မာတိကာသို့ ခုန်သွားရန်

မြန်မာမှန် ပုဂံ ရောက်ဖူးရမည်

ဝီကီပီးဒီးယား မှ

မြန်မာမှန် ပုဂံ ရောက်ဖူးရမည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မြန်မာမှန် ပုဂံ ရောက်ဖူးရမည်” ဆိုသည်မှာ စစ်မှန်သော “မြန်မာ” တစ်ဦးဖြစ်လျှင် ရှေးဟောင်းမြို့တော်ဖြစ်သော “ပုဂံ” သို့ တစ်ကြိမ်မဟုတ်တစ်ကြိမ် ရောက်ဖူးသင့်သည်ဟု ဆိုလိုသည်။ ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးမြို့တော်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများ၊ ဘုရားပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်များစွာ တည်ရှိရာနေရာဖြစ်သည်။ ဤဆိုရိုးစကားသည် ပုဂံ၏ သမိုင်းဝင် အရေးပါမှုနှင့် မြန်မာလူမျိုးများအတွက် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးကို ဖော်ပြသည်။ “မြန်မာမှန်လျှင် ပုဂံရောက်ဖူးသင့်လှသည်၊ ပုဂံရောက်လျှင် အာနန္ဒာရောက်မှ ပုဂံရောက်သည်မည်၏” ဟူ၍လည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မြန်မာမှန် ပုဂံသို့ရောက်ဖူးရမည် ဆိုသော ဆိုရိုးစကားအတိုင်း မြန်မာတို့၏ ယဉ်ကျေးမှုစုတည်ရာ(ဝါ) မြန်မာ့ကျက်သရေအပေါင်းတို့ ခညောင်းရာဖြစ်သော ပုဂံမြို့သို့ မြန်မာ့ယဉ်ကျေးမှုကို သွားရောက်လေ့လာလိုကြသော သုတေသီများအတွက်… စီစဉ်ပေးခဲ့လေသည်။" []
  • "မြန်မာမှန်လျှင် ပုဂံရောက်ဖူးသင့်လှသည်၊ ပုဂံရောက်လျှင် အာနန္ဒာရောက်မှ ပုဂံရောက်သည်မည်၏ဟူသော စကားတစ်ခု ရှိသည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၂၃] ပုဂံဟော။ ၂၆။
  3. [၁၃၅၆] ပုဂံဘုရား။ ၃။