ယူဆကု မအဲဇဝ

ဝီကီပီးဒီးယား မှ

ယူဆခု မအဲဇဝ
နိုင်ငံတကာအာကာသစခန်းပေါ်တွင်ရှိစဉ် မအဲဇဝ, ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်
ဇာတိ အမည်前澤 友作 (Maezawa Yusaku)
မွေးဖွား (1975-11-22) ၂၂ နိုဝင်ဘာ၊ ၁၉၇၅ (အသက် ၄၈)
ကမဂရမြို့၊ ချိဘစီရင်စု၊ ဂျပန်နိုင်ငံ
အလုပ်အကိုင်စီးပွားရေးသမား
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၈–လက်ရှိ
အဖွဲ့အစည်းStart Today, Zozotown, ZOZO
အိမ်ထောင်ဖက်(များ)ကွာရှင်းပြတ်စဲ
သားသမီး1[၁]
ယူဆကု မအဲဇဝ
Space Adventures Space tourist

ယူဆခု မအဲဇဝ (前澤 友作 Maezawa Yūsaku?, born 22 November 1975) သည် ဂျပန်သန်းကြွယ်သူဌေးနှင့် အနုပညာပစ္စည်းစုဆောင်းသူဖြစ်သည်။ သူသည် ၁၉၉၈ ခုနှစ်တွင် Start Today ကို တည်ထောင်ခဲ့ပြီး ယခု ဂျပန်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း ဖက်ရှင်လက်လီ အရောင်းဆိုင်ဝဘ်ဆိုဒ် Zozotown ကို ၂၀၀၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မအဲဇဝသည် ၂၀၁၈ ခုနှစ်တွင် စိတ်ကြိုက်အဝတ်အထည်အမှတ်တံဆိပ် ZOZO နှင့် အိမ်တွင်းတိုင်းတာမှုစနစ် ZOZOSUIT ကို မိတ်ဆက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် Forbes မှ ပိုင်ဆိုင်မှုဒေါ်လာ ၁.၉ ဘီလီယံရှိသည်ဟု ခန့်မှန်းထားသည်။[၁]

ဘဝအစပိုင်း[ပြင်ဆင်ရန်]

မအဲဇဝသည် ၁၉၉၁ ခုနှစ်တွင် Waseda Jitsugyo အထက်တန်းကျောင်းသို့ စတင်တက်ရောက်ခဲ့ပြီး သူ၏အတန်းဖော်များနှင့် Switch Style ဟုခေါ်သော အင်ဒီတီးဝိုင်းတစ်ခုကို စတင်ခဲ့သည်။ သူသည် အဖွဲ့မှာ ဒရမ်တီးသူဖြစ်ခဲ့သည်။[၂] ၎င်းတို့၏ ပထမဆုံး EP record ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။[၃]


အထက်တန်းကျောင်းပြီးသောအခါ ကောလိပ်မတက်ရန် ဆုံးဖြတ်ခဲ့ပြီး အဲဒီအစား သူ၏ချစ်သူနဲ့ အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့ခဲ့ပြီး CDs နဲ့ records တွေကို စတင်စုဆောင်းခဲ့ပါတယ်။ [၄] ၁၉၉၅ ခုနှစ်တွင် ဂျပန်သို့ ပြန်လာသောအခါ သူ၏ အယ်လ်ဘမ်စုဆောင်းမှုသည် အယ်လ်ဘမ်များနှင့် CD များကို စာတိုက်မှတစ်ဆင့် ရောင်းချသည့် သူ၏ ပထမဆုံးကုမ္ပဏီအတွက် အခြေခံဖြစ်လာခဲ့သည်။ [၂]

စီးပွားရေး[ပြင်ဆင်ရန်]

Zozosuit ဝတ်ထားသော အမျိုးသား

မအဲဇဝသည် ၁၉၉၈ ခုနှစ်တွင် စာတိုက်စနစ်မှာယူတဲ့ အယ်ဘမ်များ ရောင်းချခြင်းလုပ်ငန်းကို အခြေခံခဲ့တဲ့ Start Today ကုမ္ပဏီကို စတင်ခဲ့သည်။[၅] Start Today သည် ၂၀၀၀ ခုနှစ်တွင် အွန်လိုင်းပလပ်ဖောင်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပြီး အဝတ်အထည်များကို စတင်ရောင်းချခဲ့ပြီး အများပိုင်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ထို့နောက်၂၀၀၄ ခုနှစ်တွင် လက်လီအဝတ်အထည်ဝဘ်ဆိုဒ် Zozotown ကို ဖွင့်လှစ်ခဲ့ပြီး ခြောက်နှစ်အကြာတွင် Start Today သည် တိုကျိုစတော့အိတ်ချိန်း ၏ "Mothers" Index တွင် စာရင်းသွင်းထားသော အများသူငှာရောင်းဝယ်ရေးကုမ္ပဏီ ဖြစ်လာခဲ့သည်။ Start Today သည် ၂၀၁၂ ခုနှစ်တွင် တိုကျိုစတော့အိတ်ချိန်း၏ ပထမကဏ္ဍတွင် စာရင်းဝင်ခဲ့သည်။ [၆]

Zozotown သည် နိုင်ငံနှင့်နယ်မြေပေါင်း ၇၂ခုကျော်တွင် စိတ်ကြိုက်အဝတ်အထည်အမှတ်တံဆိပ် ZOZO နှင့် အိမ်တွင်းတိုင်းတာမှုစနစ် ZOZOSUIT ကို မိတ်ဆက်ခဲ့သည်။ [၇]

မအဲဇဝသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီ၏ ရှယ်ယာ ၅၀.၁ ရာခိုင်နှုန်းကို SoftBank သို့ US$၃.၇ billion (ယန်းငွေ ဘီလီယံ ၄၀၀)ဖြင့် ရောင်းချပြီးနောက် ZoZo မှ နုတ်ထွက်ခဲ့သည်။ Zozo၌ သူပိုင်ဆိုင်သော ကိုယ်ပိုင်ရှယ်ယာ ၃၀% ကိုလည်း Yahoo Japan သို့ ရောင်းချခဲ့သည်။ [၈]

ခေတ်ပြိုင်အနုပညာဖောင်ဒေးရှင်း[ပြင်ဆင်ရန်]

မအဲဇဝသည် တိုကျိုအခြေစိုက် ခေတ်ပြိုင်အနုပညာဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး "ခေတ်ပြိုင်အနုပညာမျိုးဆက်သစ်များ၏ မဏ္ဍိုင်တစ်ခုအဖြစ် လူငယ်အနုပညာရှင်များအား ပံ့ပိုးကူညီခြင်း" ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်သူဖြစ်သည်။ [၉] ခေတ်ပြိုင်အနုပညာဖောင်ဒေးရှင်းသည် တစ်နှစ်လျှင် နှစ်ကြိမ်ရှိုးပွဲများကို လက်ခံကျင်းပလျက်ရှိသည်။ မအဲဇဝသည် ၂၀၁၆ ခုနှစ် မေလ လေလံပွဲတွင် Jean-Michel Basquiat ခေါင်းစဉ်မဲ့ (၁၉၈၂) အနုပညာလက်ရာအတွက် စံချိန်တင်ဈေး ဒေါ်လာ ၅၇.၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် ၎င်းအနုပညာရှင်၏ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဦးခေါင်းခွံတစ်ခု၏ ခေါင်းစဉ်မဲ့ (၁၉၈၂) အနုပညာလက်ရာအတွက် ဒေါ်လာ ၁၁၀.၅ သန်းဖြင့် ထပ်မံဝယ်ယူခဲ့ပြီး ယခင်စံချိန်တင်ဈေးကို ချိုးခဲ့သည်။ [၁၀] မအဲဇဝသည် တူညီသော ၂၀၁၆ ခုနှစ် မေလ လေလံပွဲတွင် Bruce Nauman ၊ Alexander Calder ၊ Richard Prince နှင့် Jeff Koons တို့၏ လက်ရာများကို နှစ်ရက်အတွင်း စုစုပေါင်း ဒေါ်လာ ၉၈ သန်း အကုန်အကျခံ ဝယ်ယူခဲ့သည်။ [၁၁] မအဲဇဝသည် ၎င်း၏ စုဆောင်းထားမှုများကို ထားရှိမည့် ခေတ်ပြိုင်အနုပညာပြတိုက်တစ်ခုကို ၎င်း၏ဇာတိဖြစ်သော ချိဘတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်။ [၉]

အာကာသယာဉ်များ[ပြင်ဆင်ရန်]

ပတ်ပတ်လည် ပျံသန်းခြင်း။[ပြင်ဆင်ရန်]

မအဲဇဝသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် လကမ္ဘာပတ်ပတ်လည်ကို လည့်ပတ်ပျံသန်းမည့် ပထမဆုံးသော ခရီးသည် ဖြစ်လာမည်ဟု ကြေညာခဲ့သည်။ [၁၂] သူသည် ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့သော SpaceX Starship ပေါ်တွင် လိုက်ပါစီးနင်းမည် ဖြစ်သည်။ ပျံသန်းမှု ကြာမြင့်ချိန် ခြောက်ရက်နီးပါးဖြင့် ၂၀၂၃ ခုနှစ်ထက် မစောဘဲ လည့်ပတ်ပျံသန်းရန် စီစဉ်ထားသည်။ သူနဲ့အတူ အနုပညာရှင် ခြောက်ဦးကနေ ရှစ်ဦးအထိ ခေါ်သွားဖို့ စီစဉ်ထားတဲ့ #dearMoon ဆိုတဲ့ ပရောဂျက်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ကမ္ဘာတဝှမ်းရှိ လူငယ်များကို ကမ်းလှမ်းခဲ့ပါသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် မတ်လတွင် အဖွဲ့ဝင်အဖြစ် သတ်မှတ်မည့် လိုအပ်ချက်များကို ပြောင်းလဲခဲ့သည်။

ISS မစ်ရှင်[ပြင်ဆင်ရန်]

မအဲဇဝသည် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်တွင် Soyuz မှတဆင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာအာကာသစခန်းသို့ သွားရောက်မည့် Space Adventures တွင် ပါဝင်မည်ဟု ကြေညာခဲ့သည်။ သူသည် ကမ္ဘာပတ်လမ်းပေါ်တွင် ၎င်း၏လက်ထောက် ယိုဇို ဟီရနိုနှင့် ၁၂ ရက်ကြာ အာကာသပျံသန်းမှုကို တွေ့ကြုံဖြတ်သန်းရန် ရည်ရွယ်ထားပြီး အများပြည်သူများ တောင်းဆိုသည့် ထိပ်တန်းအရာ ၁၀၀ ကို လုပ်ဆောင်ရန်နှင့် SpaceX လကမ္ဘာပျံသန်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို မှတ်တမ်းတင်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။ [၁၃] [၁၄] [၁၅]

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မအဲဇဝနှင့် ၎င်း၏လက်ထောက် ယိုဇို ဟီရနိုတို့သည် ကာဇက်စတန်နိုင်ငံရှိ Baikonur Cosmodrome မှ ရုရှားလုပ် Soyuz MS-20 ဖြင့် နိုင်ငံတကာအာကာသစခန်း (ISS) ထွက်ခွာခဲ့သည်။ [၁၆] [၁၇] [၁၈] မအဲဇဝသည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် "အာကာသမှငွေ" အစီအစဉ်တွင် ပါဝင်သူတိုင်းအတွက် ငွေရရှိမည့် လှုံ့ဆော်မှုတစ်ခုကို အာကာသမှ ကြေညာခဲ့သည်။ [၁၉] [၂၀] အစီအစဉ်ကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ခဲ့သည်။ [၂၁] သူသည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စီစဉ်ထားတဲ့အတိုင်း ကမ္ဘာမြေသို့ ပြန်လည်ရောက်ခဲ့သည်။ [၂၂]

အများဆုံး retweeted[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် သူ၏ တွစ်တာ မက်ဆေ့သတင်းစကားများကို ပြန်လည် retweet လုပ်ထားသူများနှင့် သူ့ကို follower အဖြစ်လုပ်ထားသူ ၁၀၀၀ မှ ကျပန်းရွေးချယ်ထားသည့် လူများကို တစ်ဦးချင်းစီ ဂျပန်ယန်းငွေတစ်သန်း (ခန့်မှန်း အမေရိကန်ဒေါ်လာ ၉၃၀၀)ကို ပေးအပ်ခဲ့သည်။ [၂၃] လူပေါင်း လေးသန်းကျော်သည် မအဲဇဝ၏ တွစ်တာ မက်ဆေ့သတင်းစကားကို ပြန်လည် retweet လုပ်ခဲ့ကြပြီး follow လုပ်ခဲ့ကြသည်။

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

သူသည် သူ၏ဇနီးဖြင့် ကွာရှင်းပြတ်စဲထားပြီး ကလေးတစ်ဦးနှင့် ဂျပန်နိုင်ငံ ချိဘတွင် နေထိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Forbes profile: Yusaku MaezawaForbes.com။ 23 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Adelstein၊ Mari Yamamoto|Jake (13 May 2016)။ Meet Yusaku Maezawa, The Billionaire Entrepreneur Rocking The Art World
  3. Switch Style
  4. 「競争嫌い」で年商1000億円【1】 -対談:スタートトゥデイ社長 前澤友作×田原総一朗 新しい日本のチカラ:PRESIDENT Online – プレジデント (10 April 2014)။
  5. "Yusaku Maezawa 2016 Contemporary Art Award"၊ 24 June 2016။ 
  6. Adelstein၊ Mari Yamamoto|Jake (13 May 2016)။ Meet Yusaku Maezawa, The Billionaire Entrepreneur Rocking The Art World
  7. Nussey၊ Sam|Jake (2 July 2018)။ Japan's Zozo, using measurement-taking bodysuit, expands bespoke service
  8. "Billionaire to sell Zozo stake to Yahoo Japan"၊ 12 September 2019။ 
  9. ၉.၀ ၉.၁ Contemporary Art Foundation (Public Interest Corporation)။ 23 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2022 တွင် ပြန်စစ်ပြီး။
  10. Meet The Japanese E-Commerce Billionaire Who Just Spent $110.5 Million On A Basquiat Painting
  11. "Collector Maezawa drops $98 million on art in two days"။ 
  12. First Private Passenger on Lunar Starship Mission
  13. Stimac၊ Valerie။ Japanese Billionaire Yusaku Maezawa Is Heading To The International Space Station In December
  14. Japanese billionaire Yusaku Maezawa to travel to ISS in December။ 23 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2022 တွင် ပြန်စစ်ပြီး။
  15. Wanted! 100 Things You Want MZ To Do in Space!
  16. Space exploration in 2021
  17. Russian rocket blasts off carrying Japanese billionaire to ISS
  18. Space Tourist Billionaire Maezawa Blasts Off to Space - December 8, 2021
  19. "“前澤友作 全員お金贈りfrom宇宙”が『kifutown』を通じて本日12月19日(日)より開始"။ 10 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 20 December 2021။ 
  20. "Another billionaire is blasting into space — and he said he'll give away cash to people on earth while he's in orbit"။ 
  21. "前澤友作さん、「宇宙から全員お金贈り」スタートしサーバーがパンク「宇宙から地上に駆けつけたいくらい」" (in Japanese)၊ December 19, 2021။ 2021-12-20 တွင် ပြန်စစ်ပြီး။ Archived from the original on 20 December 2021။ 
  22. LIVE: Japanese space tourists speak after returning to Earth (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 22 ဒီဇင်ဘာ 2021 တွင် ပြန်စစ်ပြီး
  23. yousuck2020 (31 December 2019)။ 🎍謹賀新年🎍【総額10億円】#前澤お年玉 100万円を1000人にプレゼントします!100万円で皆さまの人生がよりハッピーになりますように。応募方法は僕のフォローとこのツイートのリツイート。締切は1月7日23:59まで…