မောင်မောင်အောင် (ကာတွန်း)

ဝီကီပီးဒီးယား မှ

ကာတွန်းမောင်မောင်အောင်ကို ၁၉၅၆ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် မွေးဖွားပါသည်။ အဖ ဦးလွန်းမောင်၊ အမိ ဒေါ်သန်းတင် တို့ ဖြစ်သည်။ ရန်ကုန်ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဝင်းမောင်ကာတွန်းသော်ကကာတွန်းမောင်မောင်လေးကာတွန်းဆွေမြင့်တို့ထံတွင် သင်ကြားဆည်းပူးခဲ့ သည်။


မောင်မောင်အောင်သည် ၁၉၇ဝခုနှစ်မှစ၍ အပတ်စဉ်နှင့် လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ကာတွန်းများကို စတင်ရေးဆွဲခဲ့သော ကာတွန်းပညာရှင် တစ်ဦးဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် ကာတွန်းပြပွဲနှင့် ၁၉၈၉ခုနှစ်တွင် တခြားသော ပန်းချီပြပွဲများကို ပါဝင်ပြသခဲ့သည်။ သူသည် ဂရပ်ဖစ်ဒီဇိုင်းနာအဖြစ်သော်လည်းကောင်း၊ မဂ္ဂဇင်း၊ စာအုပ် မျက်နှာဖုံးပန်းချီဆရာအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်ပိုစတာနှင့် ကြေညာရေးဆွဲသော ပန်းချီ ဒီဇိုင်းနာအဖြစ်သော်လည်းကောင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၂၀၀၁ခုနှစ် မှစတင်ကာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၁၀နှစ်ခန့် နေထိုင်ခဲ့သည်။

မိန်းကလေး ကာတွန်းဇာတ်ကောင်များစွာကို ဖန်တီးခဲ့ရာ ယင်းတို့မှာ နွယ်လေး၊ မီးချစ်၊ ပိုးဥ၊ မျက်ခြယ်၊ လုံမလေး၊ မသဲအူ၊ ချယ်ရီနှင့် ပွင့်ဖြူတို့ ဖြစ် သည်။ နွယ်လေးဇာတ်ကောင်ကို သပြေတေးမဂ္ဂဇင်းတွင်လည်းကောင်း၊ မီးချစ်ဇာတ်ကောင်ကို မဟေသီမဂ္ဂဇင်းတွင်လည်းကောင်း၊ ပိုးဥဇာတ်ကောင်ကို ပေဖူးလွှာမဂ္ဂဇင်းတွင်လည်းကောင်း ရေး၁ွဲဖန်တီးခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]