မိုးဆောင်းငှက်

ဝီကီပီးဒီးယား မှ
Cuckoos
Temporal range:
Eocene - Holocene, 34–0 Ma
Fan-tailed cuckoo (Cacomantis flabelliformis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Otidimorphae
မျိုးစဉ်: Cuculiformes
Wagler, 1830
မျိုးရင်း: Cuculidae
Leach, 1820
အမျိုးအစား မျိုးစိတ်
Cuculus canorus
Genera

Around 26

မိုးဆောင်းငှက် သို့မဟုတ် ဥဩ၊ ယောက်ဖခွေးခေါ်နှင့် အလားတူငှက်များ[မှတ်စု ၁] သည် မျိုးစဉ် Cuculiformes ရှိ မျိုးရင်း Cuculidae တွင်ပါဝင်သော ငှက်များဖြစ်ကြသည်။ ဤငှက်မျိုးရင်းတွင် ဥဩ အစရှိသော အခြားငှက်များလည်း ပါဝင်သည်။ ငှက်များသည် အလယ်အလတ်အရွယ်အစားရှိကြပြီး သစ်ပင်ပေါ်တွင် နေထိုင်လေ့ရှိကြသည်။ ကမ္ဘာအနှံ့တွင် တွေ့ရှိနိုင်ပြီး မျိုးစိတ်အများစုမှာ အပူပိုင်းဒေသတွင်နေထိုင်ကြကာ အချို့မှာ ရွေ့ပြောင်းနေထိုင်ကြသည်။ အင်းဆက်နှင့် သစ်သီးဝလံများအပါအဝင် အခြားတိရစ္ဆာန်များကိုလည်း စားသုံးကြသည်။ အချို့မျိုးစိတ်များသည် အခြားငှက်များ၏အသိုက်တွင် ဥဥပြီး သူတို့၏ ငှက်ကလေးများကို ကြီးပြင်းစေသည်။ အချို့မျိုးစိတ်မှာ ကိုယ်တိုင် ကျွေးမွေးစောင့်ရှောက်၍ ကြီးပြင်းစေသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။

ကိုးကား[ပြင်ဆင်ရန်]