ငါးမုတ်

ဝီကီပီးဒီးယား မှ
Silver pomfret
Pampus argenteus
မသတ်မှတ်ရသေး (IUCN 3.1)(Global)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Scombriformes
မျိုးရင်း: Stromateidae
မျိုးစု: Pampus
မျိုးစိတ်:
P. argenteus
ဒွိနာမ
Pampus argenteus
(Euphrasén, 1788)
Synonyms
  • Stromateus argenteus Euphrasen, 1788
  • Stromateoides argenteus (Euphrasen, 1788)
  • Stromateus cinereus Bloch, 1795
  • Pampus cinereus (Bloch, 1795)
  • Stromatioides nozawae Ishikawa, 1904

မြန်မာနိုင်ငံရှိ အရသာကောင်းသောငါးများတွင် ငါးမုတ် ပါဝင်သည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီ ကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်ဖြူ(ကွန်ဒရိုပလိုက် ချိုင်နန်ဆစ်)၊ ငါးမုတ်ငွေရောင် (ပမ်ပပ်အာဂျင်တီယပ်)နှင့် ငါးမုတ်မဲ (ပါရာစတြိုမာတီယပ်နိဂါ)ဟူ၍ ငါးမုတ် ၃ မျိုးရှိရာ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲကိုသာ တွေ့ရ၍ ငါးမုတ်ငွေရောင် ရှိမရှိကိုကား တပ်အပ်သေချာစွာ မသိရချေ။ ငါးမုတ်မျိုးသည် အရွယ် ငယ်ပြီး ကိုယ်ပြားသောငါးမျိုး ဖြစ်သည်။

ငါးမုတ်ဖြူ[ပြင်ဆင်ရန်]

ငါးမုတ်ဖြူသည် ငါးမုတ် ၃ မျိုးအနက် အရသာအရှိဆုံး သောငါး ဖြစ်၏။ ရခိုင်တိုင်းတွင် ငယုဇနဟူ၍လည်းကောင်း၊ တနင်္သာရီ တိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ်ကြသည်။ ကိုယ်အလွန်ပြား၍ ကျယ်ပြန့်၏။ အမြီးခွ စောက်နက်၏။ အရောင်မှာ အဖြူဖြစ် သော်လည်း ကျောတစ်လျှောက်တွင် မွဲပြာရောင်သန်းနေ၏။

ငါးမုတ်မဲ[ပြင်ဆင်ရန်]

ငါးမုတ်မဲကို တနင်္သာရီတိုင်းတွင် ငါးမုတ်ဖြူ၍ပင်ခေါ် သည်။ ရခိုင်တိုင်းတွင်မူ ယုဇနသမ္ဘူဟူ၍ ခေါ်ကြသည်။ ငါးမုတ်ဖြူနှင့် အသွင်ချင်းတူပြီး အရောင်သာလျှင် ကွဲပြား လေသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် သို့မဟုတ် မွဲပြာရင့်ရောင် ဖြစ်သည်။ ဆူးတောင်များ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ အမြီး၏ အရောင်သည် ဝါ၍ အညိုရောင် ကန့်လန့်စင်း ၃ ကြောင်း ရှိသည်။ ငါးမုတ်မဲသည် ငါးမုတ်ဖြူကဲ့သို့ အရသာ မရှိချေ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Pampus argenteus https://www.iucnredlist.org/species/166855/57276603" . IUCN Red List of Threatened Species. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)