ရာဇပုတ္တတက္ကသိုလ်
ပုံပန်းသွင်ပြင်
| ရာဇပုတ္တတက္ကသိုလ် | |
| Rajabhat University system | |
| มหาวิทยาลัยราชภัฏ | |
|
| |
| တည်နေရာ | ထိုင်းနိုင်ငံ |
ရာဇဘတ် ခေါ် ရာဇပုတ္ထတက္ကသိုလ်များ (Rajabhat University; အတိုကောက်: RU) သည် ထိုင်းနိုင်ငံ၏ ဗဟိုနှင့် ဒေသအသီးသီးတွင် တည်ထောင်ခဲ့သော ဆရာအတတ်သင်ကျောင်းများမှ တိုးတက်ပြောင်းလဲလာသည့် တက္ကသိုလ်အုပ်စုဖြစ်သည်။ နောင်တွင် ဆရာအတတ်သင်ကောလိပ်များအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ဘုရင်ဘူမိဗလအတုလျတေဇက တက္ကသိုလ်အမည်အဖြစ် "ရာဇဘတ်" ဟူသော ဘွဲ့တော်ကို ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်၏ အမှတ်တံဆိပ်အဖြစ် ဘုရင့်တံဆိပ်တော်ကိုလည်း ပေးသနားခဲ့သည်။ လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်းတွင် ရာဇဘတ်တက္ကသိုလ် (၃၈) ခု တည်ရှိသည်။