ဆေး

ဝီကီပီးဒီးယား မှ
ကော်ဖီနှင့် အခြားအချိုယမကာများတွင် ပါဝင်သော ကေဖိန်းကို ကမ္ဘာတစ်ဝန်းတွင် စိတ်ကြွဆေးအဖြစ် အသုံးပြုကြသည်။ မြောက်အမေရိကန်ရှိ အရွယ်ရောက်သူ ၉၀% သည် နေ့စဉ်သုံးစွဲလျက်ရှိသည်။[၁]
စီးကရက်တွင် ပါဝင်သော နီကိုတင်းသည် ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက်ရှိသော ဆေးဖြစ်သည်။[၂]

ဆေး (drug) ဆိုသည်မှာ အစားအစာမှ လွဲ၍ ရှုရှိုက်နိုင်သော၊ ထိုးသွင်းနိုင်သော၊ အငွေ့ရှုနိုင်သော၊ စားသုံးနိုင်သော၊ အရေပြားမှတဆင့် စုပ်ယူနိုင်သော၊ သို့မဟုတ် လျှာအောက်မှတဆင့် ပျော်ဝင်နိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။[၃][၄]

ဆေးဝါးဗေဒတွင် ဆေးဝါး (pharmaceutical drug သို့မဟုတ် medicine) ဆိုသည်မှာ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး ကုသရန်၊ ပျောက်ကင်းစေရန်၊ ကာကွယ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ကျန်းမာရေးအခြေအနေ မြှင့်တင်ရန်တို့အတွက် အသုံးပြုသည်။[၃] ဆေးဝါးများကို နာတာရှည်ရောဂါများအတွက် မဟုတ်ပါက အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုသင့်သည်။[၅]

စိတ်ကို ပြောင်းလဲစေသောဆေးများ (psychoactive drugs) သည် ဓာတုပစ္စည်းများဖြစ်ပြီး ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေကာ အသိအမြင်များ၊ စိတ်ခံစားမှုများကို ပြောင်းလဲစေတတ်သည်။[၆] ယင်းတို့တွင် စိတ်ကျဆေး အရက်နှင့် စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကေဖိန်းတို့ ပါဝင်သည်။ ဤသုံးမျိုးကို ကမ္ဘာတစ်ဝန်းတွင် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများအဖြစ် ကျယ်ပြန့်စွာ သုံးစွဲနေကြပြီး[၇] ယင်းတို့ကို အပန်းဖြေစရာ ဆေးများအဖြစ် မှတ်ယူကြသည်။[၈] အခြားသော အပန်းဖြေဆေးများတွင် စိတ်ချောက်ချားဆေးများ (hallucinogen)၊ ဘိန်းပါသော ဆေးများ (opiates) နှင့် အမ်ဖတမင်း (amphetamine) တို့ဖြစ်သည်။ အချို့ဆေးများမှာ ဆေးစွဲခြင်းကို ဖြစ်စေတတ်ပြီး[၉] ထိုဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Richard Lovett (24 September 2005)။ Coffee: The demon drink?။ 2014-05-01 တွင် ပြန်စစ်ပြီး။
  2. According to the statistics of the Food and Agriculture Organization the production quantity in 2006 of coffee was 7.8 million tonnes and of tobacco was 6.7 million tonnes.
  3. ၃.၀ ၃.၁ "Drug"။ Dictionary.com Unabridged။ v 1.1။ Random House။ 20 September 2007 – via Dictionary.com။
  4. Drug DefinitionStedman's Medical Dictionary။ 2014-05-01 တွင် ပြန်စစ်ပြီး။
  5. "Drug"။ The American Heritage Science Dictionary။ Houghton Mifflin Company20 September 2007 တွင် ပြန်စစ်ပြီး – via dictionary.com။
  6. Homepage - Department of Health
  7. Crocq MA (June 2003). "Alcohol, nicotine, caffeine, and mental disorders". Dialogues Clin Neurosci. 5 (2): 175–185. 
  8. Recreational Drug။ 16 March 2015 တွင် ပြန်စစ်ပြီး။
  9. "The Destructive Capacity of Drug Abuse: An Overview Exploring the Harmful Potential of Drug Abuse Both to the Individual and to Society" (2013). ISRN Addiction 2013. doi:10.1155/2013/450348. Retrieved on 15 April 2015. 
  10. "MHRA Side Effects of Medicines." MHRA Side Effects of Medicines,