မာတိကာသို့ ခုန်သွားရန်

မြအေး (တရားသူကြီး)

ဝီကီပီးဒီးယား မှ
ဒေါ်မြအေး
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁၇ ဇွန် ၂၀၂၃  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဝါဝါထွန်း
ဆက်ခံသူကိုယ်တိုင်
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၇ မေ ၂၀၂၃  ၁၇ ဇွန် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
လူမျိုးမြန်မာ
အလုပ်အကိုင်တရားသူကြီး

ဒေါ်မြအေး သည် တရားသူကြီးတစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် ရခိုင်ပြည်နယ်တရားလွှတ်တော် ၏ တတိယမြောက်တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်သည်။[] [] ထိုတာဝန်မတိုင်ခင်က တရားရေးဌာနတွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။[]

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် တရားရေးဌာနတွင် နှစ်ပေါင်း၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၃ မေလ ၇ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားရေးဦးစီးမှူးအဖြစ်မှ အငြိမ်းစားပေးပြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်သည်။[] ထိုတာဝန်ကို ၁လကျော်သာ ထမ်းဆောင်ရပြီးနောက် သူမကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်လိုက်၍ ပြည်နယ်တရားလွှတ်တော်၏ တတိယမြောက်တရားသူကြီးချုပ်ဖြစ်လာသည်။

၂၀၂၆ခုနှစ် ဧပြီ၁၀ ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက မူလရာထူးအတိုင်း ဆက်လက်တာဝန်ပေးအပ်ခဲ့သည်။[]


ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ် narinjara (၁၈ ဇွန် ၂၀၂၃)။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားရုံးနှစ်စဉ်အစီရင်ခံစာများ ရခိုင်ပြည်နယ်တရားလွှတ်တော် 8 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး Myanmar Digital News (၁၆ ဇန်နဝါရီ ၂၀၂၂)။ 8 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း MWD (၇ မေ ၂၀၂၃)။ ၈ သက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မြအေးကို စစ်ကောင်စီခန့်အပ် narinjara (၈ စက်တင်ဘာ ၂၀၂၃)။ ၈ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-13 တွင် ပြန်စစ်ပြီး။
  7. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။