ယုစန်ဂျေ

ဝီကီပီးဒီးယား မှ
Yook Sung-jae
At Korea Cable TV Awards, in March 2017
ဇာတိ အမည်육성재
မွေးဖွားYook Sung-jae
(1995-05-02) မေ ၂၊ ၁၉၉၅ (အသက် ၂၈)
Yongin, Gyeonggi, South Korea
အလုပ်အကိုင်
ဂီတခရီးလမ်း
ဂီတဟန်
တက်ကြွသည့်နှစ်များ2012–present
တေးသံသွင်း ကုမ္ပဏီCube Entertainment
ပူးတွဲ ပါဝင်မှု

စန်ဂျေဟုလည်း အလွယ်သိကြသော ယုစန်ဂျေသည် ၁၉၉၅ မေ ၂ တွင် မွေးပြီး တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင်နှင့် အစီအစဉ်ကြေညာသူ ဖြစ်သည်။ BtoB အဖွဲ့ဝင်တဦး ဖြစ်သည့်အပြင် ဇာတ်လမ်းတွဲများ ဖြစ်သော Plus Nine Boys(၂၀၁၄)၊ Who are you: School 2015 (၂၀၁၅)၊ The Village: Achiara's Secret (၂၀၁၅)တွင် ပါဝင်ခဲ့သောကြောင့် လူသိများသည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

စန်ဂျေကို တောင်ကိုရီးယား၊ ဂျုံဂီ၊ ယွန်ဂင်တွင် ၁၉၉၅ မေ ၂ တွင် မွေးပြီး အစ်မတယောက်ရှိကာ ဖခင်မှာ ဆမီးကွန်ဒတ်တာရောင်းဝယ်သော အိုင်တီကုမ္ပဏီတခု၏ ဥက္ကဋ္ဌ ဖြစ်လေသည်။ [၁][၂]

အင်္ဂလန်နှင့် ဖိလစ်ပိုင်၌ တလကြာသာ ပညာသင်ကြားခဲ့ပြီး[၃] [[ ဟန်လင်ဘက်စုံအနုပညာကျောင်း ]]သို့ တက်ရောက်ခဲ့ပြီး ၂၀၁၄ ၌ ဘွဲ့ရခဲ့သည်။[၄]

အနုပညာခရီး[ပြင်ဆင်ရန်]

BTOB အဖွဲ့[ပြင်ဆင်ရန်]

၂၀၁၂ ၌ ယောက်ျားလေးအဖွဲ့ BtoB ၏အဆိုတော်အဖြစ် ပွဲဦးထွက်၊ ၂၀၁၂ မတ် ၂၁ ၌ အဖွဲ့၏ Insane သီချင်းနှင့်တရားဝင် ပွဲထွက်လာ၊ စုစုပေါင်း စတူဒီယိုအယ်လ်ဘမ် တခွေနှင့် extended plays ၈ ခွေ ထွက်ခဲ့ပြီး။

တကိုယ်တော်လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၁၄ ဇူလိုင်၌ စန်ဂျေသည်f(x) မှ အမ်ဘာနှင့် စူပါဂျူနီယာမှ ကန်ဂင်နှင့်အတူ မင်းအတွက်သီချင်းတပုဒ် အစီအစဉ်တွင် တင်ဆက်သူတဦး ဖြစ်လာ၊[၅][၆]ထိုနှစ်တွင်ပင် အစီအစဉ်အမျိုးမျိုး၌ ပါဝင်ရိုက်ကူးခဲ့၊ (စာချန်...) ယုဒုဟု စင်တင်နာမည် အပေးခံရ "Stress Come On"နှင့်"Ojingeo Doenjang"ကို ဖြန့်ချိ၊[၇][၈] ကန်မင်းဂုဟုခေါ်သော  ၁၉ နှစ်အရွယ် ဂျူဒိုကစားသမားအဖြစ် Plus Nine Boys တွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့ [၉] ၂၀၁၄ နှောင်းတွင် အစစ်အမှန်ရှိုးဖြစ်သော Real Men တွင် ပါခဲ့ပြီး ၂၀၁၅ တွင် ထွက်လိုက်သည်။[၁၀]

၂၀၁၅ တွင် Who Are You: School 2015 ၌ ဆယ်ကန် အထက်တန်းကျောင်းအုပ်၏ ကြောင်နေပြီး ပြဿနာရှာတတ်သော ကလေး ဂုန်တေးကွမ်အဖြစ် လူငယ်ဇာတ်လမ်းတွဲ၏ အဓိကသရုပ်ဆောင်နေရာကို ရရှိပြီး အကြီးအကျယ် အောင်မြင်သွားသည်။ Kim So-hyun နှင့် Nam Joo-hyuk တို့နှင့် အပြိုင် သရုပ်ဆောင်ခဲ့[၁၁][၁၂][၁၃] Love Song ရှိုးပွဲအတွက် ပတ်ဟေးစူးနှင့် တွဲဆိုထားသော နောက်ခံသီချင်း OST ကိုလည်း ဖြန့်ချိခဲ့၊ ၎င်းဇာတ်လမ်းတွဲပြီးနောက်၊ ယုသည် မိုဘိုင်းအပ္ပလီကေးရှင်းဖြစ်သော Cash Slide ကိုလည်းကောင်း၊ အဝတ်အထည်အမှတ်တံဆိပ်ဖြစ်သော Black Yak ကို ဂျိုအင်ဆောင်နှင့်လည်းကောင်း၊ Hazzy' Accessories ကို တွဲဖက်သရုပ်ဆောင် ကင်ဆိုဟွန်းနှင့်လည်းကောင်း၊ G-Markets ဟုအမည်ရသော ရှော့ပင်းဈေးကိုလည်းကောင်း ထောက်ခံကြော်ငြာပေးခြင်းကို လက်ခံရလေသည်။

မျက်နှာဖုံးအဆိုဘုရင်ဟု ခေါ်သော ဆန်းကြယ်ရသပေးစွမ်းသည့် တေးဂီတပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တုံ့ပြန်မှုကောင်းများ ရရှိခဲ့သည်။ မောတဲ့ပိတုန်းနာမည်ဖြင့် ပါဝင်ခဲ့ရာ ပြိုင်ပွဲတတိယဆင့်သို့ ရောက်ရှိခဲ့သည်။ The Village: Achiara's Secret လျှို့ဝှက်သဲဖိုဇာတ်လမ်းတွဲတွင် အမျိုးသားအဓိကဇာတ်ကောင် ပတ်ဝူးဂျေအဖြစ် သရုပ်ဆောင်ခဲ့သည်။ Red Velvet's Joy နှင့်အတူ We Got Married အစစ်အမှန်ရှိုး၏ စတုတ္ထရာသီတွင် လံကြုပ်အိမ်ထောင်ရေးအစီအစဉ်တွင် အလွန်ကျော်ကြားခဲ့သည်။ ၎င်းတို့သည် ၂၀၁၆ မေ ၇ ရှိုးပွဲအပြီးတွင် လမ်းခွဲခဲ့ကြပြီး ရှိုးပွဲတလျှောက် အရှည်ကြာဆုံးနှင့် နာမည်အကျော်ကြားဆုံး စုံတွဲဖြစ်ခဲ့ကြသည်။

၂၀၁၅ နှစ်ကုန်တွင် ဆုပေါင်းများစွာ သိမ်းပိုက်ခဲ့သည်။ ၎င်းတို့မှာ MBC ဖျော်ဖြေရေးဆုပေးပွဲတွင် ဘက်စုံဆု၊ SBS ဒရာမာဆု၊ KBS ဒရာမာဆု၊ We got Married အစီအစဉ်ရှိုးတွင် ပါဝင်သည့်အတွက် Red Velvet မှ Joy နှင့် အကောင်းဆုံးစုံတွဲဆုနှင့် အကောင်းဆုံးအမျိုးသားဆု၊ The Village: Achiara's Secret လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲအတွက် မျက်နှာသစ်သရုပ်ဆောင်ဆု၊ လူငယ်ဇာတ်လမ်းတွဲ Who Are You: School 2015 အတွက် ကင်ဆိုဟွန်နှင့် ပူးတွဲ၍ အကောင်းဆုံးစုံတွဲဆုတို့ ဖြစ်ကြသည်။

၂၀၁၆ ၌ On The Four Lane Road တွင် ပါခဲ့သည်။ Joy နှင့်အတူ "ငယ်ချစ်"ဟူသော အထူးစုံတွဲသီချင်းတပုဒ်ကို ဖြန့်ချိပြီး သီချင်းစာသားများပါ ထုတ်ခဲ့သည်။ မေ ၂၀ ၌ "ဘုရင်ဆယ်ဂျုံးတက္ကသိုလ်၏ သံတမန်"အဖြစ် ခန့်အပ်ခံရသည်။

စန်ဂျေသည် tvN မှ ရိုက်ကူးထုတ်လွှင့်သော Guardian: The Lonely and Great God ဇာတ်လမ်းတွဲ၌ မှင်စာ၏တူ ယူးဒို့ဟွာအဖြစ် သရုပ်ဆောင်သည်။ ဂုန်ယူးလီဒုံဝုကင်ဂိုအွန်ယူးအင်နာတို့နှင့်အပြိုင် သရုပ်ဆောင်ရသည်။

တေးသံသွင်း[ပြင်ဆင်ရန်]

Yook Sungjae's works with BtoB အတွက် BtoB discography ကို ကြည့်ပါ။
Title Year Peak chart positions Sales Album
KOR
[၁၄]
"Curious" (궁금해)
(with Oh Seung-hee)
2014
  • KOR: —
Plus Nine Boys OST Part. 4
"Photograph" (사진)
(with Apink's Kim Nam-joo)
2015 29 A CUBE - For Season Blue Season 2
"Love Song"
(featuring Park Hye-soo)
8 Who Are You: School 2015 OST Part.8
"That Day Long Ago" (오래전 그 날) 55 King of Masked Singer Special
"Loving You Again" (또 사랑하고 만다) 62 Scholar Who Walks The Night OST Part.3
"Young Love" (어린애)
(with Red Velvet's Joy)
2016 52 Digital single
"On The Four Lane Road" (사차선도로)
(Geeks's Louie featuring Yook Sungjae)
Hwang Moon Seob
"Playing with Fire" (봄에 오면 괴롭힐 거예요)
(with NC.A)
Digital single
"—" denotes releases that did not chart or were not released in that region.

တေးဗီဒီယိုသရုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

Year Song Artist Role
2014 Stress Come On Big Byung YookDuk
2015 Ojingeo Doenjang
Cinderella Time NC.A Himself
Photograph Yook Sungjae and Kim Nam-joo (Apink)
2016 Young Love Yook Sungjae and Joy (Red Velvet)
Playing with Fire NC.A and Yook Sungjae

ရိုက်ကူးရေး[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

နှစ် ကွန်ရက် ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်
2013 Mnet Monstar Arnold, Men in Black Member Supporting role
tvN Reply 1994 Sooksookie
2014 Plus Nine Boys Kang Min-gu
2015 KBS2 Who Are You: School 2015 Gong Tae-kwang Main cast
SBS The Village: Achiara's Secret Park Woo-jae
2016 tvN Guardian: The Lonely and Great God Yoo Deok-Hwa

စုံစိရှိုး[ပြင်ဆင်ရန်]

Year Network Title Notes
2012 SBS MTV The Show Host for Season 2 with co-member Minhyuk
2013 KBS2 Let's Go! Dream Team Season 2 Episode 159
2014 Mnet Mnet Wide Custom News Host
KBS A Song For You Season 3 Main host with Kangin and F(x)'s Amber
MBC Hitmaker Season 1 Cast Member - YookDuk
Real Men Cast Member from episode 77-88[၂၁]
2015
Hitmaker Season 2 Cast Member - YookDuk
JTBC Dating Alone Cameo
KBS Invisible Man Cast member[၂၂]
Happy Together Appeared on February 26, 2015
MBC I Live Alone Guest at Episode 92
Radio Star Guest at Episode 427
King of Masked Singer Contestant as Tired Bumblebee Episode 5,6
MBC Every 1 Weekly Idol Ep. 187, Guest with Big Byung & Chamsonyeo
2015-2016 MBC We Got Married Main cast with Joy (Red Velvet)
SBS Inkigayo Main host
2016
MBC My Little Television Guests with Red Velvet's Joy
The Capable Ones Guest at Episode 10
King of Masked Singer Guest panel member
KBS Happy Together Guest at Episode 445
MBC Duet Song Festival Episode 5[၂၃]
FTV Fishing TV
MBC Radio Star Special MC[၂၄]
Idol Chef King
Future Diary
2017 SBS Clenched Fist-Boat Horn Cast Member[၂၅]
MBig TV Celebrity Bromance

ဆုများနှင့်ဇကာတင်စာရင်း[ပြင်ဆင်ရန်]

နှစ် ဆုပေးပွဲ အမျိုးအစား စကာတင်လက်ရာ ရလဒ်
2015 8th Korea Drama Awards Best New Actor Who Are You: School 2015 ဆန်ခါတင်
4th APAN Star Awards ဆန်ခါတင်
KBS Drama Awards
ဆန်ခါတင်
Popularity Award, Actor ဆန်ခါတင်
Best Couple Award (with Kim So-hyun) ဆုရရှိ
MBC Entertainment Awards Best Male Newcomer Award (Variety) We Got Married ဆုရရှိ
Best Couple Award (with Red Velvet's Joy) ဆုရရှိ
SBS Drama Awards New Star Award The Village: Achiara's Secret ဆုရရှိ
2016 52nd Baeksang Arts Awards Best New Actor (TV) Who Are You: School 2015 ဆန်ခါတင်
Most Popular Actor (TV) ဆန်ခါတင်

ကိုးကား[ပြင်ဆင်ရန်]

  1. [spotlight BTOB│③ 일훈, 성재's story] (in Korean)။ ize.co.kr (10 July 2013)။ 31 July 2016 တွင် ပြန်စစ်ပြီး။
  2. Park၊ Ah-reum (28 May 2015)။ 육성재 父, 알고보니 IT회사 대표 반전스펙 "최시원급은 안되지만…"(라스) (in Korean)။ Newsen။ 31 July 2016 တွင် ပြန်စစ်ပြီး။
  3. Sungjae on Peniel's Vlog "Request Award Concert" (3:15) (7 May 2016)။ 31 July 2016 တွင် ပြန်စစ်ပြီး။
  4. Lee၊ Ji-hyun (11 February 2014)။ 비투비 육성재 "추억 많지않아 아쉬워" 졸업소감 (in Korean)။ Newsen။ 31 July 2016 တွင် ပြန်စစ်ပြီး။
  5. Amber, Kang In and Yook Sung Jae are the new MCs of A Song For You Season 3’ (18 July 2014)။ 10 June 2014 တွင် ပြန်စစ်ပြီး။
  6. Kangin, Amber and Yook Sung Jae Selected to Host ‘A Song For You’ (9 June 2014)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-05-22 တွင် ပြန်စစ်ပြီး။
  7. [MV Big Byung(빅병) _ Stress Come on! (스트레스 컴온!)]။ YouTube (2014-08-19)။ 2014-08-19 တွင် ပြန်စစ်ပြီး။
  8. Big Byung Releases New MV "Ojingeo Doenjang"Soompi (2015-01-16)။ July 31, 2016 တွင် ပြန်စစ်ပြီး။
  9. BTOB's Yook Sung Jae Shares Members' Response to Upcoming Drama (25 August 2014)။ 21 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-09-01 တွင် ပြန်စစ်ပြီး။
  10. BTOB’s Yook Sung Jae, Lim Hyung Jun and Kim Dong Hyun to Re-Appear on ‘Real Man’ (19 November 2014)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-05-22 တွင် ပြန်စစ်ပြီး။
  11. 'Who Are You' to deal with mysteries of youth (22 April 2015)။ 2015-05-22 တွင် ပြန်စစ်ပြီး။
  12. Yook Sung Jae Confirmed as Male Lead of School 2015 (31 March 2015)။ 3 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-04-06 တွင် ပြန်စစ်ပြီး။
  13. ‘Who Are You: School 2015’ Released Greeting Video of Yook Sung Jae (27 April 2015)။ 10 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-05-22 တွင် ပြန်စစ်ပြီး။
  14. Gaon Digital Chart (in Korean)။ Gaon Chart။ Korea Music Content Industry Association။ 2 February 2016 တွင် ပြန်စစ်ပြီး။
  15. Cumulative sales of "Photograph":
  16. Cumulative sales of "Love Song":
  17. Cumulative sales of "That Day Long Ago":
  18. Cumulative sales of "That Day Long Ago":
  19. Cumulative sales of "Young Love":
  20. Cumulative sales of "On The Four Lane Road":
  21. an0ya။ BTOB’s Yook Sungjae and Actor Lim Hyung Joon Join Official Cast of "Real Men"။ 2016-02-04 တွင် ပြန်စစ်ပြီး။
  22. Sora Ghim (10 February 2015) "Yook Sung Jae Is Coming To ‘Invisible Man’" BNTNews။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2017 တွင် ပြန်စစ်ပြီး။
  23. ‘듀엣가요제’ 육성재·윤하·조pd·전효성, 다채로운 무대 펼친다 (5 May 2016)။
  24. Choi၊ Bo-ran (5 September 2016)။ [단독 육성재, '라스' 스페셜 MC 낙점…양세형 이어 2번째]။ Sports Chosun။ 1 October 2016 တွင် ပြန်စစ်ပြီး။
  25. Park၊ Jin-young (27 December 2016)။ [단독 이상민·김종민·육성재, '주먹쥐고 뱃고동' 합류..1일 녹화] (in Korean)။ OSEN။ Naver။ 28 December 2016 တွင် ပြန်စစ်ပြီး။