မုန့်ပြားအစာသွတ်

ဝီကီပီးဒီးယား မှ
တာကို
Carnitas, carne asada and al pastor
အမျိုးအစားလက်တင်စားစာ
မူရင်းနိုင်ငံမက္ကဆီကို
အဓိက ပါဝင်ပစ္စည်းမုန့်ပြား, အသား, ဟင်းသီးဟင်းရွက်, ဒိန်ခဲ
Cookbook: တာကို  Media: တာကို

တာကို (စပိန်: taco) သည် မက္ကဆီကန် ရိုးရာအစားအစာဖြစ်ပြီး ပြောင်း (သို့) ဂျုံနှင့်လုပ်သည့် မုန့်ပြားပေါ်တွင် အစာပလာထည့်ကာ စားရသည်။ အစာအဖြစ် အမဲသား၊ ဝက်သား၊ ကြက်သား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် ဒိန်ခဲတို့ကို သုံးတတ်သည်။ အစာမထည့်သော မုန့်ပြားကို အစပ်ရည် (salsa)၊ ငရုတ်၊ ထောပတ်သီး၊ ထောပတ်သီးနှစ် (guacamole)၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီရွက်တို့နှင့်လည်း တွဲစားတတ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

စပိန်တို့ မက္ကဆီကိုသို့ ခြေချလာရာ တာကိုလည်း တွင်ကျယ်လာသည်။ ရှေးကပင် မက္ကဆီကိုတောင်ကြားတွင် ငါးသားလေးထည့်သည့် တာကိုအား စားလေ့ရှိကြောင်း သမိုင်းအထောက်အထားများ ရှိသည်။ စပိန်တို့ အုပ်ချုပ်သည့်ကာလတွင် ဥရောပသားတို့ တာကိုစားပွဲလုပ်ကြောင်း ဘာနယ် ဒိုင်ယက် ဒဲ ကတ်စတယ်လို၏ မှတ်တမ်းအရ သိရသည်။

ရိုးရာတာကို[ပြင်ဆင်ရန်]

ရိုးရာတာကိုတွင်ပင် မျိုးကွဲများစွာ ရှိသည်။

ဆန်းသစ်မှုများ[ပြင်ဆင်ရန်]

မုန့်ပြားမာတာကို[ပြင်ဆင်ရန်]

အသင့် ပုံခေါက်ထားသည့် မုန့်ပြားမာ တာကို

မုန့်ပြားအား မာအောင် ကြွပ်အောင်လုပ်ထားသည့် တာကိုကို အမေရိကန်၌ အစားများသည်။ ၂၀ ရာစု အစောပိုင်းကပင် တက္ကဆက်၊ ကာလီဖိုးနီးယားတို့မှသည် တာကိုစားမှုမှာ နိုင်ငံအနှံ့ တွင်ကျယ်လာသည်။ ၁၉၁၄ ခုထုတ် အချက်အပြုတ်စာအုပ်တွင် တာကိုလုပ်နည်း ထည့်ထားကြောင်း တွေ့ရသည်။

မုန့်ပြားမာတာကိုကို စူပါမားကတ်များတွင် အသင့်စားအဖြစ် ရောင်းသည်။ ၁၉၅၀ ပြည့်တွင် နယူးယောက်မှ စားသောက်ဆိုင်ရှင် ဂျူဗန်စီယို မယ်ဒိုနာဒိုက တာကိုလုပ်သည့် မုန့်ပြားလုပ်ခွက်ကို မူပိုင်ခွင့်တင်ကာ ရောင်းသည်။

မုန့်ပြားမာတာကိုတွင် ပြောင်းမုန့်ပြားကို အမဲမျှင်၊ ဒိန်ခဲ၊ ဂေါ်ဖီတို့ ထည့်တတ်ပြီး တခါတရံ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ အချဉ်ရည်နှင့် ထောပတ်သီး (သို့) ထောပတ်သီးနှစ် ထည့်ကာ ရောင်းသည်။

မုန့်ပြားပျော့တာကို[ပြင်ဆင်ရန်]

ပြောင်းနှင့်ပင် လုပ်သော်လည်း မီးတိုက်၍လည်းကောင်း၊ ပေါင်း၍လည်းကောင်း လုပ်ခြင်းဖြင့် ရိုးရာဆန်ဆန် မုန့်ပြားပျော့တာကို ရလာသည်။ ၂၀၀၀ ပြည့် နောက်ပိုင်းတွင် စားသောက်ဆိုင်တွဲများနှင့် အကြီးစားထုတ်လုပ်သူတို့က ဂျုံနှင့် လုပ်လာကြသည်။

မုန့်ပြားပျော့တာကိုသည်လည်း မုန့်ပြားမာတာကိုကဲ့သို့သော အစာပလာများ သုံးသည်။

မနက်စာတာကို[ပြင်ဆင်ရန်]

တက္ကဆက်နေ မက္ကဆီကန်စာ ဖြစ်သည့် မနက်စာတာကိုတွင် အသား၊ ဥ၊ ဒိန်ခဲနှင့် အခြား အစာပလာကို ထည့်သွင်းသည်။ အချို့က မနက်စာတာကို အစမှာ အော်စတင်ကဟု ဆိုသည်။

အိန္ဒိယတာကို[ပြင်ဆင်ရန်]

အိန္ဒိယတာကို (သို့) နာဗာဂျိုမှာမူ မုန့်ပြား မဟုတ်ဘဲ မုန့်ကြော်သာ ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတို့တွင် ပွဲခံစာအဖြစ် စားကြသည်။

လူသိများ လုပ်ဆောင်ချက်[ပြင်ဆင်ရန်]

အမေရိကန်တွင် နှစ်စဉ် အောက်တိုဘာလ ၄ ရက်ကို အမျိုးသားတာကိုနေ့ အဖြစ် ပွဲခံလေ့ ရှိသည်။