မျိုးညွန့်
ဦးမျိုးညွန့် သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ တတိယမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[၁]
ဦးမျိုးညွန့်ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ၁၉၄၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ B.A (Bachelor of Art), R.L (Registered Lawyer) and D.B.L (Diploma of Business Law) ဘွဲ့များ ရရှိခဲ့သည်။ ဦးမျိုးညွန့်သည် မြို့နယ်တရားသူကြီး၊ ခရိုင်တရားသူကြီးနှင့် တိုင်းတရားသူကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် စစ်အယူခံတရားရုံးတရားသူကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော် သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
![]() ![]() | ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |