ယာ့ခ် ရှားလ်

ဝီကီပီးဒီးယား မှ
ယာ့ခ် ရှားလ်
ပုံတူပန်းချီ
မွေးဖွားNovember 12, 1746 (1746-11-12)
Beaugency, Orléanais
ဆုံးပါးApril 7, 1823 (1823-04-07) (အသက် ၇၆)
ပြင်သစ်နိုင်ငံပဲရစ်မြို့
နိုင်ငံလူမျိုးပြင်သစ်
နယ်ပယ်ရူပဗေဒပညာရှင်
သင်္ချာပညာရှင်
မိုးပျံပူဖောင်းစီးခြင်း
အဖွဲ့အစည်းဌာနပြင်သစ်သိပ္ပံအကယ်ဒမီ
ကျော်ကြားမှုအရင်းခံချားလ် နိယာမ

ယာ့ခ် အလက်ဆန်းဒါး ဆီဇာ ရှားလ်[မှတ်စု ၁] (ပြင်သစ်: Jacques Alexandre César Charles; ၁၇၄၆ နိုဝင်ဘာ ၁၂ - ၁၈၂၃ ဧပြီ ၇) သည် ပြင်သစ် တီထွင်သူ၊ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ မိုးပျံပူဖောင်းစီးသူ တစ်ဦးဖြစ်သည်။ ရှားလ်သည် သင်္ချာနှင့်ပတ်သက်၍ ရေးသားမှုရှားသည်။ ၎င်းရေးသည်ဟုဆိုသော သင်္ချာနှင့်ပတ်သက်မှုများသည် အခြားအမည်တူ ရှားလ်ရေးသားထားခြင်းဖြစ်၍ ထိုသို့ အထင်မှားခြင်းဖြစ်သည်။ အမည်တူ ရှားလ်သည်လည်း ပဲရစ်သိပ္ပံအကယ်ဒမီ အဖွဲ့အစည်း၏ အသင်းဝင်ဖြစ်သည်။

ရှားလ်နှင့် ရောဘတ်ညီအကိုတို့သည် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်ဖြည့် ဓာတ်ငွေ့ပူဖောင်းကို ၁၇၈၃ တွင် လွှတ်တင်ခဲ့၍ ၁၇၈၃ ဒီဇင်ဘာ၌ ရှားလ်နှင့် ပူးတွဲမောင်းသူ နီကိုလပ်စ် လူဝီ ရောဘတ်တို့သည် လူထိန်း မိုးပျံပူဖောင်းဖြင့် အမြင့်ပေ ၁၈၀၀ (၅၀၀ မီတာ) ရှိ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။ ဤသို့ စွန့်ဦးတီထွင် ဟိုက်ဒရိုဂျင်ဖြင့် အမြင့်သို့ပျံသန်းခြင်းကြောင့် ဤသို့သော မိုးပျံပူဖောင်းသည် Charlière ဟု အမည်တွင်ခဲ့သည်။

ဓာတ်ငွေ့များသည် အပူပေးခြင်းခံရသောအခါ ကျယ်ပြန့်လာသည်ကို ဖော်ပြထားသည့် ချားလ်၏ နိယာမကို ယောဇက် လူဝီ ဂဲလူဆာ့ခ်က ၁၈၀၂ တွင် ထုတ်ဖော်ခဲ့သည်။ သို့သော် ဂဲလူဆာ့ခ်က ဤသည်မှာ ရှားလ်၏ ထုတ်ဝေခြင်းမပြုခဲ့သော လက်ရာအဖြစ် အသိအမှတ်ပြုခဲ့သည်။[၁]


ရှားလ်ကို ပြင်သစ်သိပ္ပံအကယ်ဒမီ (Académie des Sciences) တွင် ၁၇၉၅ ၌ ရွေးချယ်ခဲ့၍ ထိုအကယ်ဒမီတွင်ပင် ရူပဗေဒ ပါမောက္ခတစ်ဦးဖြစ်လာခဲ့သည်။[၂]

မှတ်စု[ပြင်ဆင်ရန်]

  1. ဤပြင်သစ်စကားလုံး Charles (ရှားလ်) သည် အင်္ဂလိပ်စကားလုံး Charles (ချားလ်ဇ်) နှင့် တူသော်လည်း ပြင်သစ်အသံဖြင့် ရှားလ် ဟု ထွက်ရှိသည်။ သို့ရာတွင် ၎င်း၏ အမည်ကို ရှားလ် ဟု ရေးသားသော်လည်း ၎င်း၏ နိယာမကို မြန်မာစကား၌ လူသိများသော အမည်ဖြင့် ချားလ်၏ နိယာမ ဟု သုံးစွဲထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Gay-Lussac, J. L. (1802)၊ "Recherches sur la dilatation des gaz et des vapeurs"၊ Annales de ChimieXLIII: 137. English translation (extract).
  2. Gough, J.B. (December 1979). "Charles The Obscure". Isis 70 (4): 576–579. doi:10.1086/352345.