မြစစ် ကိရိယာ

ဝီကီပီးဒီးယား မှ

မြန်မာတို့ အခေါ်အားဖြင့် မြစစ်ကိရိယာ ခေါ် ချဲလ်ဆီးရောင်စစ်ကိရိယာ (Chelsea Color Filter)သည် ကျောက်မျက်ရတနာတို့၏အရည်အသွေးကို ဆုံးဖြတ်ရာတွင် အသုံးဝင်သည် ကိရိယာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် သဘာဝမြ နှင့် ချက်ကျောက်မြ(မြ အတု)၊ ဆေးဆိုးကျောက်မျက်အချို့ကို ခွဲခြားရာတွင် အလွန်အသုံးဝင်ပါသည်။ ထို့အတူ ကျောက်စိမ်းအစစ်နှင့် ဆေးဆိုးကျောက်စိမ်းကို ခွဲခြားရာတွင်လည်း အထူးအသုံးဝင်ပါသေးသည်။

မြစစ်ကိရိယာကို ၎င်းအား အနီနှင့် စိမ်းဝါ အလင်းရောင်စဉ်တန်းများသာ ဖြတ်သန်းနိုင်ရန် ဖန် သို့မဟုတ် ပလပ်စတစ်နှစ်ချပ်ကို ပေါင်းစပ်ပြုလုပ်ထားသော ဓာတ်ပုံသုံးရောင်စစ် မှန်ချပ်မျိုးဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့် ကျောက်မျက်တစ်ခု၏ အရောင်ပြောင်းလဲနိုင်မှုရှိ၊ မရှိကို ချဲလ်ဆီးရောင်စစ် ကိရိယာဖြင့်တိုင်းတာပြီး သဘာဝကျောက်မျက်နှင့် ကျောက်မျက်အတုတို့ကို ခွဲခြားနိုင်သည်။ သို့သော် အထူးသတိပြုရန်မှာ ဤရောင်စစ်ကိရိယာ တစ်ခုတည်းကိုအခြေခံ၍ ကျောက်မျက်စစ်ဆေးခွဲခြားခြင်းကို မပြုလုပ်သင့်ပေ။ အကြောင်းမှာ အချို့ချက်ကျောက်နှင့် ဆေးဆိုးကျောက်များသည်လည်း သဘာဝကျောက်မျက်အတိုင်း အရောင်ပြတတ်ခြင်းကြောင့် ဖြစ်သည်။