မုတ္တမတိုက်ပွဲ
မုတ္တမတိုက်ပွဲ
[ပြင်ဆင်ရန်]မုတ္တမတိုက်ပွဲသည် မြန်မာသက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညားတို့ဖက်ပြိုင် တိုက်ခိုက်သောတိုက်ပွဲဖြစ်သည်။
သက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးသည် ထိုက်ဆင် တစ်ရာ့သုံးဆယ်၊ မြင်း
နှစ်ထောင့်တစ်ရာ၊ စစ်သည်သူရဲတစ်သိန်းသုံးသောင်းနှင့် မုတ္တမသို့ချီတက်တိုက်ခိုက်ရာပေါ်တူဂီလူမျိုး သေနတ်ကိုင် အမှုထမ်းတို့လည်းပါသည်။ မုတ္တမစား
စောဗညားလည်း စစ်သူရဲပေါင်းများစွာဖြင့် မြို့ကို အလုံပြု၍ ခုခံသည်။
စောဗညားတွင် သူရဲသူခက်လည်း များလှသည်။ သင်္ဘောဆိပ်ဖြစ်၍လက်နက်
ကရိယာ စိန်ပြောင်း မြတပူလည်း ထူထပ်လှသည်။ မြို့တွင်းနေ ပူတကေတို့လည်း
တချို့ မြို့ပြစီးကုန်သည်။ အချို့သင်္ဘောခုနစ်စင်းနှင့် လက်နက်ကိရိယာ အပြည့်
့်အစုံတင်၍ မြို့ရှေ့က ကျောက်ဆူးချ၍ နေကုန်သည် ၊ မုတ္တမမြို့သည်
တောင်လျားမြောက်လျား ဖီလာမြို့ဖြစ်သည်။ အနောက်ကမြင့် အရှ့ကနိမ့်သည်။
အရှေ့ဘက်ကလည်း မြစ်၊ အနောက်ဘက်ကလည်း တောင်ထိပ်မြို့ တည်လေသော
ကြောင့် တိုက်လှေ ပါမလာသော တပင်ရွှေထီး တပ်များသည် အမြောက်
သေနတ်လွတ်အောင် အဝေးကပင် ရံနေရပေသည်။
တပင်ရွှေထီးသည် ဟံသာဝတီမှ တိုက်လှေကြီး အစင်းသုံးရာ သွားယူစေ၍ ရောက်
်ရှိလာသော် မုတ္တမမြို့ကို ကုန်းတပ် ရေတပ် နှစ်ဖက်ည|ပ်၍ ဝိုင်းဝန်းတိုက်ခိုက်
သည်။ သင်္ဘောထက်က အမြောက် စိန်ပြောင်းများနှင့် ပစ်ခတ်သောကြောင့် မြန်
်မာတိုက်လှေကွဲချေနစ်ချေသည်။ မြို့ကို မတက်နိုင်ပေ။ ကြည်းကြောင်း တိုက်ပွဲ
တွင်လည်း မြို့စီးမြို့နင်း ကောင်းလှသောကြောင့် လည်းကောင်း၊လက်နက်ကရိယာ
ထူထပ်လှသောကြောင့် လည်းကောင်း တပင်ရွှေထီး ရဲမက်တော်တို့ အနာထိ၍
ဆုတ်ခွာခဲ့ရသည်။ တပင်ရွှေထီးလည်း မုတ္တမမြို့ကို ဝန်းရံကာနေယင်း၊ မုတ္တမမြို့သို့
စားနပ်ရိက္ခာများ မရောက်စေရန် ဘုရင့်နောင်အား တာဝန်ပေး၏။ ဘုရင့်နောင်
်လည်း တပင်ရွှေထီး တာဝန်ပေးချက်အတိုင်း စီရင်၏။ သို့ဖြင့် စားနပ်ရိက္ခာ
မသွင်းရ၍ ငတ်လေ၏။ ထိုသို့ငတ်ငြားသော်လည်း စောဗညားကား လက်နက်မ
ချ၊ မြို့ကိုသာ ခိုင်လုံအောင် စီရင်၍ ဆက်လက် ခုခံလေသည်။ ယင်းသို့ မုတ္တမ
စားစောဗညား အညံ့မခံရှိနေ၍ ရှည်လတ်သော်၊ မုတ္တမစား၏ ယောက်ဖ မော်လ
မြိုင်မြို့စား ဗညားဦး ကူညီလိမ့်မည်ဟု တပင်ရွှေထီးသည် ဆင်ခြင်မိ၏။ ထိုကြောင့်
မြို့လှစားနှင့်ဇလွန်စားကို မော်လမြိုင်သို့စေလွှတ်၍ အမိန့်တော်စာနှင့် မုတ္တမစား
အား အထောက်အကူပြုခြင်းကိုမြစ်တားသည်။ မော်လမြိုင်စား ဗညားဦးလည်း
မုတ္တမကို အလိုတော်ပြည့်လျှင် ကျွန်တော်မှာ အထွေအထူးမရှိတော့ပြီ။ ကျွန်တော့်
အရှင် ဖြစ်တော့်သည်ဟု ပြန်လည် လျှောက်ထားလိုက်လေသည်။
သံတို့ ရောက်၍ ဗညားဦး၏ လျှောက်ထားချက်ကို ကြားရပြီးလျှင် တပင်ရွှေထီး
သည် အမတ် သမိန်ပရူကို ခေါ်တော်မူ၍မုတ္တမမြို့ကို ကြိမ်ဖန်များစွာ လုပ်ကြံ
သော်လည်း မရချေ။ ဤအရေးကို သမိန်ပရူ မည်သို့ ထင်သနည်းဟု မေးတော်မူ
၏။ သမိန်ပရူကမုတ္တမမြို့သည် တောင်ရိုးတွင် တည်လေသောကြောင့် တောင်ပင်
မြို့တံတိုင်းကဲ့သို့ ဖြစ်လေသည်။ မြို့စီးပြစီးလည်း များသည်။ လက်နက်ကရိယာ
လည်း ထူထပ်သည်။ ထိုကြောင့် ရဲမက်တော်တို့ အသက်ကို အသက်မမှတ် လုပ်
်ကြံသော်လည်း အောင်ခြင်းသို့ မရောက်နိုင်ချေ။ မြို့၏ အရှေ့နိမ့်ရာက တက်ရမည်
်လည်း ကုလား(ပူတကေ)တို့ သင်္ဘော ခုနစ်စ်င်းနှင့် ပြောင်းသေနတ် အပြည့်တင်
်၍ နေလေသောကြောင့် ရုတ်ခြည်းမြို့ကို မတက်သာချေ။ ချဉ်းသမျှလည်း
သင်္ဘောထက်က စိန်ပြောင်း မြတပူနှင့်လွတ်လျှင် ကွဲချေနနစ်ချေသည်။
မြို့တွင်းသို့ မျိုးရိက္ခာ မသွင်းရအောင် ဆီးဆို့ရသော်လည်း မြစ်ချောင်းကျယ်လှ
ှသည်ဖြစ်၍ ညဉ့်တွင် အမှတ်မဲ့သွင်းလေသည်။ သို့လျှင်မြို့တွင်းသားတို့ ရိက္ခာ
ထောက်ရ၍ ရဲမက်တော်တို့သာ ညောင်းညာချေသည်။ ယင်းသို့ဖြစ်သောကြောင့်
ကုလားတို့ခံ၍နေသည့် သင်္ဘောများကို တစ်စုံတစ်ခုသော ပယောဂဖြင့် စီရင်ဖျက်
ဆီးပြီးလျှင် မြို့အရှေ့မှ လှေတပ်ဖြင့် ချဉ်းကပ်ကာ ရအောင်တက်မှ အလိုတော်
ပြည့်လွယ်မည်ဟုလျှောက်ထားသည်။ တပင်ရွှေထီးလည်း သမိန်ပရူ၏ လျှောက်
်ထားချက်ကို နှစ်ခြိုက်သဖြင့် သင့်အောင် စီရင်လေဟုအမိန့်ရှိပြီးလျှင် သမိန်ပရူကို
လှေတပ်ဝန်ချုပ် ခန့်အပ်၏။
သမိန်ပရူသည် လှေတပ်သား အပေါင်းနှင့် မုတ္တမမြစ်ညာ လကွန်းပျဉ် အရပ်သို့
သွား၍ သစ်ဝါးများ ခုတ်ပြီးလျှင် ဖောင် ၂ဖောင်ကို ဖွဲ့၏။ ပထမ ဖောင်ကား
ဖောင်ဝအလံ ငါးဆယ်၊ အလျားအလံ တစ်ရာရှိ၏။ ထိုဖောင်ပေါ်တွင် မီးရှူးဝါးကို
စည်း၍ အထပ်ထပ် အတောင်နှစ်ဆယ်ကျော်ခန့် စုပုံထားစေသည်။ ဒုတိယဖောင်
်ကား အဝအလံငါးဆယ် အလျားအလံ သုံးရာရှိ၏။ ထိုဖောင်ပေါ်တွင်
မုတ္တမမြို့ထက် မြင့်အောင် သစ်တပ်တည်၍ ပြ၊ လက်ရန်း၊ သူရဲပြေး ခိုင်ခံ့အောင်
လုပ်စေပြီးလျှင် အမြောက်သေနတ် အပြည့်အစုံစီစဉ်၏။
ယင်းသည့် ဖောင် နှစ်ဖောင်စလုံးကို မုတ္တမမြစ်ညာ၌ ဆိုက်ကပ်ထား၏။ ထိုသို့
စီရင်၍ ထားသော ဖောင်နှစ်ဖောင်တွင် မီးစာတင်သော ဖောင်ငယ်ကို ဒီရေတက်
်သော အခါ ဖောင်ကို တည်းမထားသည်။ မိုးသောက်ထ ဒီရေကျလျှင် မီးရှူးမီးစာ
တင်ထားသော
ဖောင်ငယ်ကို မီးညိ|၍ မီးအလျှံ ထန်းတဖျားခန့်ရှိမျ ကုလားတို့ ခံထားသော
သင်္ဘော ခုနစ်စင်း ရှိရာသို့ မျှော်ချစေ၏။ သင်္ဘောတို့ကိုဖောင်ဖိမိ၍ မီးစွဲလောင်
်လေသည်။ မုတ္တမမြို့တွင်းသားတို့လည်း သင်္ဘောကို မီးစွဲသည်ကို မြင်လျှင် မြို့က
ထွက်၍ လှေကြီးလှေငယ်နှင့်ကူကြသည်ကို တပင်ရွှေထီး လှေတပ်သားများက
လိုက်လံတိုက်ခိုက်သော်၊ မီးကို မသတ်ဝံ့ဘဲ မြို့တွင်းသို့ ပြေးဝင်ရ၏။ မီးရှူးဖောင်
လည်း ကျောက်ဆူးချထားသော သင်္ဘောကြီး သုံးစင်းကိုဖိမိ၍ လောင်လျှင်
ကျောက်ဆူးကြိုးပြတ်၍ သင်္ဘောငယ် လေးစင်းကို ကူးစက်လောင်လေကုန်၏။
သင်္ဘော ခုနစ်စင်း မီးလောင်သော ဒုတိယ ဖောင်ကြီးကို လက်နက်ကရိယာ ဆေး
ကျည် စေ့သွတ်၍ သူရဲသူခက် အပေါင်းတို့ကို အသင့်နေစေပြီးလျှင် ဒီရေကျကို
ဖောင်ကိုမျှောခဲ့၍ မုတ္တမမြို့ရှေ့တွင် ကပ်၍ ထား၏။ မုတ္တမမြို့က ပြလက်ရန်း
တို့ထက်သမိန်ပရူ စီရင်သော ဖောင်က ပြလက်ရန်းတို့က မြင်သောကြောင့် မြို့ကို
စီးနင်းပစ်ခတ်လျှင် မြို့တွင်းသားတို့ မြို့ထိပ်တွင် မနေဝံ့ဘဲ ဆင်းပြေးကုန်သည်။
ယင်းသို့လျှင် ရဲမက်တော် လှေတပ်သားတို့ မြို့ကို ချဉ်း၍ဖြို၏။ မြို့ပြိုလျှင် ပြိုရာ
မှ ရဲမက်တော်တို့ မြို့တွင်းသို့ဝင်ရောက်၍ အိမ်ရာကျောင်းကန်တို့ကို မီးတိုက်၏။
ကြည်းတပ်သားတို့လည်း မြို့စီးပြစီး မရှိသည်ကိုတွေ့သော် မြို့ကိုတိုက်ဖောက်၍
ဆင်မြင်း အလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက်၏။ မုတ္တမစား စောဗညားလည်း
လက်နက်မချဘဲ၊ စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါတို့
နှင့် ခုခံတိုက်ခိုက်၏။ စောဗညား၏ ဆင်နှင့် နန္ဒကျော်သူ၏ ဆင်တို့ စီးချင်း
တိုက်ခိုက်ရာ စောဗညားမခံနိုင်ဘဲပြေးရ၏။ နန္ဒကျော်သူလည်း လိုက်၍ တိုက်
ခိုက်ရာ စောဗညားမခံနိုင်ဘဲ ပြေးရ၏။ နန္ဒကျော်သူလည်း လိုက်၍တိုက်ခိုက်သ
ဖြင့် ဆင်နှင့်တစ်ကွ စောဗညားကိုရ၍ တပင်ရွှေထီး ပို့ဆက်သည်။ တပင်ရွှေထီး
၏ ရဲမက်တော်တို့သည် ရွှေငွေ အဝတ်အစားများကို လုယက် ဖျက်ဆီး၍ ယူကုန်
၏။ မြို့သူမြို့သားများကိုလည်း သတ်ဖြတ်ကြ၏။ တပင်ရွှေထီးလည်း မောင်းကြေး
နင်းခေတ်စေကာ ထိုသို့ မပြုရန် ဆီးတားရ၏။
တပင်ရွှေထီးသည် ညီလာခံသဘင်၌ မုတ္တမကို သမိန်ပရူ၏ အစီအမံဖြင့် အောင်
်မြင်တော်မူရသည်ဟု သမိန်ပရူအား ခြီးမွမ်းတော်မူပြီးလျှင် အဆောင်အယောင်
အစီးအနင်းနှင့်တစ်ကွ မြောင်းမြမြို့ကို ပေးတော်မူသည်။ နေရာလည်း လက်ဝဲ
တော်ဦ နေရသည်။ ပြည်ရေးရွာမှုကို လည်းဘုရင့်နောင်ကျော်ထင် နော်ရထာနှင့်
တိုင်ပင်စီရင်ဟု အမိန့်ရှိသည်။ စောဗညားအား စီးချင်းတိုက်၍ နိုင်သော
နန္ဒကျော်သူကိုလည်း မင်းရဲကျော်ထင်ဟူ၍ ဘွဲ့ချီသည်။ မုတ္တမမြို့ရိ သဌေးသူ
ကြွယ်တို့က မင်းရဲကျော်ထင်အား ငါးရက်တိုင် လက်ဖွဲ့ရသည်။ မုတ္တမမြို့ကို
သုရှင်တကာရွတ်ပိ၏ ယောက်ဖတော် စောလကွန်းအိမ်ကို အဆောင်အယောင်နှင့်
တစ်ကွ ပေးတော်မူလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)