မြေလတ်

ဝီကီပီးဒီးယား မှ
မြေလတ်
Myelat
Historical region
Picture of people in Myelat taken by Sir George Scott (1851–1935).
Picture of people in Myelat taken by Sir George Scott (1851–1935).
A map of Shan State
A map of Shan State
CountryMyanmar
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၈၀ မီတာ (၂၈၉၀ ပေ)
လူဦးရေ (1897)
 • စုစုပေါင်း၁၀၇၅၀၀

မြေလတ် နယ်သည် မြန်မာနိုင်ငံရှမ်းပြည်နယ်၏ အနောက်တောင်ပိုင်းဒေသရှိ သမိုင်းဝင်ဒေသတစ်ခုဖြစ်သည်။ မူလက ဤဒေသတွင် မြို့စား သို့မဟုတ် "ငွေခွန်မှူး ကအုပ်ချုပ်သည့် နယ်ငယ်လေးဖြစ်သည်။ မြန်မာပြညမြေပြန့်ပိုင်းနှင့် အရှေ့ဖျားပိုင်းရှိ ရှမ်းပြည်နယ်စု ကြားတွင်ရှိ သောနယ်မြေဖြစ်၏ ။

ပထဝီဝင်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် ရပ်စောက်နယ်၊ အရှေ့ဘက်တွင် ညောင်ရွှေ၊ ဝန်ယိန်နှင့် သားတုံ၊ တောင်ဘက်တွင် မိုးဗြဲနယ်တို့ရှိသည်။

မြေလတ်ဌာနခွဲ[ပြင်ဆင်ရန်]

ဗြိတိသျှတိုက်ခိုက်သိမ်းပိုက်စဉ်အချိန်မြေလတ်ဒေသတွင် ၁၆ နယ်မြေအထိရှိခဲ့ပြီး မြေလတ်ဒေသအတွင်း၌ အောက်ပါဒေသများပါဝင်သည်ဟုအသိအမှတ်ပြုထားသည်။: သာမှိုင်းခမ်း၊ ကျောက်ဂူ သီဝန်၊ ကျုံ၊ , လွိုင်အိုက်၊ လွိုင်လုံ၊ လွိုင်မော၊ မော၊ မောနန်၊ မောဆွန်၊ နမ်ခိုင်၊ နမ်ခွံ၊နမ်တောက်၊ ပန်မိ၊ ပင်းတယ၊ [၁] [၂] ပွိုင်လင်၊ ရွာငံ တို့ဖြစ်ကြ၏ ။ ဤပြည်နယ်များ၏ စုစုပေါင်းဧရိယာခန့်မှန်းခြေအားဖြင့် ၃,၉၀၀ စတုရန်းမိုင် (၁၀,၀၀၀ စတုရန်း ကီလိုမီတာ) ရှိသည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. Than Tun, History of Pindaya (Town, Pagoda, and Cave). Thein Hteik Yadana Publications, 1998
  2. WHKMLA : History of the Shan States (18 May 2010)။ 21 December 2010 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]