မာတိကာသို့ ခုန်သွားရန်

ယူအင်းနာ

ဝီကီပီးဒီးယား မှ
Yoo In-Na
At the Pifan opening ceremony on July 17, 2014.
မွေးဖွား (1982-06-05) ဇွန် ၅၊ ၁၉၈၂ (အသက် ၄၃)
Seongnam, Gyeonggi, South Korea
အလုပ်အကိုင်ရုပ်ရှင်မင်းသမီး, DJ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၉–လက်ရှိ
ကိုယ်စားလှယ်YG Entertainment
ယူအင်းနာ
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်유인나
RRအက္ခရာဖလှယ်ခြင်းYu In-na
MRအက္ခရာဖလှယ်ခြင်းYu In-na

ယူးအင်နာ (၅ ဇွန် ၁၉၈၂ မွေး)သည် တောင်ကိုရီးယားသရုပ်ဆောင်နှင့် ဒီဂျေဖြစ်သည်။ High Kick! Through the Roof (၂၀၀၉-၂၀၁၀)နှင့် လျှို့ဝှက်ဥယျာဉ် Secret Garden (၂၀၁၀) ၌ ဇာတ်ရံအဖြစ် ပါဝင်ပြီးနောက် Queen In-Hyun's Man (၂၀၁၂) ၌ ခေါင်းဆောင်မင်းသမီးအဖြစ် နာမည်ကြီးလာကာ ကြယ်ဆီကကျမချစ်သူ (၂၀၁၃-၂၀၁၄) ဇာတ်လမ်းတွဲ၌ ဇာတ်ပို့အဖြစ် ပါဝင်ခဲ့သည်။ သူသည် အချီးမွမ်းခံရသော ရေဒီယိုအစီအစဉ် Let's Crank Up the Volume ၏ဒီဂျေ (ရေဒီယိုကြေညာသူ) လည်း ဖြစ်သည်။

ကိုယ်ရေးအချက်အလက်

[ပြင်ဆင်ရန်]
  • အရပ် ၁၆၅ စင်တီ၊
  • အလေးချိန် ၄၄ ကီလို၊
  • သွေးအမျိုးအစား ဘီ။

အနုပညာခရီး

[ပြင်ဆင်ရန်]

၁၉၉၈ ခုနှစ် သူ့အသက် ၁၆ ၌ ယူးအင်နာသည် သင်ခါစအဆိုတော်အဖြစ် ဖျော်ဖြေရေးအေဂျင်စီတစ်ခုသို့ ဝင်ရောက်ပြီး မိန်းကလေးအဆိုအုပ်စုထဲ ပါလုနီးထိ ရောက်ခဲ့သည်။ ၁၁ နှစ်နှင့် အေဂျင်စီ ငါးခု ပြောင်းပြီးနောက် ထိုးဖောက်ရန် မအောင်မြင်ချေ။ ကေပေါ့ပ်အဆိုတော်များအတွက် လိုအပ်သည့် ကကွက်စနစ်ကို မှတ်သားရခက်ခဲသည်ဟု သူကပြောသည်။ တစ်ပတ်၌ ခြောက်ရက်၊ တစ်ရက်၌ ရှစ်နာရီ ကကွက်များ လေ့ကျင့်ပြီးနောက် အိပ်မက်မှာ နိဋ္ဌိတံခဲ့သည်။[]

၂၀၀၆ ၌ သရုပ်ဆောင်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ဝိုင်ဂျီအင်တာတိန်းမင့်သို့ ဆက်သွယ်သည်။ ''သီချင်းဆိုတာ အလုပ်ဖြစ်ပုံ မပေါ်တော့ သရုပ်ဆောင်တာက ပျော်စရာကောင်းလိမ့်မယ် ထင်လို့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျမ ဘယ်ခါမှ မစွန့်လွတ်ဘူး၊ ကျမထက် တော်တဲ့ ချောတဲ့ ကျမသူငယ်ချင်းတွေအများကြီးတောင်မှ လက်မြှောက်သွားပေ့မယ့်ပေါ့''ဟု ပြောသည်။ High Kick Through the Roof နှင့် သူ စန်းထခဲ့သည်။ ဇာတ်ပို့ရုပ်များ ဆက်တိုက်သရုပ်ဆောင်ရပြီး အထူးသဖြင့် ၂၀၁၀ အက်စ်ဘီအက်စ်၏ လျှို့ဝှက်ဥယျာဉ် ဇာတ်လမ်းတွဲ၌ အမျိုးသမီးဇာတ်ကောင်၏ အလန်းဆုံးသူငယ်ချင်းအဖြစ် သရုပ်ဆောင်မှုက သူမကို ပေစန် အနုပညာဆုပေးပွဲ၌ အကောင်းဆုံးမျက်နှာသစ် အမျိုးသမီးဆုကို ရရှိစေခဲ့လေသည်။

၃ မတ် ၂၀၁၁ မှ ၄ ဇွန် ၂၀၁၂ ထိ တီဗီအင်တာတိန်းမင့် ဒီညအစီအစဉ်၌ ပင်တိုင်တင်ဆက်သူ လုပ်ခဲ့ရာ အက်စ်ဘီအက်စ် အင်တာတိန်းမင့်ဆုပေးပွဲ၌ အကောင်းဆုံးမျိုးစုံဖျော်ဖြေနိုင်သူဆုကို ရခဲ့ပြန်သည်။ လက်ရှိ၌ ကေဘီအက် ကူးအက်ဖ်အမ် ၏ Let's Crank Up the Volume  တွင် ရေဒီယိုတင်ဆက်သူ လုပ်နေသည်။ သူမတင်ဆက်သော ရေဒီယိုအစီအစဉ်မှာ လှိုင်းတို လှိုင်းရှည် နှစ်မျိုးစလုံးဖြင့် ဖမ်းယူနားဆင်နိုင်ပြီးလျှင် အကောင်းဆုံးအဆင့် သတ်မှတ်ခြင်း ခံထားရသည်။[][]

သရုပ်ဆောင်မဖြစ်မီက အဆိုတော်ဖြစ်ရန်ရည်မှန်း၍ နှစ်များစွာ လေ့ကျင့်ခဲ့သော ယူး၏ အဆိုကို ဟမ္မင်း မြို့ပြစတီရီယို၏ ၂၀၁၁ ဒီဂျစ်တယ် ဆင်ဂယ်ခွေ ဖြစ်သော "You, That Day" (넌 그날)၌ နောက်ခံဆိုထားခြင်းကို တွေ့နိုင်သည်။ သူ၏ ရိုက်ကူးဖက် ယွန်းအွန်ဟေး၊ ပတ်ဟန်ဗျော၊ ချာရဲရွန်းနှင့်အတူ ၂၀၁၁ ရုပ်ရှင်ကား My Black Mini Dress ၌ ဇာတ်ဝင်တေးလည်းဆိုထားသည်။ သူတို့၏ အရှုပ်ထုပ်မှာ အချစ်၊ ဘဝနှင့် အလုပ်အပေါ် ဗရုတ်သုတ်ခ နေသော ဖိုးတွမ်တီး၏ ဘဝအကြောင်း ဖြစ်လေသည်။[][]

၂၀၁၂ ၌ စတင်၍ ခေါင်းဆောင်မင်းသမီးအဖြစ် tvN ဇာတ်လမ်းတွဲ Queen In-hyun's Man ၌ ပါရသည်။ ၂၁ ရာစုသို နှစ်ပေါင်း ၃၀၀ မှ ခုန်ကူးလာသော ဂျိုဆွန်ခေတ်မှ အချိန်သွားသူ ကင်ဘွန်းဒိုနှင့် ချစ်ကြိုက်သော မင်းသမီး ချွိုင်ဟီးဂျင်အဖြစ် သရုပ်ဆောင်ထားသည်ကို ဇာတ်အိမ်တည်ထားသည်။

၂၀၁၂ ဒီဇင်ဘာ၌ ရိုက်ကူးသည့် Pure Couple ၌ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်သည်။ ၂၀၁၃ ၌ မိသားစုကြည့် ဇာတ်လမ်း You're the Best, Lee Soon-shin ၌လည်းကောင်း၊ ကြယ်ဆီကကျမချစ်သူ ဇာတ်လမ်းတွဲ၌ အမျိုးသမီးပြိုင်ဘက်အဖြစ်လည်းကောင်း သရုပ်ဆောင်သည်။ ကြယ်ဆီကကျမချစ်သူသည် တရုတ်၌ အလွန်ရေပန်းစားလေရာ ယူးသည် ၂၀၁၄ တရုတ်အချစ်ဟာသရုပ်ရှင် Wedding Bible ၌  Godfrey Gao နှင့်အပြိုင် ခေါင်းဆောင်ပါဝင်ရလေသည်။[][]

၅ မတ် ၂၀၁၄ ၌ ဈေးကွက်မှ အကောင်းဆုံးအလှကုန်များကို စမ်းသပ်ပြရသော ဖက်ရှင်များကို အကြံပေးရသော အခပေးအစီအစဉ် Get It Beauty ၏ ခေတ္တ တင်ဆက်သူ စလုပ်ခဲ့သည်။ ထိုနှစ်တွင် လျှို့ဝှက်ဆန်းကြယ် အချစ်ဟာသ ဇာတ်လမ်းတွဲ လျှို့ဝှက်ဟိုတယ်၌ လူသတ်မှုစုံစမ်းစစ်နေသည့်ကြားမှ သူမ၏ ခင်ပွန်းဟောင်းမင်္ဂလာဆောင်ကို ပြင်ဆင်ပေးရသော မင်္ဂလာပွဲစီစဉ်သူအဖြစ် ရိုက်ကူးရသည်။ []

သရုပ်ဆောင်သက်တမ်း ၁၀ နှစ်ပြည့်သော ၂၀၁၆ ၌ လတ်တလော၌ အလွန်ဟော့နေသည့် အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး ဇာတ်လမ်းတွဲ၌ သေမင်း၏ ချစ်သူ ကင်ဆွန် (ဝါ) ဆန်နီ အဖြစ် နာမည်ကြီးမင်းသားဖြစ်သော ဂုန်ယူးလီဒုံဝုယုစန်ဂျေတို့နှင့် အပြိုင် ပါဝင်ထားသည်။

ပုဂ္ဂိုလ်ရေး

[ပြင်ဆင်ရန်]

၇ ဇွန် ၂၀၁၂ ၌ Queen In-hyun's Man ရိုက်ကူးအပြီး ပရိသတ်တွေ့ဆုံပွဲတွင်၊ ယူးအင်နာနှင့် ရည်ငံနေသည်ဟု အတူသရုပ်ဆောင်ခဲ့သူ Ji Hyun-wooက ကြေညာလိုက်ရာ ပရိသတ်နှင့်တကွ မီဒီယာများပါ တုန်လှုပ်သွားကြသည်။ [][] နောက်ရက်များစွာအထိ ထိုကိစ္စကို မီဒီယာများက ဖွလေသည်။[၁၀][၁၁][၁၂][၁၃] သူတို့၏ အေဂျင်စီများက ရေငုံနေပြီး၊ သူတို့နှစ်ယောက်မှာ လူမသိအောင် နေကြလေသည်။ [၁၄][၁၅] ဇွန် ၂၂ ၌ ဂျီက သူ့ပရိသတ်များသို့ တွစ်တာမှ ပို့သော သေချာသည့် မက်ဆေ့မှ လွဲ၍ ဖြစ်သည်။ [၁၆][၁၇] ဝေဖန်သံများ အဆုံးသတ်သွားသည်မှာ ဇွန် ၁၇ ၌ အတင်းအဖျင်းဝက်ဆိုက် Sportsseoul.com က ယူးနေထိုင်ရာ ဂျုံဂီရပ်ကွက်၊ ဘွန်းဒန်းရှိ၊ ပန်းခြံထဲ ညသန်းခေါင် စုံတွဲနှစ်ဦး ချိန်းတွေ့နေသော ဓာတ်ပုံများကို ပြသလိုက်သည့်အချိန်ပင် ဖြစ်သည်။ [၁၈][၁၉] နောက်တနေ့၌ ယူးက ရေဒီယိုအစီအစဉ်၌ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ [၂၀][၂၁][၂၂] ၁၄ မေ ၂၀၁၄ ၌ကား ကွဲသွားပြီဖြစ်ကြောင်း နှစ်ဘက်အေဂျင်စီမှ အတည်ပြုလိုက်လေတော့သည်။ [၂၃][၂၄][၂၅]

ရုပ်သံဇာတ်လမ်းတွဲ

[ပြင်ဆင်ရန်]
နှစ် ခေါင်းစဉ် ဇာတ်ကောင် Network
2009-2010 High Kick! Through the Roof Yoo In-Na MBC
2010 Secret Garden (လျှို့ဝှက်ဥယျာဉ်) Min Ah-Young SBS
2011
The Greatest Love Kang Se-Ri MBC
Birdie Buddy Lee Gong-Sook tvN
2012 Queen In-Hyun's Man Choi Hee-Jin tvN
2013 You're The Best! Lee Yoo-Shin KBS2
2013-2014
Potato Star 2013QR3 Jogging woman (ep.4) tvN
My Love from the Star (ကြယ်ဆီကကျမချစ်သူ) Yoo Se-Mi SBS
2014 My Secret Hotel (လျှို့ဝှက်ဟိုတယ်) Nam Sang-Hyo tvN
2015 The Secret Message Amy Naver
2016
One More Happy Ending Go Dong-Mi MBC
Candy In My Ear Yoo In-Na tvN
Goblin: The Lonely and Great God Kim Sun (Sunny) tvN

ရုပ်ရှင်

[ပြင်ဆင်ရန်]
Year ခေါင်းစဉ် ဇာတ်ကောင်
2010 The Fair Love Jin-Hee
2011 Little Black Dress Min-Hee
2012 Love Fiction Soo-Jung / Kyung-Sook
2014 Wedding Bible
2015 Wind Wind Wind

ရေဒီယို / စုံစိရှိုး

[ပြင်ဆင်ရန်]
Year Title Role Network
2010-2011 Heroes Participant SBS
2011-2012 TV Entertainment Tonight MC SBS
2011-2016 Yoo In-Na's Let's Crank Up the Volume DJ KBS Cool FM
2013 Little Big Hero Documentary narrator tvN
2014 Get It Beauty MC OnStyle
2015 Fashion King Korea (Season 3) MC SBS
Year Song Title Artist
2010 "Tell Me Goodbye" Big Bang
"In My Head" Brian Joo
2011 "You, That Day" Humming Urban Stereo
Year Song Title Artist From Album
2011 "You, That Day" Humming Urban Stereo feat. Yoo In-Na That Day single
"My Black Mini Dress" Yoon Eun-Hye, Park Han-Byul,

Cha Ye-Ryun and Yoo In-Na

My Black Mini Dress OST
Year Award Category Nominated work Result
2011 1st Olleh-Lotte Smartphone Film Festival[၂၆] Special Award (with Narsha) Uninvited Guest ဆုရရှိ
47th Baeksang Arts Awards Best New Actress in TV Secret Garden ဆုရရှိ
4th Korea Drama Awards Best Supporting Actress Secret Garden

The Greatest Love

ဆန်ခါတင်
Entertainment Awards Best Entertainer in a Variety Show TV Entertainment Tonight ဆုရရှိ
MBC Drama Awards Best New Actress in a Miniseries The Greatest Love ဆန်ခါတင်
2012 1st K-Drama Star Awards[၂၇] Rising Star Award Queen In-Hyun's Man ဆုရရှိ
2013 KBS Drama Awards Best Supporting Actress You're The Best! ဆန်ခါတင်
2014 7th Style Icon Awards Top 10 Style Icons N/A ဆန်ခါတင်
KBS Entertainment Awards Best Radio DJ Let's Crank Up the Volume ဆုရရှိ

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 For Actress Yoo In-na, 'Wobbles' Are Just Part of Finding the Way The Chosun Ilbo (8 June 2013)။ 2013-06-08 တွင် ပြန်စစ်ပြီး။
  2. Hong၊ Grace Danbi (19 February 2013)။ Yoo In Na Becomes Queen of the Radio with #1 Radio Show enewsWorld 19 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-02-23 တွင် ပြန်စစ်ပြီး။
  3. Lee၊ Hyo-won (1 March 2011)။ It actresses portray growing pains in chick flick The Korea Times 2013-03-07 တွင် ပြန်စစ်ပြီး။
  4. Kim၊ Heidi (16 February 2011)။ Actress Yoon Eun-hye's new film to premiere in March 10Asia 3 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  5. Park၊ Jin-hai (20 March 2014)။ Yoo In-na to star in Chinese film The Korea Times 2014-04-02 တွင် ပြန်စစ်ပြီး။
  6. Jeon၊ Su-mi (19 March 2014)။ Yoo In Na Cast as Lead Actress in Chinese Movie Wedding Bible enewsWorld 22 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-02 တွင် ပြန်စစ်ပြီး။
  7. Yoo In-na to star in mystery rom-com (16 July 2014)။ 2014-07-26 တွင် ပြန်စစ်ပြီး။
  8. Hong၊ Grace Danbi (8 June 2012)။ Ji Hyun Woo Drops Bombshell Love Confession to Yoo In Na enewsWorld 4 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  9. Sunwoo၊ Carla (9 June 2012)။ Television romance moves off screen Korea JoongAng Daily 2012-11-18 တွင် ပြန်စစ်ပြီး။
  10. Lee၊ In-kyung (8 June 2012)။ Ji Hyun Woo′s Ideal Type Was Similar to Yoo In Na enewsWorld 28 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  11. Kim၊ Ji-yeon (8 June 2012)။ The Signs Ji Hyun Woo was In Love with Yoo In Na enewsWorld 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  12. Hong၊ Grace Danbi (17 June 2012)။ The Truth Behind Yoo In Na's Feelings Towards Ji Hyun Woo enewsWorld 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  13. Ho၊ Stewart (18 June 2012)။ Was Yoo In Na Lip-Synching A Proposal Song to Ji Hyun Woo on Her Radio Show? enewsWorld 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  14. Hong၊ Grace Danbi (11 June 2012)။ Ji Hyun Woo's Brother Says He's in Contact with the MIA Actor enewsWorld 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  15. Sunwoo၊ Carla (12 June 2012)။ Ji Hyun-woo is not in hiding, he just can't be spotted Korea JoongAng Daily 2012-11-18 တွင် ပြန်စစ်ပြီး။
  16. Hong၊ Grace Danbi (12 June 2012)။ Ji Hyun Woo Tells Fans He’s Alive and Well enewsWorld 3 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  17. Sunwoo၊ Carla (13 June 2012)။ Ji Hyun-woo explains his love confession Korea JoongAng Daily 2012-11-18 တွင် ပြန်စစ်ပြီး။
  18. Park၊ Hyun-min (18 June 2012)။ Ji Hyun Woo and Yoo In Na Are a Couple enewsWorld 4 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  19. Sunwoo၊ Carla (19 June 2012)။ Yoo In-na to tell her side of love story Korea JoongAng Daily 2012-11-18 တွင် ပြန်စစ်ပြီး။
  20. Hong၊ Grace Danbi (19 June 2012)။ Yoo In Na Declares Ji Hyun Woo to be Her Man enewsWorld 4 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  21. Suk၊ Monica (19 June 2012)။ Yoo In-na admits relationship with Ji Hyun-woo on radio 10Asia 2 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  22. Sunwoo၊ Carla (20 June 2012)။ Yoo In-na says she likes him back Korea JoongAng Daily 2012-11-18 တွင် ပြန်စစ်ပြီး။
  23. Kim၊ Tong-hyung (14 May 2014)။ Yoo In-na, Ji Hyun-woo split The Korea Times 2014-05-15 တွင် ပြန်စစ်ပြီး။
  24. Chung၊ Joo-won (14 May 2014)။ Yoo In-na, Ji Hyun-woo split: YG Entertainment The Korea Herald 2014-05-20 တွင် ပြန်စစ်ပြီး။
  25. Kim၊ Hee-eun (15 May 2014)။ Yoo In-na, Ji Hyun-woo split Korea JoongAng Daily 2014-05-15 တွင် ပြန်စစ်ပြီး။
  26. Lee၊ Hyo-won (23 February 2011)။ KoreaToday: Smartphones democratize cinema The Korea Times 2012-11-18 တွင် ပြန်စစ်ပြီး။
  27. Lee၊ Jun-hyeun (10 December 2012)။ Yoon Jin Yi, Yoo In Na, and Oh Yeon Seo at '2012 K-DRAMA STAR AWARDS' StarN News 11 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-02-23 တွင် ပြန်စစ်ပြီး။