မီးစိမ်းလင်း သစ်တုံး

ဝီကီပီးဒီးယား မှ

မီးစိမ်းလင်း သစ်တုံးကြီးသည် မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာ၊ ဝက်မစွတ်မြို့စား ဒုတိယ နဝဒေးအထိမ်းအမှတ် ယဉ်ကျေးမှုပြတိုက်တွင် ရှိသည်။ ယင်းပြတိုက်ကို ကောဇာ ၁၃၃၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး၊ ပြတိုက်အတွင်းရှိ စာတိုက်သေတ္တာများ၊ ပေစာထုပ်များကို ဆရာတော်အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ ၁၉၉၅ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်ထဲ မျောပါလာသော ၎င်းသစ်သားတုံးကြီးသည် ဝက်မစွတ်ကျေးရွာ ဆိပ်ကမ်းတွင် သောင်တင်နေရာ ပြတိုက်ထဲ၌ ယူဆောင် ပြသထားသည်။ သစ်သားတုံး၏ အရင်းပိုင်းသည် ညဉ့်နက် သန်းခေါင်ယံအချိန်တွင် အစိမ်းရောင်တောက်ပသော မီးသီးကဲ့သို့ လင်းလက်နေလေ့ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်ထွန်း(ရေနံချောင်း) (ဖေဖော်ဝါရီ၊ ၂၀၀၀)။ အစိမ်းရောင်မီးလင်းတဲ့သစ်သားတုံး။ နက္ခတ္တရောင်ခြည်။ p. ၅၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)