မောဃရာဇ၊ ကုဏ္ဍဓာနဝဂ်

ဝီကီပီးဒီးယား မှ

အရှင်မောဃရာဇထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ဧတဒဂ်ရ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အတ္ထဒဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အတ္ထဒဿီမြတ်စွာဘုရားပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်မောဃရာဇထေရ် သည် လမ်းခရီး၌ ကြွတော်မူ၏။ ထိုအချိန်တွင် အရှင်မောဃရာဇထေရ်သည် တပည့်တို့ဖြင့် အိမ်မှ ထွက်ခဲ့ရာ မြတ်စွာဘုရားအား တွေ့မြင်၏။ ထိုနောက် မြတ်စွာဘုရားအား ကြည်လင်သောစိတ်ဖြင့် ရှိခိုးကာ မြတ်စွာဘုရားအား ချီးမွမ်းပြောဆို၏။ ထို့နောက် မြတ်စွာဘုရားအား ပျားရည်အိုးကို လက်ဖြင့် ဆပ်ကပ်လှူဒါန်း၏။ ထိုနောက် မြတ်စွာဘုရားသည် ထိုပျားရည်အား ဘုဉ်းပေးတော်မူ၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဘုဉ်းပေးတော်မူပြီးနောက် “အကြင်သူသည် ကြည်လင်သောစိတ်ဖြင့် ဘုရားကို ချီးမွမ်း၏။ ထို့သို့ ကြည်လင်သောစိတ်ဖြင့် ချီးမွမ်းသောစိတ်၏ ကြည်လင်ခြင်းကြောင့် အပါယ်လေးပါးသို့ မရောက်နိုင်။ နတ်မင်းအဖြစ် တစ်ဆယ့်လေးကြိမ်၊ ဧကရာဇ်မင်းအဖြစ် အကြိမ်ရှစ်ရာ ဖြစ်မည်။ စကြဝတေးမင်းအဖြစ် အကြိမ်ငါးရာ၊ ပဒေသရာဇ်မင်းအဖြစ်ကိုမူ မရေတွက်နိုင်အောင် ဖြစ်မည်။ နောက်ဆုံးဘဝတွင် ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းခတ်တတ်မြောက်သော ရသေ့ဖြစ်ပြီး ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် မောဃရာဇ ဟူသောအမည်ဖြင့် ရဟန်းပြုမည်” ဟု မိန့်တော်မူခဲ့သည်။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မောဃရာဇထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်