မောလ်ဝဲလ်

ဝီကီပီးဒီးယား မှ

မောလ်ဝဲလ် (အင်္ဂလိပ်: malware) ဆိုသည်မှာ malicious software (အန္တရာယ်ရှိသောဆော့ဖ်ဝဲလ်) ၏အတိုကောက် စာလုံးဖြစ်သည်။ Malwareသည် ကွန်ပျူတာစနစ်ကို တစ်နည်းနည်းဖြင့် ဖျက်ဆီးရန် ကြံရွယ်ထားသည့် ပရိုဂရမ်များဖြစ်သည်။ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလုပ်ငန်းဆောင်တာများ နှောက်ယှက်ရန်၊ သတင်းအချက်အလက်များ ရယူစုဆောင်းရန်၊ ပုဂ္ဂလိကကွန်ပျူတာစနစ်အား အသုံးပြုခွင့်ရရှိရန်၊ သို့မဟုတ် မလိုလားသော ကြော်ငြာများ ဖော်ပြရန်တို့အတွက်တွင် အသုံးပြုသည့် မည်သည့်ဆော့ဖ်ဝဲလ်မဆို မောလ်ဝဲလ်ဟု ခေါ်ဆိုသည်။[၁] ၁၉၉၀ ခုနှစ်တွင် မောလ်ဝဲလ် ဟူသောဝေါဟာရကို Yisrael Radai က စတင်သုံးစွဲခဲ့ခြင်းမပြုမီ အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်များအား ကွန်ပျူတာဗိုင်းရပ်စ်အဖြစ် ရည်ညွှန်းခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Malware definition။ techterms.com။ 27 September 2015 တွင် ပြန်စစ်ပြီး။
  2. Christopher Elisan (5 September 2012)။ Malware, Rootkits & Botnets A Beginner's Guide။ McGraw Hill Professional။ pp. 10–။ ISBN 978-0-07-179205-9