မီလန်နီးရှား
ပုံပန်းသွင်ပြင်
မီလန်နီးရှား (Melanesia; UK: /ˌmɛləˈniːziə/; US: /ˌmɛləˈniːʒə/) သည် အိုရှန်းနီးယားရှိ ဒေသခွဲတစ်ခုဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအနောက်အဆုံးမှ အာရာဖူရာပင်လယ်အထိနှင့် အရှေ့ဘက်တွင် ဖီဂျီနိုင်ငံအထိ ဖြစ်သည်။
ဤဒေသထဲတွင် ပါဝင်သည့် နိုင်ငံ လေးနိုင်ငံမှာ-
- ဗနွားတူနိုင်ငံ
- ဆော်လမွန်ကျွန်းစု
- ဖီဂျီ
- ပါပူအာ နယူးဂီနီ တို့ ဖြစ်ကြသည်။
အဆိုပါ လွတ်လပ်သည့်နိုင်ငံများအပြင် မီလန်နီးရှားထဲတွင် အောက်ပါနယ်မြေများလည်း ပါဝင်ကြသည်။
- နယူးကယ်လီဒိုးနီးယား - (ပြင်သစ်)
- မာလူကူကျွန်းစု - အင်ဒိုနီးရှားကျွန်းစု၏ တစ်စိတ်တစ်ပိုင်း
- အနောက်ပါပူအာ။ အနောက်ပါပူအာတွင် အင်ဒိုနီးရှားနိုင်ငံ၏ စီရင်စုနယ်မြေနှစ်ခု (ပါပူအာ နှင့် အနောက်ပါပူအာ) ပါဝင်သည်။
Melanesia အမည် (ဂရိဘာသာစကားမှ μέλας, အနက်၊နှင့် νῆσος, ကျွန်းစု များမှ ပြင်သစ်ဘာသာဖြင့် "Mélanésie" ) ကို ၁၈၃၂ ခုနှစ်တွင် ပြင်သစ်လူမျိုး စွန့်စားရှာဖွေသူ Jules Dumont d'Urville မှ စတင်သုံးနှုန်းခဲ့သည်။