ဆီမာရန်းမြို့
![](http://upload.wikimedia.org/wikipedia/commons/thumb/4/41/Semarang_Montage.jpg/220px-Semarang_Montage.jpg)
ဆီမာရန်းမြို့ သည် အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျားဗားပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဒတ်ချ်ကိုလိုနီခေတ်က အဓိက ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် အရေးပါသော ဒေသတွင်း ဗဟိုဌာနနှင့် ဆိပ်ကမ်းမြို့ ဖြစ်နေသေးသည်။ အာဆီယံ သန့်ရှင်းသော ကမ္ဘာလှည့်ခရီးသွားမြို့စံနှုန်း အဖွဲ့က အရှေ့တောင်အာရှရှိ အသန့်ရှင်းဆုံး ကမ္ဘာလှည့်ခရီးသွားမြို့အဖြစ် ၂၀၂၀ မှ ၂၀၂၂ အထိ သတ်မှတ် ကြေညာခဲ့သည်။[၁]
ဧရိယာအကျယ်အဝန်း ၃၇၃.၇၈ စတုရန်း ကီလိုမီတာ (၁၄၄.၃၂ စတုရန်းမိုင်) မျှ ရှိပြီး မြို့တော်၏ လူဦးရေမှာ ခန့်မှန်းခြေ အားဖြင့် ၁.၈ သန်း ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သတ္တမမြောက် လူဦးရေအများဆုံး မြို့ ဖြစ်ကာ[၂] ဂျကာတာမြို့၊ဆူရာဘာယားမြို့၊ ဘန်ဒေါင်းမြို့၊ဘီကာစီမြို့၊မယ်ဒန်မြို့ နှင့် တန်ဂီရန်းမြို့ တို့ နောက်မှ လိုက်သည်။ ၂၀၁၀ ခုနှစ် လူဦးရေစာရင်းအရ မြို့ပြဒေသတွင် နေထိုင်သူ ၃,၁၈၃,၅၁၆ ဦး ရှိပြီး မြို့နှစ်မြို့ နှင့် ခရိုင် ၂၆ ခု ပါဝင်သည်။[၃] ဆီမာရန်း မက်ထရိုပိုလစ်တန်ဒေသ တွင် လူဦးရေ ၆ သန်းခန့် ရှိသည်။ မြို့တော်၏ လူဦးရေမှာ ဂျားဗားလူမျိုးများ အများစု ဖြစ်ပြီး များပြားလှစွာသော တရုတ်လူမျိုးများလည်း ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Semarang named cleanest tourist destination in Southeast Asia"။ 20 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Jumlah Penduduk Kota Semarang (in id)။ Dinas Kependudukan dan Pencatatan Sipil Kota Semarang (October 2015)။ 7 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 December 2016 တွင် ပြန်စစ်ပြီး။
- ↑ Indonesia: Java (Regencies, Cities and Districts) – Population Statistics, Charts and Map။