ရတ်နို မာဆုဒီ
ရတ်နို မာဆုဒီ Retno Marsudi | |
---|---|
၁၇ဦးမြောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၇ အောက်တိုဘာ ၂၀၁၄ | |
သမ္မတ | ဂျိုကို ဝီဒိုဒို |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Retno Lestari Priansari ၂၇ နိုဝင်ဘာ၊ ၁၉၆၂ အင်ဒိုနီးရှားနိုင်ငံ |
ရတ်နို မာဆုဒီသည် အင်ဒိုနီးရှားနိုင်ငံ၏ ၁၇ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ကာ ပထမဦးဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။[၁]ယခင်က နယ်သာလန်၊အိုင်ယာလန်၊နော်ဝေ စသည့်နိုင်ငံများအတွက် အင်ဒိုနီးရှားနိုင်ငံ၏ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။[၂]
၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးနောက် ရတ်နို မာဆုဒီသည် မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းခဲ့သည့်ကိစ္စနှင့်ပက်သက်၍ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင် ဘရူနိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ထိရောက်စွာမဖော်ဆောင်နိုင်ခဲ့သည့် မြန်မာ့အရေးအတွက် ၎င်းအနေဖြင့် တက်ကြွစွာ လှုပ်ရှားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းကာ ၎င်းကိုယ်တိုင် ဦးဆောင်မည်ဟု ၂၀၂၃ခုနှစ် နှစ်ဦးပိုင်းတွင် ပြောကြားခဲ့သည်။[၃]
ဘဝအစနှင့် ပညာရေး
[ပြင်ဆင်ရန်]ဆီမာရန်းမြို့တွင် မွေးဖွားခဲ့သည်။၁၉၈၅ခုနှစ်တွင် ဂါဒတ်ချ်မဒါ တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ထို့နောက် ဟိတ်မြို့ရှိ တက္ကသိုလ်မှ ဘွဲ့လွန်ဘွဲ့ ရရှိခဲ့သည်။
သံတမန်ဘဝ
[ပြင်ဆင်ရန်]၁၉၉၇မှ ၂၀၀၁ခုနှစ်အတွင်း နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ အင်ဒိုနီးရှား သံရုံးတွင် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် နော်ဝေနှင့် အိုင်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။၂၀၁၂တွင် နယ်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု
[ပြင်ဆင်ရန်]၂၀၁၄ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့တွင် သမ္မတ ဂျိုကို ဝီဒိုဒိုက သူ၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ [၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Joko Widodo appoints Indonesia's first female foreign minister, Retno Marsudi"။
- ↑ "Ambassador Retno Marsudi to Strengthen Indonesia-Netherlands Special Ties"၊ Embassy of the Republic of Indonesia, The Hague၊ 2012-01-13။ 24 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 17 September 2016။
- ↑ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုပုံစံအသစ် (2021-04-24)။
- ↑ Delapan "Srikandi" di Kabinet Kerja Diapresiasi။