မြန်မာ့ရုပ်ရှင်နေ့

ဝီကီပီးဒီးယား မှ

မြန်မာ့ရုပ်ရှင်နေ့သည် အောက်တိုဘာ ၁၃ ရက်နေ့ဖြစ်ပြီး ယခုနှစ်၂၀၂၀ အောက်တိုဘာ ၁၃ရက်နေ့၌ မြန်မာ့ရုပ်ရှင် သက်တမ်းသည် နှစ်၁၀၀ ပြည့်ပြီဖြစ်သည်။

ဘားမားဖလင်’ ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပြသခဲ့သော မေတ္တာနှင့် သူရာ (Love and Liquor) ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသသောနေ့ကို ဂုဏ်ပြု၍ ‘မြန်မာ့ရုပ်ရှင်နေ့’ဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကားကို စတင်ကြံစည်စိတ်ကူး ကြိုးစားအကောင်အထည်ဖော်ခဲ့သူမှာ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ