ရာပြည့်စာအုပ်တိုက်

ဝီကီပီးဒီးယား မှ

ရာပြည့်စာအုပ်တိုက်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စာပေဖြန့်ချိရေး စာအုပ်တိုက်တစ်ခု ဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

၁၉၉၅ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် ရာပြည့်စာအုပ် အမှတ် ၁ ဖြစ်သော မောင်ပေါ်ထွန်းကမ္ဘာ့အအောင်မြင်ဆုံး  စီးပွားရေး သူရဲကောင်းများ ထွက်ရှိခဲ့သည့်အတွက် ထိုရက်ကို ရာပြည့်စာအုပ်တိုက် တရားဝင် ထူထောင်သည့် နေ့ရက်အဖြစ် သတ်မှတ်ထားသည်။ ဘုရားရင်ပြင်ရှိ ခေါင်းလောင်းပုံကို စာအုပ်တိုက် အမှတ်တံဆိပ်အဖြစ် ယူထားသည်။

စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်၍၊ တစ်လ နှစ်အုပ်နှုန်း ထုတ်ဝေရန်၊ နှစ် ပတ်လည်တိုင်းတွင် အထူးထုတ် စာအုပ်ထုတ်၍ ခေတ်ဟောင်း ခေတ်သစ် ဂန္ထဝင် မြောက်သည့်  မြန်မာနှင့် ကမ္ဘာစာပေ များရှိ ဝတ္တုတို၊ ဝတ္တုရှည်၊ အတ္ထုပ္ပတ္တိ၊ သမိုင်း၊ ဘာသာရေး၊ ပရဟိတ၊ စိတ်ပညာ နှင့် စိတ်ဓာတ်ခွန်အား စာများကို ဦးစားပေးထုတ်ဝေ၍၊ စာအုပ် ၁ဝဝ ပြည့်တိုင်း ရာပြည့် အထိမ်းအမှတ်ပွဲများ  ကျင်းပခဲ့သည်။ မြန်မာစာပေလောကအတွင်းသို့ ကမ္ဘာ့ဂန္ထဝင် စာပေများကို စွမ်းသမျှ ထည့်ဝင်နိုင်ရန် ဦးတည် လှုပ်ရှားခဲ့သည်။ တိုင်းပြည်အတွင်း ရှိသင့်သည်ထင်သည့် အစာအုပ်များကိုလည်း အကျိုးအမြတ် ပဓာန မထားဘဲ ထုတ်ဝေခဲ့သည်။ စက္ကူကောင်းကောင်း ပုံနှိပ်အရည်အသွေးမြင့်မြင့်၊ ချုပ်လုပ်မှု  အဆင့်အတန်းရှိရှိ၊ ပုံနှိပ် အမှားနည်းနည်း နှင့် စာအုပ်ကောင်းများဖြစ်ရန် ဆောင်ရွက်လျက်ရှိသည်။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

ရာပြည့် စာအုပ်တိုက်၏ ဆောင်ပုဒ်မှာ အရည်အသွေးဖြင့်  ဘဝ တည်ဆောက်ဖို့ စာအုပ်ထဲမှာ ဖွေရှာစို့ ဖြစ်သည်။

အကိုးအကား[ပြင်ဆင်ရန်]