မာတိကာသို့ ခုန်သွားရန်

ယှဉ်တွဲပြ နာမ်ဝိဘတ်

ဝီကီပီးဒီးယား မှ

ယှဉ်တွဲခြင်း၊ ပေါင်းစည်းခြင်းကို ပြသော နာမ်ဝိဘတ်ကို ယှဉ်တွဲပြ နာမ်ဝိဘတ် (သို့) ယှဉ်တွဲပြဝိဘတ် ဟု ခေါ်သည်။

ဥပမာ − "မိုးစက်များသည် လေပြင်းနှင့်အတူ ကျဆင်းတိုက်ခတ်လာသည်။"
"နှင့်အတူ" သည် ယှဉ်တွဲပြ (နာမ်)ဝိဘတ် ဖြစ်သည်။[၁] ဤဝါကျ၌ - "လေပြင်း" ဟူသော နာမ်စကားလုံး၏ အနောက်ကပ်လျက်၌ "နှင့်အတူ" ဟူသော ယှဉ်တွဲပြနာမ်ဝိဘတ် ပါရှိခြင်းဖြင့် "လေပြင်းနှင့်အတူ" ဟူသော ပုဒ်သည် မိုးစက်က ထိုလေပြင်းနှင့် ယှဉ်တွဲ ကျဆင်းလာကြောင်း ဖော်ညွှန်းနေသည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း