ယစ်မျိုးခွန်

ဝီကီပီးဒီးယား မှ

ယစ်မျိုးခွန်[ပြင်ဆင်ရန်]

ယစ်မျိုးခွန်ဟု ဆိုလျှင် သာမန်အားဖြင့် အစိုးရက ဘိန်း ဘင်း၊ ကစော်၊ လှော်စာ၊ အရက် စသော ယစ်မူးစေသည့် ကုန် ပစ္စည်းများပေါ်တွင် စည်းကြပ်ရသော အခွန်ဟူ၍ လူအများ သိကြသည်။ စင်စစ်အားဖြင့် ယစ်မျိုးခွန်ဆိုသည်မှာ ပြည်တွင်း ဖြစ် ကုန်ပစ္စည်းများပေါ်တွင် စည်းကြပ်ကောက်ခံရသော အခွန် ပင် ဖြစ်သည်။ အစိုးရထံမှ ထိုကုန်ပစ္စည်းများ ထုတ်လုပ်ခွင့် လိုင်စင်အတွက် ပေးရသောအခွန်ငွေသည်လည်း ယစ်မျိုးခွန်ပင် ဖြစ်လေသည်။ ထို့အပြင် အစိုးရက သတ်မှတ်ထားသော ကုန် ပစ္စည်းထုတ်လုပ်ခွင့် အထူးလိုင်စင်အတွက် ပေးရသောအခွန်ငွေ သည်လည်း ယစ်မျိုးခွန်ပင် ဖြစ်သည်။ ထို့ကြောင့် ယစ်မျိုးခွန် သည် ပြည်တွင်းဖြစ် ကုန်ပစ္စည်းပေါ်တွင် စည်းကြပ်ကောက်ခံ ရသော အခွန်ဖြစ်၍ အကောက်ခွန်သည် ပြည်ပမှ တင်သွင်း သော ကုန်ပစ္စည်းပေါ်တွင် စည်းကြပ်ကောက်ခံရသောအခွန် ဖြစ်သည်ဟု ဆိုနိုင်လေသည်။

ထိုအခွန် နှစ်မျိုးစလုံးကို ကုန်ပစ္စည်းထုတ်လုပ်သူက သော်လည်းကောင်း၊ ကုန်ပစ္စည်းတင်သွင်းသူကသော်လည်းကောင်း ထမ်းဆောင်ကြ ရသည်မဟုတ်။ ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ထပ်ဆောင်းထား သည်ဖြစ်၍ ဝယ်ယူသုံးစွဲသူတို့ကသာ ထမ်းဆောင်ကြရလေ သည်။ ယခင်က ယစ်မျိုးခွန် စည်းကြပ်ကောက်ခံနိုင်သော ကုန်ပစ္စည်းအမျိုးအမည်၊ လုပ်ငန်းအမျိုးအမည်တို့သည် ထူးထွေ များပြားခဲ့လေသည်။ ယခုအခါ၌မူကား အဓိကအားဖြင့် စီးကရက် ဆေးလိပ်၊ မီးခြစ်၊ သေရည်သေရက် စသည်တို့ကို ထုတ်လုပ်ခွင့်အတွက်သော်လည်းကောင်း၊ ရောင်းချခွင့်အတွက်သော်လည်းကောင်း စည်းကြပ်ကောက်ခံသော အခွန်မှာ ယစ်မျိုးခွန်ပင် ဖြစ်လေ သည်။ အခွန်အတုတ်[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)