ယွန်းထည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယွန်းထည် ပစ္စည်းများမှာ ယွန်းဖြင့် တန်ဆာဆင်ထားသော လူသုံးကုန်ပစ္စည်းများဖြစ်သည်။ ယွန်းထည်ကို များသောအားဖြင့် မြှုပ်သွင်းစီခြယ်နည်း သို့မဟုတ် ထွင်းထုနည်းဖြင့် ပြုလုပ်လေ့ရှိသည်။ ယွန်းထည်ပစ္စည်းများတွင် သေတ္တာများ၊ စားပွဲသုံး ပစ္စည်းများ၊ ကြယ်သီးများ ပါဝင်ကြပြီး အရှေ့တိုင်း ယဉ်ကျေးမှုတွင် ရံဖန်ရံခါ အခေါင်းများကိုပင် ယွန်းသုတ်သည့် အလေ့အထကို တွေ့ရှိနိုင်သည်။

မြန်မာ့ ယွန်းထည် ပစ္စည်းများ

ယွန်းထည်ပစ္စည်းများ ထုတ်လုပ်သည့် လက်မှုပညာကို Pan yun (ပန်းယွန်း) ဟု ခေါ်သည်။ ယွန်းသည် မြန်မာ့ သစ်တောများမှ သဘာဝပေါက် သစ်စေးပင် (Melanorrhoea usitatissima) (မီလာနို ဟိုရီးယား ယူဆီတတ်တီစီမ) မှ ခြစ်ထုတ်ထားသော အစေး ဖြစ်သည်။ ၎င်းသည် အဝါဖျော့ရောင်ရှိပြီး လေနှင့် ထိတွေ့ပါက အမည်းရောင်အဖြစ် ပြောင်းသွားသည်။ စုတ်တံဖြင့် သုတ်သောအခါ သို့မဟုတ် အပေါ်မှ အုပ်သောအခါ မာကျောပြောင်လက်ကာ ချောမွတ်သည့် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်သည်။ ယွန်းသုတ်ထားသော ပစ္စည်းများမှာ အပူနှင့် စိုထိုင်းမှုဒဏ်ကို ခံနိုင်သည်။

ယွန်းသမိုင်း[ပြင်ဆင်ရန်]

Song Dynasty Lacquerware Tray.JPG

၁၅၅၅ - ၁၅၆၂ ခုနှစ်အတွင်း ဘုရင့်နောင်မင်းကြီးသည် မဏိပူရ၊ ဗန်းမော် ၊ ဇင်းမယ် (ယခု ချင်းမိုင်) နှင့် လင်းဇင်း (ယခု Lan Xang) တို့ကို အောင်မြင်စွာ သိမ်းသွင်းခဲ့ပြီး ရွှေလီမြစ်တစ်လျှောက် ယူနန်ပြည်နယ်သို့ ဆန်တက်စဉ် ကျွမ်းကျင်သော လက်မှုပညာရှင် အများအပြားကို ဗမာပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ်က ချင်းမိုင်ဒေသရှိ ယွန်း သို့မဟုတ် Laos Shan (လာအိုရှမ်း) လူမျိုးစုများ၏ လက်မှုပညာများကို မြန်မာနိုင်ငံတွင်း တင်သွင်းခဲ့ချိန်မှစကာ မြန်မာနိုင်ငံတွင် လက်ရာပြောင်မြောက်သည့် ယွန်းထည်ပစ္စည်းများ စတင်ထွန်းကားလာသည်ဟု ယူဆကြသည်။ ယွန်းလူမျိုးများကို အစွဲပြု၍ ယွန်းထည်ဟု ခေါ်တွင်လာခဲ့သည်။

ထုတ်လုပ်ခြင်း နှင့် ပုံစံ ဒီဇိုင်း[ပြင်ဆင်ရန်]

ယွန်းအိုးများ၊ သေတ္တာများ နှင့် ဗန်းများ၏အောက်ခြေသည် ရစ်ခွေထားသော သို့မဟုတ် ရက်လုပ်ထား သော ဝါးမျှင်ကို မြင်းမွေးဖြင့်ရောထားလေ့ရှိပြီး ထုဆစ်သွန်းလုပ်နိုင်သည့် thayo (သရိုး) ဟုခေါ်သော မြေဖြူပွဲ လျက် ပစ္စည်းကို ရရှိရန် သစ်စေးကို ပြာ သို့မဟုတ် လွှစာ များဖြင့်ရောစပ်ခြင်း ပြုနိုင်သည်။ အရာဝတ္ထုသည် thitsee (သစ်စေး) နှင့် thayo (သရိုး) တို့ဖြင့် တစ်လွှာပြီးတစ်လွှာ ဖုံးအုပ်ခြင်းခံရပြီး ချောမွတ်သော မျက်နှာပြင် ကို ပြုလုပ်ကာ၊ အရောင်တင်ပြီး နောက်ခံအရောင် အနီ သို့မဟုတ် အနက် ပေါ်တွင် အသုံးများသော အရောင် များဖြစ်သည့် အနီ၊ အစိမ်းနှင့် အဝါရောင်များကို သုံးကာ အနုစိတ်သော လက်ရာဒီဇိုင်းများကို ထွင်းထုကြသည်။ Shwezawa (ရွှေဇဝါ) သည် အနက်ရောင် နောက်ခံပေါ်တွင် ပုံစံဒီဇိုင်းများကို ၎င်း၏ ရွှေစက္ကူများ အသုံးပြုရာ တွင် ခြားနားသိသာစေသော ပုံစံဖြစ်သည်။ နန်းတော် မြင်ကွင်းများ၊ Jataka (ဇာတက) ပုံပြင်များမှ ဇာတ်လမ်းဇာတ်ကွက်များ၊ မြန်မာ့ Zodiac (ဆယ့်နှစ် ရာသီခွင် သင်္ကေတများ) တို့သည် လူကြိုက်များသော ပုံစံဒီဇိုင်းများဖြစ်ပြီး အချို ့သော အိုးများသည် ရောင်စုံ ဖန်၊ မှန်စီရွှေချ သို့မဟုတ် ရွှေစက္ကူများတွင် တန်ဖိုးအနည်းငယ်ရှိသော ကျောက်များဖြင့် မံထားခြင်း ဖြစ်နိုင် သည်။ အရာတ္ထုများအားလုံးသည် လက်လုပ်များဖြစ်ပြီး ပုံစံဒီဇိုင်းများသည် လက်တန်း ထွင်းထုထားခြင်း ဖြစ်သည်။ သေးငယ်သော အိုးတစ်ခုပြီးစီးရန် သုံးလမှ လေးလအထိ အချိန်ယူလိမ့်မည်ဖြစ်သော်လည်း ပို၍ ကြီးမားသော အိုးအတွက်မူ တစ်နှစ်ကျော် ကြာကောင်းကြာလိမ့်မည်။ အချောသတ်ပြီးစီးသွားသော ထုတ်ကုန် သည် စုပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်တည်းမှ ထွင်းထုထားခြင်းမဟုတ်ပါ။

ယွန်းထည်ပုံစံများ[ပြင်ဆင်ရန်]

အကွဲပြားဆုံးဖြစ်သော အိုးမှာ ဘုန်းတော်ကြီးများအတွက် အခြေအရင်းတစ်ခုပေါ်တွင် ရစ်တက်နေသောအဖုံးပါ ရှိသည့် hsun ok (ဆွမ်းအုပ်) ဟုခေါ်သော ထမင်းထည့်သောခွက်တစ်ခု ဖြစ်နိုင်သည်။ Lahpet ok (လက်ဖက် အုပ်) ဆိုသည်မှာ အဖုံးပါပြီး ထည့်စရာအကန့်လေးများနှင့် lahpet (လက်ဖက် ) (နှပ်ထားသော လက်ဖက် ရွက်) နှင့် ၎င်း၏တွဲစားရသည့် အတွဲအဖက်များစွာကို ပြင်ဆင်ထည့်ထားသော စောက်မနက်သော ပန်းကန် ဖြစ် သည်။ လက်ကိုင်တစ်ခုတည်းဖြင့် ပတ်ထားသော အစီအရီဆင့်ထားနိုင်သည့် ထမင်းဗူးများ သို့မဟုတ် hsun gyaink(ဆွမ်း ဂျိုင့်) များသည် များသောအားဖြင့် အနီရောင် သို့မဟုတ် အနက်ရောင် ဗြောင်ဖြစ်သည်။ Daun glahn(ဒေါင်းလန်း) များသည် ရိုးရှင်းသော ကျယ်ပြန့်သည့် အခြေစိုက်ဖြစ်ခြင်း သို့မဟုတ် တိရိစ္ဆာန် သို့မဟုတ် ပန်း ဒီဇို်င်းများဖြင့် ကွေးသော ခြေထောက်သုံးချောင်းပါရှိသည့် အစားအစာများတင်ရန် အဖုံးနှင့် စားပွဲအနိမ့်များ ဖြစ်သည်။ အဖုံးတစ်ခုကဲ့သို့ အစုံလိုက်ဖြစ်နေသော ခွက်ပါသည့် ရေဖန်ချိုင့်များ သို့မဟုတ် yeidagaung (ရေတကောင်း) နှင့် ပန်းအိုးများသည် ဘုန်းကြီးကျောင်းများစွာတွင်အသုံးပြုနေဆဲဖြစ်သော ယွန်းထည် ပစ္စည်း များဖြစ်သည်။

အဖုံးပါသော လုံးဝန်းသည့် သေတ္တာအကြီး၊ အသေးများစွာတို့ကို Yun-It(ယွန်း-အစ်) ဟု သိကြပြီး paan (ပန်း) ဟု ခေါ်သည့် Kun-It (ကွမ်း-အစ်) (ကွမ်း သေတ္တာများ) ပါဝင်သည်။ Yun titta (ယွန်း သေတ္တာ) များမှာ ထောင့် မှန်စတုဂံပုံ သေတ္တာများဖြစ်ပြီး peisa (ပေစာ) သို့မဟုတ် ထန်းရွက်ပေါ်တွင်ရေးထားသော လက်ရေးစာမူများ အပါအဝင် အရာများစွာကို သိမ်းဆည်းထားရန်အတွက်ဖြစ်ပြီး ၎င်းတို့ကို sadaik titta (စာတိုက် သေတ္တာ) ဟု ခေါ်သည်။ အောက်ခံ ခုံပါသည့် ပန်းကန်ပြားများ သို့မဟုတ် အောက်ခြေပါသော ဗန်းအသေးများ အဖုံးပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ၎င်းတို့ကို kalat (ကလပ်) ဟုသိကြပြီး Buddha (ဗုဒ္ဓဘုရား) သို့မဟုတ် တော်ဝင် မင်း မျိုးမင်းနွယ်များကို စားကောင်းသောက်ဖွယ်များနှင့် ပန်းများ ဆက်ကပ်သောအခါ အသုံးပြုသည်။ ပြဇာတ် အဖွဲ ့ များနှင့် ဂီတပညာရှင်များသည် ၎င်းတို့၏ အဝတ်အစားများ၊ မျက်နှာဖုံးများ၊ ခေါင်းတွင် ဆင်မြန်းသောအရာများ နှင့် တေးဂီတ တူရိယာများတို့ကို ယွန်းထည်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အချို ့မှာ ယွန်းထည် သေတ္တာကြီး များတွင် ထည့်၍ သယ်ဆောင်သွားကြသည်။ဖရုံသီး ပုံသဏ္ဌာန် ရှိသော သေတ္တာများ သို့မဟုတ် ဇီးကွက် ကဲ့ သို့သော ငှက်များတို့သည် ကံကောင်းစေသည်ဟု ယုံကြည်ကြသည် သို့မဟုတ် hintha (ဟင်္သာ) ( ဇာတ် အ မြင့်ဆုံး ဟိန္ဒူ ငန်း) တို့သည်လည်း အတူတူပင်ဖြစ်သည်။ ပိတ်ကားများနှင့် အနားများစွာပါသော စားပွဲအသေး များကို ခရီးသွား စီးပွားရေးလုပ်ငန်း အတွက် ယနေ့ အထိ ပြုလုပ်နေဆဲဖြစ်သည်။

ယွန်းထည်လုပ်ငန်း[ပြင်ဆင်ရန်]

Bagan (ပုဂံ) သည် ယွန်းထည် လုပ်ငန်းအတွက် အဓိက ဗဟိုချက်မ နေရာဖြစ်ပြီး လွန်ခဲ့သော ရာစုနှစ် နှစ်ခု နီးပါးကတည်းက လက်မှုပညာအခြေကျခဲ့ကာ ယခုထက်တိုင် ရှေးရိုးရာ နည်းဟန်များကို ကျင့်သုံးနေဆဲ ဖြစ် သည်။ ဤနေရာဒေသတွင် အစိုးရ ယွန်းထည်ကျောင်းကို ၁၉၂၀ နှစ်များတွင် တည်ထောင်ခဲ့သည်။ ယနေ့ အ များဆုံး အသုံးပြုနေသော အသုံးအဆောင်များတွင် ပလတ်စတစ်၊ ကြွေ နှင့် သတ္ထုတို့သည် ယွန်းထည်ကို အ စားထိုးလာကြပြီဖြစ်၍ ပုဂံ ရှိ ရှေးဘုရားများကို လာရောက်ကြည့်ရှုသော နိုင်ငံခြားသားခရီးသွားများ အတွက် သာ အဓိကထား၍ ယွန်းထည်ကို အလုပ်ရုံကြီးများတွင် ယနေ့ ထုတ်လုပ်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ Chindwin (ချင်းတွင်း) တောင်ကြားရှိ Monywa (မုံရွာ) အနီးမှ Kyaukka (ကျောက်ကာ) ရွာတွင် နေ့စဉ်သုံး အတွက် တောင့်တင်း ခိုင်မာသော ယွန်းထည်အသုံးအဆောင်များကို အဓိအားဖြင့် အနက်ရောင်ဗြောင်ဖြင့် ထုတ်လုပ်နေဆဲ ဖြစ် သည်။ ခရီးသွား ဧည့်သည်များအရေအတွက် ကျဆင်းခြင်းနှင့်အတူ ၁၅ နှစ် အတွင်း အဆ ၄၀ မြင့်တက်လာသော သစ်စေး ဈေးနှုန်းတို့သည် ပုဂံ ရှိ ယွန်းထည်ပစ္စည်း အလုပ်ရုံ ၂၀၀ ကျော်၏ သုံးပုံ နှစ်ပုံကျော်ကို ပိတ်ခဲ့ရခြင်း အား ဖြစ်စေခဲ့သည်။

မြင်းမြီးနှင့် ပြုလုပ်သော ယွန်းထည်[ပြင်ဆင်ရန်]

မြင်းမြီးနှင့် ပြုလုပ်သော ယွန်းထည်ကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ အနောက်ဖွားစောကျေးရွာတွင် ပြုလုပ်ကြသည်။ ယခုအခါ ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ယခင်က ပုဂံမြို့ မင်းနန်သူကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ၊ မြင်းကပါရပ်တို့တွင် တွင်ကျယ်စွာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အနောက်ဖွားစောအရပ်တွင်သာ တစ်ဦးနှစ်ဦးသာ ကျန်ရှိတော့သည်။ ယွန်းထည်ပြုလုပ်ရာတွင် တင်းဝါးယွန်းထည်။ သစ်သားယွမ်းထည်၊ မြင်းမြီးယွန်းထည် သုံးမျိုး ရှိကြောင်း၊ မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်သည် လုပ်ရကိုင်ရ လက်ဝင်ခြင်း၊ ပါးလွှာသည့် ဝါးနှီးဖြာလေးများကြားတွင် မြင်းမြီးတစ်ချောင်းချင်းစီ ထည့်ထားသည့် လေးလက်မ ခွက်တစ်လုံး ရက်လုပ်လျှင် တစ်နာရီခွဲ ကြာကြောင်း၊ အဝိုင်းပုံ၊ အလုံးပုံ ယွန်းထည်များကို မြင်းမြီးဖြင့် ယက်လုပ်သည့် ယွန်းထည် ပစ္စည်းများသည် ပျော့ပြောင်းကာ အရည်မသွေး ကောင်းကြောင်း၊ မြင်းမြီးတစ်ပိဿာ ကျပ်ငါးသောင်း ပေးဝယ်ရပြီး ယက်လုပ်ရာတွင် ခက်ခဲ လက်ဝင်သောကြောင့် မြင်းမြီးယွန်းထည်လုပ်ငန်း မယက်လုပ်တော့ဘဲ တဖြည်းဖြည်း လုံးဝပျောက်ကွယ်သွားနိုင်ပေသည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေး နေ့စဉ်၊ ၁၀-၁၀-၂၀၁၈၊ စာ-၁၃