မှတ်ရည်ချက်

ဝီကီပီးဒီးယား မှ

သဘာဝတ္ထဗေဒ (Philosophy)တွင် နောက်ထပ်ဆင့်ပွားသော ကောက်ချက်တခုခုကို တည်ဆောက်ရန် အောက်ခံသဘောအဖြစ် ဤသို့မူ ဟုတ်မှန်တန်သည်ဟု သတ်မှတ်လျက် အခြေခံအဖြစ် ရည်ရွယ်လိုက်သော အချက်တို့ကို မှတ်ရည်ချက် (axiom or postulate) ဟု ခေါ်၏။
သင်္ချာ (Mathematics) တွင် မည်သည့် သင်္ချာဇာတ်ကောင်က မည်သို့သော အခြင်းအရာများမူ ကျိန်းသေ ရှိနှင့်ရမည်ဟု သတ်မှတ် ရည်ညွှန်းလိုက်သော အခြင်းအရာ သတ္တိတို့ကို မှတ်ရည်ချက် (axiom) ဟု ခေါ်၏။

"သင့်လျော်သည်ဟု ရည်မှတ်အပ်သော" သို့မဟုတ် "မိမိကိုယ်ကိုပင် သက်သေခံအဖြစ် အမှီပြုသော" ဟု အနက်ရောက်သည့် ရှေးဂရိစကားလုံး ἀξίωμα မှ ဆင်းသက်လာ၍ အင်္ဂလိပ်စကား၌ "axiom" ဟု ခေါ်ခြင်း ဖြစ်သည်။[၁][၂]

အကိုးအကား[ပြင်ဆင်ရန်]

  1. Cf. axiom, n., etymology. Oxford English Dictionary, accessed 2012-04-28.
  2. Stevenson၊ Angus; Lindberg၊ Christine A., eds. (2015)။ New Oxford American Dictionary (3rd ed.)။ Oxford University Press။ doi:10.1093/acref/9780195392883.001.0001ISBN 9780199891535a statement or proposition that is regarded as being established, accepted, or self-evidently true.