ရက်နရော့ခ်
ရက်နရော့ခ် (ရှေးဟောင်းနော့စ် : Ragnarok [မှတ်စု ၁]) သည် နော့စ်ဒဏ္ဍာရီတွင် အတွဲလိုက်ဖြစ်ပွားသည့် ဖြစ်စဉ်ကြီးတစ်ခုဖြစ်ကာ ကြီးမားသည့်တိုက်ပွဲကြီးတစ်ခုပါဝင်သည်။ အဆိုပါတိုက်ပွဲကြီးကို ကြိုတင်ဖော်ပြထားမှုရှိ၍ ထို၌ အိုးဒင်၊ သော်၊ တစ်ယာ၊ ဖရဲ့ယာ၊ ဟိမ်းဒါလာနှင့် လိုကီ စသည့်နတ်ဘုရားများ သေကျေကြမည်ဖြစ်သည်။ သဘာဝဘေးကပ်ဆိုးများ၊ ကမ္ဘာကိုရေလွှမ်းမိုးခြင်းတို့လည်းဖြစ်ပျက်မည်။ ဤအဖြစ်ပျက်များပြီးသည့်နောက် ကမ္ဘာသည် အသစ်တစ်ဖန်ပြန်လည် ပေါ်ပေါက်ပြီး မြေဆီဩဇာများ ဖြစ်ထွန်း၍ ရှင်သန်ကျန်ရစ်မည့် လိဖ်နှင့် လိဖ်သရာဆာ လူသားနှစ်ဦးက ကမ္ဘာကို လူဦးရေတိုးပွားစေမည်ဖြစ်သည်။ နော့စ်ဒဏ္ဍာရီ၌ ရက်နရော့ခ်သည် အရေးကြီးသော အဖြစ်ပျက်တစ်ခုဖြစ်ကာ ပညာရပ်ဆိုင်ရာ ဟောပြောရေးသားခြင်း၊ ဂျာမန်နစ်ဒဏ္ဍာရီပညာရပ်များ၏ သမိုင်းသဘောတရားဆိုင်ရာ အကြောင်းအရာတစ်ရပ်လည်းဖြစ်သည်။
ဤအဖြစ်အပျက်သည် အက်ဒါ ကဗျာလင်္ကာ၊ အက်ဒါ စကားပြေများ၌ ထင်ရှားစွာရှိသည်။ အက်ဒါ စကားပြေ နှင့် အက်ဒါကဗျာလင်္ကာမှ ကဗျာတစ်ပုဒ်က ဤအဖြစ်အပျက်ကို Ragnarök (သို့) Ragnarøkkr ( ရှေးဟောင်းနော့စ် : "နတ်ဘုရားတို့၏ ကံကြမ္မာ" နှင့် "နတ်ဘုရားတို့၏ နေညိုချိန်" ဟူ၍ အသီးသီးဖြစ်သည်။) ဟူ၍ ရည်ညွှန်းဖော်ပြထားသည်။ (၁၉)ရာစု တေးရေးသူ ရစ်ချက် ဗန်းဂါက ၎င်း၏ Der Ring des Nibelungen အော်ပရာဇာတ်များ၏ နောက်ဆုံးခေါင်းစဉ်နှင့်အတူ ကျော်ကြားခဲ့သော အသုံးအနှုန်းလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားအရ Götterdämmerung (၁၈၇၆) ဖြစ်ကာ အနက်မှာ နတ်ဘုရားတို့၏ နေညိုချိန် ဖြစ်သည်။
မှတ်စု[ပြင်ဆင်ရန်]
- ↑ နီးစပ်သည့် အသံထွက်မှာ ရဲ့ဂ်နရော့ခ် (သို့) ရားဂ်နရော့ခ် ဖြစ်၏ ။(/ˈræɡnəˌrɒk, ˈrɑːɡ-/ (
))[၁][၂][၃]
ကိုးကား[ပြင်ဆင်ရန်]
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |