မွန်းအောင်

ဝီကီပီးဒီးယား မှ
(မွန်းအောင်‌ မှ ပြန်ညွှန်းထားသည်)
မွန်းအောင်
မွေးဖွား၁၉၆၀
ကချင်ပြည်နယ်
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်အဆိုတော်၊ သရုပ်ဆောင်


မွန်းအောင် (၁၉၆၀ ခုနှစ်ဖွား)[၁][၂] သည် ကချင်လူမျိုး အဆိုတော် တေးရေးဆရာ နှင့် ဒီမိုကရေစီ လှုပ်ရှားသူတစ်ဦးဖြစ်သည်။ ၁၉၈၈ ခုနှစ်အရေးအခင်းကာလတွင် အစိုးရဆန့်ကျင်သရုပ်ပြခဲ့မှုများကြောင့် နော်ဝေးနိုင်ငံသို့ ထွက်ခွာလာခဲ့ရသည်။[၃]ထူးအိမ်သင်ရေးသားခဲ့သော အရေးကြီးပြီ(သွေးသစ္စာ)သီချင်းအားသီဆိုခဲ့သူဖြစ်သည်။ လွတ်မြောက်နယ်မြေတွင်အတူတကွနေထိုင်ခဲ့ကြရာ ထူးအိမ်သင်မှ မွန်းအောင် အား ထိုသီချင်းအားသီဆိုစေခဲ့သည်။ ယနေ့ခေတ်တိုင် သွေးသစ္စာ သီချင်းမှာ ခေတ်စနစ်ကိုထင်ဟပ်နေလေသည်။

ထုတ်လုပ်ဖြန့်ချိခဲ့သော တေးစုများ[ပြင်ဆင်ရန်]

၁။ စိဉ္စမာဏဉာဏ်[ပြင်ဆင်ရန်]

စိဉ္စမာဏဉာဏ် တေးစီးရီးကို ၁၉၈၀ ပြည့်နှစ်တွင် စင်ယော်တေးသံသွင်းက ထုတ်လုပ်ဖြန့်ချိခဲ့သည်။ သီချင်းများအား မဇ္ဈိမလှိုင်း အဖွဲ့က တီးခတ်ပြီး တေးရေးများမှာ ကိုနေဝင်းမောင်မောင်ကိုရဲလွင်မောင်သစ်မင်းနိုင်မင်းနှင့် မွန်းအောင် တို့ ဖြစ်သည်။

  • Side A
    • အချစ်၏လက်များဖြင့် (မောင်သစ်မင်း)
    • ငါလိုလူ (မောင်မောင်)
    • စိဉ္စမာနဉာဏ် (ကိုနေဝင်း)
    • လှတစ်မျက်နှာ (မောင်မောင်၊ နိုင်မင်း)
    • ရိုးရိုးလေး (မောင်မောင်)
    • ကုန်လွယ်လွန်းလိုက်တာ (မောင်မောင်)
    • ရှိမှငြိနိုင်တာပါ (မောင်မောင်)
    • နားခိုရာ (ရဲလွင်၊ မောင်သစ်မင်း)
    • မညီတဲ့ထမ်းပိုး (ကိုနေဝင်း)
  • Side B
    • ပန်းစိုက်သူတို့ဝေဒနာ (ရဲလွင်၊ မောင်သစ်မင်း)
    • မေတ္တာရှင်၏လက်ရာ (ကိုနေဝင်း)
    • ခရောင်းတော (မွန်းအောင်)
    • အတ္တဖြုတ်ကြ (ရဲလွင်)
    • ဝေး (နိုင်မင်း)
    • မင်းသိပါတယ် (ရဲလွင်)
    • မေ (မောင်မောင်၊ နိုင်မင်း)
    • ချစ်သူအတွက်ဘဝသစ် (ရဲလွင်၊ မောင်သစ်မင်း)

၂။ ၈/၈၂ အင်းလျား[ပြင်ဆင်ရန်]

၈/၈၂ အင်းလျား တေးစီးရီးကို ၁၉၈၄ ခုနှစ်တွင် စင်ရော်၊မန္တလေး၊တေးသံသွင်း တို့မှ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တီးခတ်သူများမှာ The Rhythm တီးဝိုင်းဖြစ်ပြီး တေးရေးသူများမှာ ကိုနေဝင်း၊ မောင်မောင်၊ ရဲလွင်၊ ရာပြည့်၊ ဟန်ဇော်၊ အဝခေါ်ရမ်နှင့် မွန်းအောင် တို့ ဖြစ်သည်။

  • Side A
    • ယူပါမေရေ ယူ (ကိုမောင်မောင်)
    • ဝတ်မှုန် (ကိုမောင်မောင်)
    • တစ်စိတ်တည်းလား (ကိုရဲလွင်)
    • ယုံကြည်တတ်ပါ (ခေါ်ရမ်း၊ မွန်းအောင်)
    • ချစ်သောနွေ (ကိုမောင်မောင်)
    • နေဦးအချစ်ဆုံး (ကိုရဲလွင်)
  • Side B
    • .မျှော်လင့်ချက်နဲ့အတူ (ရာပြည့်၊ ဟန်ဇော်)
    • ၈/၈၂ အင်းလျား (ခေါ်ရမ်း၊ မွန်းအောင်)
    • သတိမမူဂူမမြင် (ကိုနေဝင်း)
    • အိုဘယ့်သစ္စာရှင် (မွန်းအောင်)
    • ပန်းတိုင်နဲ့စိတ်ကူး (မွန်းအောင်)
    • ခွဲခွာခြင်းကိုနှစ်သိမ့်သည့်အပြုံး (ကိုနေဝင်း)

၃။ မိုးလုံးမှိုင်း[ပြင်ဆင်ရန်]

မိုးလုံးမှိုင်း တေးစီးရီးကို ၁၉၈၅ ခုနှစ်တွင် စင်ရော်၊မန္တလေး၊တေးသံသွင်း မှ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တေးဂီတမှာTHE RHYTHMS’OF’THE MEDIUMWAVE MUSIC ဖြစ်ပြီး တေးရေးများမှာ ကိုမောင်မောင်၊ ကိုနေဝင်း၊ ကိုရဲလွင်၊ မောင်သစ်မင်း၊ ခင်မောင်တိုးနှင့် ချစ်ကို တို့ ဖြစ်သည်။

  • Side A
    • ဘ၀ဆက်တိုင်းအတူ (ကိုမောင်မောင်)
    • မိုးလုံးမှိုင်း (ကိုမောင်မောင်)
    • အပြစ်အားလုံးငါ့အပေါ်ပုံလိုက်တော့ (ကိုရဲလွင်၊ မောင်သစ်မင်း)
    • နွေလယ်မိုးဦး (ကိုနေဝင်း)
    • မျက်နှာသစ်ချိန် (ကိုရဲလွင်၊ မောင်သစ်မင်း)
    • ဒြပ်မဲ့ထုထည် (ကိုမောင်မောင်၊ ခင်မောင်တိုး)
    • ခရေလမ်း (ကိုမောင်မောင်၊ ကိုရဲလွင်)
  • Side B
    • နှင်းစက်နဲ့လမ်း (ကိုမောင်မောင်)
    • သည်ပုံပမာ (ကိုနေဝင်း)
    • တစ်စက်တည်း (ကိုမောင်မောင်၊ ချစ်ကို)
    • အလွမ်းနွေ (ကိုမောင်မောင်)
    • ဘီလူးစည်းလူ့စည်း (ကိုရဲလွင်)
    • ရင်ခြင်းအပ်ပြီးကျောခိုင်းဖို့ (ကိုမောင်မောင်၊ ချစ်ကို)
    • ရေစီးကြောင်း (ကိုနေဝင်း၊ ကိုရဲလွင်)

၄။ လွမ်းရတဲ့ညတွေလွန်ပါစေ[ပြင်ဆင်ရန်]

လွမ်းရတဲ့ညတွေလွန်ပါစေ တေးစီးရီးကို ၁၉၈၇ ခုနှစ်တွင် စင်ရော်၊မန္တလေး၊တေးသံသွင်းက ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တေးဂီတမှာ မဇ္ဈိမလှိုင်း ဖြစ်ပြီး တေးရေးများမှာ ကိုနေဝင်း၊ မောင်မောင်၊ ရဲလွင်၊ မောင်သစ်မင်း၊ နိုင်မင်း၊ ကိုဖြိုးနှင့် အောင်နိုင် (ဓာတု) တို့ ဖြစ်သည်။

  • Side A
    • ညလွင်ပြင်မှ (နိုင်မင်း)
    • လွမ်းရတဲ့ညတွေလွန်ပါစေ (ကိုနေဝင်း)
    • ခမ်းနားသောအစိတ်အပိုင်း (နိုင်မင်း)
    • ရင်ခတ်အလွမ်း (မောင်မောင်)
    • ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ (မောင်သစ်မင်း)
    • ခြေရာလေးများ (နိုင်မင်း)
    • ယု (အောင်နိုင် ဓာတု)
  • Side B
    • ကြိုးစားမှုအဓိက (ကိုရဲလွင်)
    • အနမ်းလေပြည် (မောင်မောင်)
    • သဇင်ကြွေတဲ့ဆောင်း (ကိုနေဝင်း)
    • ရင်ထဲမိုး (နိုင်မင်း)
    • ရှေ့သို့အားမာန် (နိုင်မင်း)
    • ငြိမ်သက်ခြင်း (မောင်မောင်)
    • အိပ်မက်မှနှင်းဆီ (ကိုရဲလွင်၊ ကိုမြိုး)
    • လမင်းသာချိန် (မောင်မောင်)

၅။ ငြိမ်းချမ်းရေးတိုက်ပွဲ[ပြင်ဆင်ရန်]

ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီးကို ၁၉၉၂ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး တေးရေးသူများမှာ မွန်းအောင်နှင့် ထူးအိမ်သင်တို့ ဖြစ်သည်။

  • Side A
    • ဒေါင်းတမန်
    • ၃/၈၈ အင်းလျား
    • စာခြောက်ရုပ်
    • ဧည့်ဆိုး
    • လူငယ်ခြေကျ
    • အမှောင်လွှမ်းတဲ့ကမ္ဘာကြီး
  • Side B
    • အရေးကြီးပြီ (ထူးအိမ်သင်)
    • ငြိမ်းချမ်းရေးတိုက်ပွဲ
    • သွေးမုန်တိုင်း (မင်းကိုနိုင်)
    • သမိုင်းရဲ့လက်များ
    • အိပ်မက်ရိုင်း
    • ငြိမ်းစေသောငြိမ်း

၆။ လွတ်မြောက်ရာလမ်း[ပြင်ဆင်ရန်]

လွတ်မြောက်ရာလမ်း တေးစီးရီးကို ၁၉၉၈ ခုနှစ်တွင် နော်ဝေ နိုင်ငံရောက် မွန်းအောင် နှင့် သူငယ်ချင်းများ က တီးခတ်ဖြန့်ချိခဲ့ပြီး မွန်းအောင် ကိုယ်တိုင်ရေးသားခဲ့သော သီချင်းများဖြစ်သည်။

  • Side A
    • သွေးစက်များရဲ့ သွေး
    • ဖုန်းဆိုးမြေ
    • ကြိမ်ဖန်များစွာ
    • ဘဝတခု
    • မနက်ခင်းသစ်
    • မှိုင်းလုံးမိုး
  • Side B
    • ရပိုင်ခွင့်များ
    • လွတ်မြောက်ရာလမ်း
    • သမိုင်းသစ်ရဲ့သီချင်း
    • အတွေး
    • နောက်ဆုံးည
    • သွေးစံပယ်

၇။ ဝတ်မှုန်ကူးတဲ့ည[ပြင်ဆင်ရန်]

ဝတ်မှုန်ကူးတဲ့ည သည် ၁၉၈၈ နောက်ပိုင်းမြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် ပထမဆုံးပြည်တွင်းတွင် ပြုလုပ်ခဲ့သော တေးဂီတဖျော်ဖြေပွဲဖြစ်သည်။[၄] The Rhythm Music Band အဖွဲ့က တီးခတ်ပေးခဲ့သည်။ တေးရေး ကိုနေဝင်း၊ မောင်မောင်၊ ရဲလွင်၊ မောင်သစ်မင်း၊ အောင်နိုင် (ဓာတု)၊ အဝခေါ်ရမ်၊ ခင်မောင်တိုး နှင့် ထူးအိမ်သင် တို့၏ သီချင်းများ ပါဝင်ခဲ့သည်။

  • Disc 1
    • တစ်စိတ်တည်းလား (ကိုရဲလွင်)
    • ယူပါမေရေ ယူ (ကိုမောင်မောင်)
    • ၈/၈၂ အင်းယား (ခေါ်ရမ်း၊ မွန်းအောင်)
    • လွမ်းရတဲ့ညတွေ လွန်ပါစေ (ကိုနေဝင်း)
    • ဘီလူးစည်းလူ့စည်း (ကိုရဲလွင်)
    • ယု (အောင်နိုင် ဓာတု)
    • သဇင်ကြွေတဲ့ဆောင်း (ကိုနေဝင်း)
    • အမှောင်လွှမ်းတဲ့ကမ္ဘာကြီး
    • သွေးမုန်တိုင်း
    • ရင်ခတ်အလွမ်း (မောင်မောင်)
    • မိုးလုံးမှိုင်း (ကိုမောင်မောင်)
    • ဘဝဆက်တိုင်းအတူ (ကိုမောင်မောင်)
    • ကုန်လွယ်လွန်းလိုက်တာ (မောင်မောင်)
  • Disc 2
    • ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ (မောင်သစ်မင်း)
    • ယုံကြည်တတ်ပါ (ခေါ်ရမ်း၊ မွန်းအောင်)
    • နှင်းစက်နဲ့လမ်း (ကိုမောင်မောင်)
    • ခမ်းနားသောအစိတ်အပိုင်း (နိုင်မင်း)
    • ဝတ်မှုန် (ကိုမောင်မောင်)
    • ရိုးရိုးလေး (မောင်မောင်)
    • အချစ်၏လက်များဖြင့် (မောင်သစ်မင်း)
    • အရေးကြီးပြီ သို့မဟုတ် သွေးသစ္စာ (ထူးအိမ်သင်)
    • ဒေါင်းတမန်
    • လမင်းသာချိန် (မောင်မောင်)
    • ငြိမ်းချမ်းရေးတိုက်ပွဲ

၈။ ငြိမ်းချမ်းရေးမိုးစက်များ[ပြင်ဆင်ရန်]

ငြိမ်းချမ်းရေးမိုးစက်များ တေးစီးရီးကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး[၅] The Rhythm တေးဂီတအဖွဲ့က တီးခတ်ထားသည်။ တေးရေးများမှာ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုအောင်ဝင်း၊ ကိုဒီချစ်မျိုးနှင့် မွန်းအောင် တို့ ဖြစ်သည်။

  • Side A
    • အလင်းနေ့
    • ငြိမ်းချမ်းရေးမိုးစက်များ
    • ထင်းခွေမကြုံရေခတ်ကြုံမယ်
    • ယုံ
    • မဆုံးတဲ့ခရီးသို့ရှေ့ခြေတလှမ်း
    • ဒို့ပြန်လာမယ်
  • Side B
    • နံရံပေါ်မှာရေးတဲ့ကဗျာ
    • Share my love, peace and harmony
    • မဖူးဖြစ်တဲ့ဘုရားမှာ တောင်းမိတဲ့ဆု
    • ညရဲ့သမီးတော်
    • ပန်းရဲ့လမ်း
    • သမိုင်းည

ကိုးကား[ပြင်ဆင်ရန်]

  1. Burmas forbudte sanger။ Aftenposten.no။ 2007-10-07 တွင် ပြန်စစ်ပြီး။
  2. အဆိုတော် မွန်းအောင် မန္တလေးဆေးရုံကြီးတွင် နှလုံးခွဲစိတ်မှုခံယူ။ ဧရာဝတီ။ 2019-04-09 တွင် ပြန်စစ်ပြီး။
  3. Taunggyi၊ PHIL ZABRISKIE။ "Hard Rock"၊ Time Magazine၊ 2002-05-06။ 2007-10-07 တွင် ပြန်စစ်ပြီး။ Archived from the original on 24 August 2013။ 
  4. တော်လှန်ရေး သီချင်းသည်ရဲ့ ဝတ်မှုန်ကူးတဲ့ မန္တလေးည (5 မတ် 2015)။ ၃၀ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. မွန်းအောင် အခွေသစ် ဒီနေ့ ဖြန့်မည် (in en) (10 ဒီဇင်ဘာ 2016)။ ၃၀ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။