ဝီလျံ ရမ္မဆေး

ဝီကီပီးဒီးယား မှ
(ရမ္မဆေး၊ ဆာဝီလျံ မှ ပြန်ညွှန်းထားသည်)
Sir William Ramsay
မွေးဖွား(1852-10-02)၂ အောက်တိုဘာ၊ ၁၈၅၂
Glasgow, Scotland
ဆုံးပါး၂၃ ဇူလိုင်၊ ၁၉၁၆(1916-07-23) (အသက် ၆၃)
High Wycombe, Buckinghamshire, England
နိုင်ငံလူမျိုးScottish
နယ်ပယ်ဓာတုဗေဒ
အဖွဲ့အစည်းဌာနUniversity of Glasgow (1874–80)
University College, Bristol (1880–87)
University College London (1887–1913)
မိခင်ကျောင်းUniversity of Glasgow (1866–9)
Anderson's Institution, Glasgow (1869)[၁]
University of Tübingen (PhD 1873)
ပါရဂူဘွဲ့ ကြီးကြပ်သူWilhelm Rudolph Fittig
ပါရဂူဘွဲ့ယူ တပည့်များEdward Charles Cyril Baly
James Johnston Dobbie
Jaroslav Heyrovský
Otto Hahn
ကျော်ကြားမှုအရင်းခံNoble gases
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များLeconte Prize (1895)
Barnard Medal for Meritorious Service to Science (1895)
Davy Medal (1895)
ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု (1904)
Matteucci Medal (1907)
Elliott Cresson Medal (1913)

ဗြိတိသျှလူမျိုး ဓာတုဗေဒပညာရှင် ဆာဝီလျံရမ္မဆေးသည် ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် စကော့တလန် ပြည် ဂလပ်စဂိုးမြို့၌ ဖွားမြင်သည်။ ဂလပ်စဂိုးမြို့နှင့် ဂျာမဏီ နိုင်ငံတွင် ပညာသင်ကြားခဲ့သည်။ ၁၈၈၁ ခုနှစ်မှ ၁၈၈၇ ခုနှစ် အထိ ဗရစ္စတိုတက္ကသိုလ်တွင် ကျောင်းအုပ်ကြီး အဖြစ် ဆောင် ရွက်ခဲ့သည်။ တစ်ဖန် ၁၈၈၇ ခုနှစ်မှ ၁၉၁၂ ခုနှစ်အထိ လန်ဒန် တက္ကသိုလ်တွင် ဓာတုဗေဒပါမောက္ခအဖြစ် အမှုထမ်းသည်။ ဝီလျံ ရမ္မဆေးသည် ဓာတုဗေဒ ပညာ၌ ထူးချွန်သည်။ ၁၈၉၄ ခုနှစ် မတိုင်မီက လေထဲ၌ အောက်ဆီဂျင်နှင့် နိုက် ထရိုဂျင် ဓာတ်ငွေ့နှစ်မျိုးတည်းသာ ပါရှိသည်ဟု လူများက သိကြ၏။ ၁၈၉၄ ခုနှစ်တွင် ဝီလျံရမ္မဆေးသည် လော့ရေးလီနှင့် အတူ လေထဲ၌ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အပြင် အခြား ဓာတ်ငွေ့သစ်တစ်မျိုးလည်း ပါဝင်ကြောင်း ရှာဖွေတွေ့ရှိလေ သည်။ ထိုဓာတ်ငွေ့သစ်ကို အားဂွန်ဟု အမည်ပေးသည်။ ရမ္မဆေးသည် အားဂွန်အပြင် အခြားဓာတ်ငွေ့သစ် လေးမျိုးကို လည်း ရှာဖွေတွေ့ရှိခဲ့ရာ ယင်းတို့မှာ ဟီလီယမ်နီယွန်ကရစ် ပတွန်နှင့် ဇီနွန်တို့ဖြစ်သည်။


ထိုကဲ့သို့ သိပ္ပံပညာ၌ ထူးချွန်သောကြောင့် ဝီလျံ ရမ္မဆေး သည် ၁၉ဝ၂ ခုနှစ်တွင် ဆာဘွဲ့ချီးမြှင့်၍ သူကောင်းပြုခြင်း ခံရသည့်အပြင် ၁၉ဝ၄ ခုနှစ်တွင် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ကိုလည်း ဆွတ်ခူးရရှိခဲ့လေသည်။ ဆာ ဝီလျံ ရမ္မဆေးသည် ၁၉၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွယ်လွန်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Thorburn Burns, D. (2011). "Robert Rattray Tatlock (1837–1934), Public Analyst for Glasgow". Journal of the Association of Public Analysts 39: 38–43. Retrieved on 25 November 2011. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)