မြန်မာနိုင်ငံရှိ နံရံဆေးရေးပန်းချီများ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် နံရံဆေးရေးပန်းချီများကို သမိုင်းမတင်မီ ကျောက်ခေတ်ကပင် စတင်တွေ့ရှိခဲ့လေသည်။ အစောဆုံး နံရံဆေးရေးပန်းချီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူတွင် တွေ့ရှိခဲ့လေသည်။ ပြဒါးလင်းဂူသည် ထုံးကျောက်ဂူဖြစ်၍ ဂူနံရံတွင် နီညိုရောင်ဆေးဖြင့် ခြယ်ထားသောလူ၏ လက်ဝါးပုံ၊ နေဝန်းပုံ၊ ပြောင်ပုံ၊ နွားကြီးနောက်က နွားငယ်လိုက်နေပုံ၊ ကြီးမားသောငါးပုံ၊ သဏ္ဌာန်ပုံ နှစ်ခု၊ ဦးချိုမပါသော သမင်ကဲ့သို့သော သတ္တဝါပုံ၊ ဆင်နှစ်ကောင်၏ နောက်ပိုင်းနှင့် ဆင်သောပုံ စသေညဆေးရေး ပန်းချီများကို ရေးဆွဲထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်မောင်ဦး(ရွှေပြည်) ပုဂံခေတ် နံရံဆေးရေးပန်းချီဆွဲရန် နံရံပြင်ဆင်မှုများနှင့် ခြယ်သသောဆေးများ၊ ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ (၁၀၁)နှစ်မြောက်မွေးနေ့ အမှတ်တရ၊ (၂၆.၁၁.၂၀၁၇)