ငါးမုတ်
Silver pomfret | |
---|---|
Pampus argenteus | |
မသတ်မှတ်ရသေး (IUCN 3.1)(Global)
| |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Scombriformes |
မျိုးရင်း: | Stromateidae |
မျိုးစု: | Pampus |
မျိုးစိတ်: | P. argenteus
|
ဒွိနာမ | |
Pampus argenteus (Euphrasén, 1788)
| |
Synonyms | |
|
မြန်မာနိုင်ငံရှိ အရသာကောင်းသောငါးများတွင် ငါးမုတ် ပါဝင်သည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီ ကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်ဖြူ(ကွန်ဒရိုပလိုက် ချိုင်နန်ဆစ်)၊ ငါးမုတ်ငွေရောင် (ပမ်ပပ်အာဂျင်တီယပ်)နှင့် ငါးမုတ်မဲ (ပါရာစတြိုမာတီယပ်နိဂါ)ဟူ၍ ငါးမုတ် ၃ မျိုးရှိရာ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲကိုသာ တွေ့ရ၍ ငါးမုတ်ငွေရောင် ရှိမရှိကိုကား တပ်အပ်သေချာစွာ မသိရချေ။ ငါးမုတ်မျိုးသည် အရွယ် ငယ်ပြီး ကိုယ်ပြားသောငါးမျိုး ဖြစ်သည်။
ငါးမုတ်ဖြူ
[ပြင်ဆင်ရန်]ငါးမုတ်ဖြူသည် ငါးမုတ် ၃ မျိုးအနက် အရသာအရှိဆုံး သောငါး ဖြစ်၏။ ရခိုင်တိုင်းတွင် ငယုဇနဟူ၍လည်းကောင်း၊ တနင်္သာရီ တိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ်ကြသည်။ ကိုယ်အလွန်ပြား၍ ကျယ်ပြန့်၏။ အမြီးခွ စောက်နက်၏။ အရောင်မှာ အဖြူဖြစ် သော်လည်း ကျောတစ်လျှောက်တွင် မွဲပြာရောင်သန်းနေ၏။
ငါးမုတ်မဲ
[ပြင်ဆင်ရန်]ငါးမုတ်မဲကို တနင်္သာရီတိုင်းတွင် ငါးမုတ်ဖြူ၍ပင်ခေါ် သည်။ ရခိုင်တိုင်းတွင်မူ ယုဇနသမ္ဘူဟူ၍ ခေါ်ကြသည်။ ငါးမုတ်ဖြူနှင့် အသွင်ချင်းတူပြီး အရောင်သာလျှင် ကွဲပြား လေသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် သို့မဟုတ် မွဲပြာရင့်ရောင် ဖြစ်သည်။ ဆူးတောင်များ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ အမြီး၏ အရောင်သည် ဝါ၍ အညိုရောင် ကန့်လန့်စင်း ၃ ကြောင်း ရှိသည်။ ငါးမုတ်မဲသည် ငါးမုတ်ဖြူကဲ့သို့ အရသာ မရှိချေ။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Pampus argenteus https://www.iucnredlist.org/species/166855/57276603" . IUCN Red List of Threatened Species. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)