မုန်မူမင်း
ပုံပန်းသွင်ပြင်
မုန်မူမင်း(၆၂၆-၆၈၁; နန်းသက်- ၆၆၁-၆၈၁)သည် ရှီလာ၏ ၃၀ယောက်မြောက် ကိုရီးယားနိုင်ငံဘုရင်ဖြစ်သည်။ သူသည် ရှီလာပြည်ထောင်ကြီးခေတ်၏ ပထမဆုံးသော ဘုရင်အဖြစ် ယူဆထားရှိသည်။
မုန်မူမင်း | |
---|---|
문무왕၊ 文武王 | |
နန်းတက်ချိန် | ၆၆၁ခုနှစ် |
ရှေ့မင်းဆက် | မူယောလ်မင်း |
နောက်မင်းဆက် | ရှင်းမုန်မင်း |
မွေးဖွား | ဂင်ဘော့ဘ်မင်း၊ 김법민၊ 金法敏 ၆၂၆ခုနှစ် |
ကွယ်လွန် | ၆၈၁ခုနှစ် |
အိမ်ထောင်ဖက် | ဂျာအီမိဖုရား |
ခမည်းတော် | ဂင်ချုန်းချူ (မူယောလ်မင်း) |
မယ်တော် | မုန်မျောင်း |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
မုန်မူမင်းသည် မူယောလ်မင်းနှင့် ဂင်ယူရှင်း၏ ညီမ မုန်မျောင်းတို့၏ သားတော် ဖြစ်သည်။ ဖခမည်းတော်၏ အုပ်ချုပ်မှုအောက်တွင် သူသည် ပင်လယ်ရေကြောင်းရေးရာများကို တာဝန်ယူခဲ့သည့် ပါဂျင်ချန် ၏ ရုံးခန်းကို ချုပ်ကိုင်ခဲ့ပြီး တရုတ်၏ တံမင်းဆက်နှင့် နိုင်ငံ၏ သံတမန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူသည် ဘော့ဘ်မင်းမင်းသား (ကိုရီးယား: 법민၊ ဟန်ဂျာ: 法敏) အဖြစ် မွေးဖွားခဲ့ပြီး ခမည်းတော် ထီးနန်းဆက်ခံချိန်တွင် မုန်မူဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နဂါးဘုရင် ဘွဲ့အမည်ဖြင့် ကျော်ကြားခဲ့သည်။[၁]
ရင်းမြစ်
[ပြင်ဆင်ရန်]- ↑ Keith Pratt and Richard Rutt. Korea: A Historical and Cultural Dictionary. Routledge. P.298.