စသည်၊ စသည်ဖြင့်… (စာအုပ်)

ဝီကီပီးဒီးယား မှ
စသည်၊ စသည်ဖြင့်…
စာရေးသူမြင့်သန်း‌
အမျိုးအစားဆောင်းပါး
ထုတ်ဝေခြင်း၂ဝ၁၂ ခုနှစ်၊ မတ်လ
ထုတ်ဝေသူနှစ်ကာလများစာအုပ်တိုက်

စသည်၊ စသည်ဖြင့်စာအုပ်သည် ‌ ရွှေအမြု‌တေ မဂ္ဂဇင်းတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာစသည့် အ‌ရေးအသားများနှင့် ပတ်သက်‌သော‌ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာ‌ပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်‌ဝေခဲ့‌သောစာအုပ် တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း စသည်၊ စသည်ဖြင့်…၊ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အ‌ရေးအသားများဟု အမည်‌ပေးထားသည်။

စသည်၊ စသည်ဖြင့်စာအုပ်တွင် စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အ‌ထောက်အထားမဲ့၊ အကိုး အကားမဲ့ ‌ဖော်ပြသည့်အပြင် ‌သေချာ‌ရေးရာသည် သု‌တေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့်‌ဘောင်တစ်ခု အတွင်းမှ ‌ရေးသား‌ဖော်ပြခဲ့သည့် စာတမ်းများနှင့်‌ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်‌ထောက်ပြ ရှင်းလင်းထားသည့် ‌ဆောင်းပါးများဖြစ်သည်။

စသည်၊ စသည်ဖြင့်စာအုပ်တွင် (၁) ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ ‌နောက်ခံသမိုင်းစာတမ်းအား ချဉ်းကပ်သုံးသပ်ခြင်း၊ (၂) ဝတ္ထုတို၊ မြန်မာဝတ္ထုတို နှင့်စပ်ကြားအ‌ရေးအသား၊ (၃) သမိုင်းစာ၊ သမိုင်းဝတ္ထု ‌ရေကန်သာကြာတိုင်း‌အေး စသည် စသည်ဖြင့်၊ (၄) မြန်မာရသပညာဆိုတဲ့ ကိစ္စ၊ (၅) အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း၊ (၆) အနုပညာ၊ ရသပညာ၊ ကိုယ့်ကျင့်တရားနှင့်တန်ဖိုး၊ (၇) အနုပညာ၊ ခံစားချက်၊ ဂီတနှင့်ရသပညာ၊ (၈) သူများဇာတ်‌ကောင်၊ ကိုယ့်ဇာတ်‌ကောင်နှင့်လက်လွတ်စပယ်လုပ်ပိုင်ခွင့်၊ (၉) အနုပညာ၏ ဖန်တီးမှုနှင့်နည်းလမ်း စ‌သော‌ဆောင်းပါး ကိုးပုဒ်ကို ‌ဖော်ပြထားသည်။

ကိုးကား[ပြင်ဆင်ရန်]