ရစ်ရင်မဲ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရစ်ရင်မဲကို ပါဏဗေဒအလိုအရ လိုဖူရာ အစ်ဂနီတာ ဟု ခေါ်သည်။ ရစ်ရင်မဲအဖိုသည် အလျား ၂၇ လက်မ မှ ၂၉ လက်မထိရှိ၍ အမ၏ အလျားမှာ ၂၃ လက်မမှ ၂၄ လက်မ အထိ ရှိသည်။ အဖိုနှင့်အမ နှစ်မျိုးစလုံးတွင် ပါးပျဉ်းပြာများ ရှိပြီးလျှင် အမောက်အနေနှင့် ထောင်လျက်ရှိသော အမွှေးစုတ် ဖွားများရှိသည်။ ရစ်ရင်မဲဟုခေါ်ခြင်းမှာ အဖို၏ ကျောဘက် အောက်ပိုင်းနှင့် တင်ပါးတို့တွင် အနီရင့်ရောင် ရှိနေခြင်းကြောင့် ဖြစ်သည်။


အဖို၏ တွန်သံကို မည်သည့်အခါတွင်မျှ မကြားရချေ။ တွန်လည်းမတွန်ဟု ထင်ရသည်။ လန့်သောအခါတွင် ရစ်ရင်မဲ အဖိုနှင့်အမတို့သည် ချုကွန်း ချုကွန်း ဟု ထူးခြားသည့် စူးရှ သံဖြင့် အော်လေ့ရှိကြသည်။ အဖိုများသည် ယင်းတို့၏ အတောင်များကို အစဉ်ရိုက်ခတ်၍ အသံပေးလေ့ရှိကြသည်။ ထိုအတောင်ခတ်သံသည် တုတ်ချောင်းငယ်တစ်ခု၏ ထိပ်တွင် အဝတ်စ မာမာတစ်ခုကို ကန့်လန့်ဖြတ်၍ လက်ဝါး နှစ်ဘက် ဖြင့် ထိုတုတ်ချောင်းကို လျင်မြန်စွာ လှည့်သောအခါတွင် ဖြစ် ပေါ်လာသည့် အသံနှင့်တူသည်။ ထိုအသံမျိုးကို ကြားရခြင်းဖြင့် ရစ်ရင်မဲအုပ်စုမည်သည့်နေရာတွင်ရှိကြောင်းကို သိနိုင်လေသည်။


ရစ်ရင်မဲများ သည် ငါးကောင် ခြောက်ကောင်စုကာ ထူထပ် သည့် အမြဲစိမ်းတောများတွင် နေထိုင်ကြသည်။ ထိုအုပ်စုတွင် အဖိုတစ်ကောင်သာ ရှိ၍ ကျန်ရစ်ရင်မဲများမှာ အမများ ဖြစ် တတ်ကြသည်။ သို့သော် တစ်ခါတစ်ရံ ရစ်ရင်မဲ အဖိုနှစ်ကောင် ရှိသည်ကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံတွင်လည်း ရစ်ရင်မဲ အဖိုချည်း နေသည်ကို တွေ့ရတတ်သည်။ ရစ်ရင်မဲတို့သည် ကွင်းပြင်သို့ မည်သည့်အခါမျှ ထွက်မလာကြဘဲ တောများ အတွင်း၌သာ နေထိုင်ကြပြီးလျှင် အစေ့များ၊ အခွံပျော့သီး (ဗဲရီသီး) များ၊ သစ်ရွက်နုများ၊ ပိုးကောင်များနှင့်ပိုးလောင်းဟူသရွေ့ကို စား၍ နေထိုင်ကြသည်။ ထိုပြင် အိမ်မွေးကြက်များ မြေကြီးကို ယက်လေ့ရှိကြသကဲ့သို့ မြေကြီးကို ယက်ပြီးလျှင် ကိုယ်ကို ဖုန် များဖြင့် ဖုံးလွှမ်း၍ နေလေ့ရှိကြသည်။ ခြောက်လှန့်လိုက်သော အခါတွင် ရစ်ရင်မဲများသည် တကွဲတပြားစီ မပြေးကြဘဲ အတူ တကွ လျှင်မြန်စွာ ပြေးသွားတတ်ကြသည်။ ပျံတက်သောအခါ တွင် သန်မာစွာနှင့် လျှင်မြန်စွာ ပျံတတ်ကြသည်။ ပြန်၍ နား သောအခါတွင် ကိုက် ၂ဝဝ ထက်နီး၍ နားခဲသည်။ နားရာတွင် လည်း မြေကြီးပေါ်တွင်သာ နားလေ့ရှိသည်။ ရစ်ရင်မဲ၏ အသိုက်နှင့်ဥများအကြောင်းကို မသိရချေ။ မြိတ်ခရိုင် ကော့သောင်နယ်တွင် ရစ်ရင်မဲ ကိုအနည်းအကျဉ်း တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)