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေ နှစ်သက်သဘောကျလိမ့်မယ်ဆိုတာကို မသိခဲ့ပါဘူး(မကြိုက်မှာ စိုးရိမ်နေခဲ့ရပါတယ်)၊ ကောင်းမွန်တဲ့ရလဒ်ထွက်ရှိလာတဲ့အခါမှာတော့ ပျော်ရွှင်ပြီးစိတ်သက်သာရာရသွားပါတယ်" ဟု ပြောကြားခဲ့သည်။[၇] နောက်ပိုင်းတွင် ရိုဇယ်သည် Fantastic Duo ၏ ဒုတိယရာသီတွင်လည်း ဖျော်ဖြေသူတစ်ဦးအဖြစ် တွေ့မြင်ခဲ့ရသည်။ ရှိုးပွဲ ထုတ်လုပ်သူက ရိုဇယ်၏ အသံစွမ်းရည်ကို ပြသရန်ရည်ရွယ်ခဲ့ပြီး Blackpink အဖွဲ့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ [၁၇] ၂၀၂၀၊ ဇွန်လ (၂) ရက်တွင် YG Entertainment က Blackpink ၏ပထမဆုံးအယ်လ်ဘမ်အပြည့်အစုံထွက်ပေါ်ပြီးနောက်တွင် လီဆာ၊ ဂျီဆူး၊ ရိုဇယ်တို့၏ Solo Track ကို မိတ်ဆက်နိုင်ဖွယ်ရှိသည်ဟု ၂၀၂၀၊ ဇွန်လ(၂) ရက်တွင် ကြေညာခဲ့သည်။[၁၈]
အနုပညာ
[ပြင်ဆင်ရန်]ရိုဇယ်သည် Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီးနောက် သူမ၏ ထူးခြားဆန်းသစ်သောအသံစွမ်းဆောင်ရည်အပေါ် ကေပေါ့ပ်အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။[၁၉] Fantastic Duo 2 ၏ အပိုင်းတစ်ခုတွင် ရိုဇယ်ပါဝင်ဖျော်ဖြေပြီးနောက် ဂီတဆိုင်ရာစံပြပုဂ္ဂိုလ်အဖြစ် ရိုဇယ်မှသတ်မှတ်ထားသော Gummy[၁၇]က"[ရိုဇယ်ရဲ့] အသံဟာ ထူးခြားပါတယ်။ ဒါဟာ လူငယ်တွေ နှစ်ခြိုက်လေ့ရှိတဲ့ အသံမျိုးပါပဲ" ဟု ပြောကြားခဲ့သည်။
ရေဒီယိုအင်တာဗျူးတစ်ခုတွင် ရိုဇယ်သည် Big Bang အဖွဲ့မှ Taeyang ကိုသူမ၏ဂီတလမ်းကြောင်းအတွက် စံပြပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ [၂၀] ရိုဇယ်သည် အမေရိကန်အဆိုတော် Tori Kelly သည်လည်း သူမ၏ သီဆိုမှုကို အားတက်စေသည်ဟု ယူဆသည်။
Other ventures
[ပြင်ဆင်ရန်]Endorsements
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ်တွင် ရိုဇယ်နှင့် Blackpink အဖွဲ့ဝင် ဂျီဆူး တို့သည် တောင်ကိုရီးယားအလှကုန်အမှတ်တံဆိပ် Kiss Me အတွက် မော်ဒယ်များအဖြစ်ရွေးချယ်ခံခဲ့ရသည်။ [၂၁]၂၀၁၉ အောက်တိုဘာတွင် ရိုဇယ်သည် Perfect World Entertainment ၏ MMORPG (Perfect World Mobile)ဂိမ်းအတွက် ပရိုမိုးရှင်းမော်ဒယ်ဖြစ်လာခဲ့သည်။[၂၂] ၂၀၂၀ ခုနှစ်တွင် Anthony Vaccarello က Yves Saint Laurent အတွက် Global Ambassador အဖြစ် ရိုဇယ်အား ခန့်အပ်ခဲ့သည်။ [၂၃]
ဩဇာလွှမ်းမိုးမှု
[ပြင်ဆင်ရန်]၂၀၂၀ ဧပြီလတွင် ရိုဇယ်သည် အင်စတာဂရမ် ၌ Follower အများဆုံး 50.4 သန်းကျော်နှင့်အတူ စတ္ထုမြောက် Follower အများဆုံး K-pop Idol ဖြစ်လာခဲ့သည်။ [၂၄] ရိုဇယ်သည် ကိုရီးယားနာမည်ကျော်များအား အွန်လိုင်းရှာဖွေမှုနှင့် Engagement အများဆုံးတို့ကို လေ့လာသော ကိုရီးယားနိုင်ငံ စီးပွားရေးလုပ်ငန်းများသုတေသနဌာန၏ အမျိုးသမီးနာမည်ကျော်များစာရင်းတွင် ၂၀၁၈ ခုနှစ်မှစတင်၍ ပါဝင်လာခဲ့သည်။[၂၅]ထိုစာရင်းတွင် သူမသည် အဆင့်(၁၀)အတွင်းသို့လည်း ရောက်ရှိနေပြီဖြစ်သည်။[၂၆]
Discography
[ပြင်ဆင်ရန်]
As featured artist
[ပြင်ဆင်ရန်]Title | Year | Peak chart positions | Sales | Album | |
---|---|---|---|---|---|
KOR | |||||
<small id="mwqQ">Gaon</small> [၁၃] |
<small id="mwrw">Hot</small> [၁၄] | ||||
"Without You" (결국; Gyeolguk) (G-Dragon feat. Rosé)[မှတ်စု ၁] |
2012 | 10 | 15 |
|
One of a Kind |
ရုပ်ရှင်ဇာတ်ကား
[ပြင်ဆင်ရန်]ရုပ်မြင်သံကြား
[ပြင်ဆင်ရန်]Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2017 | King of Mask Singer | MBC | Contestant "Circus Girl" | Episodes 103–104 | [၂၈] |
Fantastic Duo | SBS | Contestant "Australia 400:1" | Season 2, Episodes 19–20 | [၂၉] |
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ New Zealand Citizenship (III) (in Korean)။ 8 July 2018 တွင် ပြန်စစ်ပြီး။
- ↑ "Amendment Allowing Dual Citizenship"၊ Segye Ilbo။
- ↑ Herman၊ Tamar။ "BLACKPINK Sign With Interscope Records & UMG in Global Partnership With YG Entertainment: Exclusive"၊ ဘီလ်ဘုတ်၊ 22 October 2018။
- ↑ BLACKPINK・ロゼ、個人YouTube開設にファン歓喜 幼少期の映像も公開။ モデルプレス編集部 (2021-03-18)။ 2023-01-12 တွင် ပြန်စစ်ပြီး။
- ↑ BLΛƆKPIИK on Instagram: "#BLACKPINK #블랙핑크 #ROSÉ #로제 #HAPPYBIRTHDAY #2018_02_11 #YG" (in en)။
- ↑ HAPPY BIRTHDAY ROSÉ#BLACKPINK #블랙핑크#2018_02_11 #HBD #로제pic.twitter.com/AJEnRLeSyD (in en)။
- ↑ ၇.၀ ၇.၁ "Rose from Blackpink – New Zealand-born K-pop singer with the unique voice and difficult dance moves"။
- ↑ ၈.၀ ၈.၁ "BlackPink's Rose: How a joke turned into K-pop stardom for an Australian singer"။
- ↑ ၉.၀ ၉.၁ ၉.၂ "4 things to know about K-pop star Rose, BLACKPINK's high-note singer"။
- ↑ Moon၊ Kat။ "Everything to Know About K-Pop Group BLACKPINK"၊ Time၊ 4 April 2019။ 31 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Ji၊ Seung-hoon။ "[Y기획②멤버를 알면 '진짜' 블랙핑크가 보인다]"၊ YTN၊ 7 July 2018။ 28 May 2019 တွင် ပြန်စစ်ပြီး။
- ↑ "블랙핑크, 지난 6년의 데뷔사" (in ko)။ 28 May 2019 တွင် ပြန်စစ်ပြီး။
- ↑ ၁၃.၀ ၁၃.၁ 2012년 39주차 Digital Chart (in ko)။ Gaon Music Chart။ 28 May 2019 တွင် ပြန်စစ်ပြီး။
- ↑ ၁၄.၀ ၁၄.၁ G-Dragon Korea K-Pop Hot 100 Chart History။ 25 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Sung၊ Mi-kyung။ "YG, 새 걸그룹 네번째 멤버 로제 공개..호주 출신 실력파..'강렬'" (in ko)၊ Osen၊ 22 June 2016။ 28 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Benjamin၊ Jeff။ "Blackpink's Major Debut: New K-Pop Girl Group Lands No. 1 & 2 on World Digital Songs Chart"၊ Billboard၊ 16 August 2016။ 30 May 2019 တွင် ပြန်စစ်ပြီး။
- ↑ ၁၇.၀ ၁၇.၁ Park၊ Chan-soo။ "[Oh!쎈 컷'판듀2' 로제 "YG오디션, 400:1 경쟁 뚫고 합격"]"၊ Osen၊ 4 August 2017။ 29 May 2019 တွင် ပြန်စစ်ပြီး။
- ↑ "YG, "ROSÉ·LISA·JISOO Will Release Solo Tracks… Will Start Releasing in Sequential Order After the Release of BLACKPINK's Full-Length Album in September""၊ June 2, 2020။ 4 June 2020 တွင် ပြန်စစ်ပြီး။
- ↑ Lee၊ So-dam (22 November 2017)။ [화보 블랙핑크 로제 "목소리 특이한 줄 몰랐다..선물 받은 기분"] (in ko)။ Osen။ 29 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Cho၊ Eun-sol။ "<강타의 별이 빛나는 밤에> 블랙핑크의 음색 대통령, 로제의 롤모델은 누구!?"၊ imbc၊ 29 June 2017။ 13 June 2020 တွင် ပြန်စစ်ပြီး။
- ↑ "블랙핑크 지수X로제, 메이크업 브랜드 모델 발탁..트렌디 매력UP" (in ko)၊ 27 September 2018။
- ↑ Blackpink's Rosé revealed as the face of MMORPG Perfect World (in en-US) (2019-10-20)။
- ↑ "Blackpink's Rosé Is A Saint Laurent Ambassador For A New Era"၊ 3 July 2020။
- ↑ "Top 10 Kpop Idols on Instagram – Best of 2020"၊ Seoulz၊ 8 April 2020။ 12 July 2020 တွင် ပြန်စစ်ပြီး။
- ↑ [브랜드평판 걸그룹 개인 브랜드 2018년 8월 빅데이터 분석결과...1위 레드벨벳 슬기, 2위 블랙핑크 제니, 3위 마마무…] (in ko)။ Korean Business Research Institute (19 August 2018)။ 5 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2019 တွင် ပြန်စစ်ပြီး။
- ↑ [브랜드평판 걸그룹 개인 브랜드 2019년 2월 빅데이터 분석결과...1위 블랙핑크 제니, 2위 여자친구 소원, 3위 트와이…] (in ko)။ Korean Business Research Institute (17 February 2019)။ 31 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2019 တွင် ပြန်စစ်ပြီး။
- ↑ ၂၇.၀ ၂၇.၁ Gaon Download Chart of 2012။ 29 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Jo၊ Hae-jin။ "'복면가왕' 블랙핑크 로제, 엄마 언급에 눈물 왈칵 "자랑스러운 딸 되겠다"" (in ko)၊ ENews24၊ 26 March 2017။ 29 May 2019 တွင် ပြန်စစ်ပြီး။
- ↑ Park၊ Chan-soo။ "[Oh!쎈 컷'판듀2' 로제 "YG오디션, 400:1 경쟁 뚫고 합격"]" (in ko)၊ Osen၊ 4 August 2017။ 29 May 2019 တွင် ပြန်စစ်ပြီး။
ပြင်ပ လင့်ခ်များ
[ပြင်ဆင်ရန်]- Blackpink ၏တရားဝင်ဝက်ဘ်ဆိုက်
- Blackpink ၏ ဖေ့စ်ဘုတ်စာမျက်နှာ
- Rose ၏ Instagram