မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံဓာတ်ပုံအသင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံဓာတ်ပုံအသင်းကို ၁၉၅၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်းသည် ၃၅ လမ်း(အောက်)၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် တည်ရှိသည်။ ယခုလက်ရှိ မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ဥက္ကဋ္ဌမှာ ဦးသန်းထွန်းဦး ဖြစ်သည်။

၁၉၅၀-ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် (Rangoon Photographic Society) အမည်ဖြင့် ဓာတ်ပုံဝါသနာပါသူများက စတင် တည်ထောင်ခဲ့ကြသည်။ ၁၉၅၅ ခုနှစ်တွင် "မြန်မာနိုင်ငံဓာတ်ပုံအသင်း" ဟု အမည်ကိုပြောင်းလဲခဲ့ပြီး၊ အသင်းဝင် အရေအတွက် တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှစတင်ကာ ယခု ရုံးခန်းတည်နေရာ၌ပင် အသင်းရုံးခန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ဓာတ်ပုံအသင်းဝင်များစုပေါင်း၍ စံပြအလှမယ်ရိုက်ကူးခြင်းနှင့် ခရီးထွက်၍ ဓာတ်ပုံရိုက်ကူးခြင်း၊ ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း အပါအဝင် ဓာတ်ပုံပညာ တိုးတက်ပြန့်ပွားရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။  နိုင်ငံတော်နှင့်  အစိုးရအဖွဲ့အစည်းများကိုလည်း ဓာတ်ပုံနှင့် ပတ်သက်သော အကူအညီများကို ပေးအပ်ကူညီလာခဲ့သည်။

၂၀၀၀ ခုနှစ်တွင် မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ နှစ်(၅၀)ပြည့် ရွှေရတုကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် 1st Myanmar International Photography Salon ကြီးကို FIAP ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဓာတ်ပုံအသင်းသည် FIAP - The international Federation of Photographic Society အဖွဲ့ဝင် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]