မုဒြာရဲ့ခေါ်သံ (ရုပ်ရှင်ဇာတ်ကား)

ဝီကီပီးဒီးယား မှ
Mudras calling
အခြေခံအချက်အလက်
ဒါရိုက်တာခရစ္စတီးနားခီ
စာရေးသူခရစ္စတီးနားခီ
သရုပ်ဆောင်
ဂီတမှူးဇဏ်ခီ
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားအင်္ဂလိပ်၊ မြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • မတ် ၁၆၊ ၂၀၁၈ (၂၀၁၈-၀၃-၁၆) (မြန်မာနိုင်ငံ)
ထုတ်ဝေသူCentral Base Productions

မုဒြာရဲ့ခေါ်သံ (အင်္ဂလိပ်: Mudras Calling) ဇာတ်ကားသည် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံတွင် ကြီးပြင်းခဲ့သော မြန်မာပြည်ဖွား ဂျေဒန် (Jaden) သည် ၎င်း၏ဇာစ်မြစ်ကို ရှာဖွေရန် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ထင်မှတ်မထားသော အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရသည်။[၁] မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်သည် ၎င်း၏ ဂီတမဟာတန်းသုတေသန စာတန်းအတွက် မြန်မာ့ရိုးရာဂီတနှင့်အကကို သုတေသနပြုရန် ဇာတိမြေမြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဤတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်ဖြင့် ဘွဲ့ရထားသော နှင်းသူဇာနှင့်တွေ့ဆုံခဲ့ပြီး ဂျေဒန်၏မိဘအရင်းနှင့် ဇာစ်မြစ်ကို ရှာဖွေရန် ကူညီခဲ့သည်။ ဂျေဒန်၏ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းသော ဒေသခံများ၏ နေထိုင်မှုပုံစံများ၊ တွေ့မြင်ရခဲသော မြန်မာပြည်၏ အလှအပများကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဖြစ်သည်။ [၂]

သရုပ်ဆောင်များ[ပြင်ဆင်ရန်]

  • ဂျေဒန် အဖြစ် ဇဏ်ခီ
  • နှင်းသူဇာ အဖြစ် လှယဉ်ကျေး

ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ[ပြင်ဆင်ရန်]

ခုနှစ် ဆုအမည် ဆုအမျိုးအစား မှတ်ချက်
၂၀၁၇ Mexico International Film Festival 2017 Silver Palm Award ဆုရရှိ
၂၀၁၇ International Student Newcomer Woman Film Festival (ISENMA) 2017 Platinum Award ဆုရရှိ
၂၀၁၈ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရုပ်ရှင်ဇာတ်ကားဆု

(Central Base ရုပ်ရှင်ထုတ်လုပ်ရေး)

ဆန်ကာတင်
ရုပ်ရှင်ဒါရိုက်တာဆု

(ခရစ္စတီးနားခီ)

ဆန်ကာတင်
ရုပ်ရှင်ဇာတ်ညွှန်းဆု

(ခရစ္စတီးနားခီ)

ဆန်ကာတင်

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]