မိုးကြိုးအန္တရာယ်

ဝီကီပီးဒီးယား မှ

မိုးကြိုးပစ်သဖြင့် မြန်မာနိုင်ငံတွင် လူနှင့်ကျွဲနွားများ နှစ်စဉ်သေဆုံးနေရသည်။ ထို့ကြောင့် မိုးကြိုးအန္တရာယ်မှ မည်ကဲ့သို့ရှောင်ရှားရမည်ကို သိရန် လိုအပ်သည်။

မိုးရွာလျှင် သို့မဟုတ် မိုးကြိုးပစ်နိုင်သည့် အခြေအနေများ၌ လိုက်နာရန် အချက်များ[ပြင်ဆင်ရန်]

  1. မိုးရွာမှသာမဟုတ်။ မိုးမရွာဘဲ တိမ်ထူထပ်နေလျှင်လည်း မိုးကြိုးပစ်နိုင်သည်ကို သတိထားပါ။
  2. မိုးကြိုးပစ်မည့် အလားအလာရှိလျှင် ရေအိုင်၊ ချောင်း၊ မြောင်းများကို ရှောင်ကြဉ်ပါ။
  3. တောင်ကုန်း၊ ထီးထီးဖြစ်နေသည့်သစ်ပင်၊ ထန်းပင်၊ အုန်းပင်စသည့် မြင့်သော နေရာများကို ရှောင်ကြဉ်ပါ။
  4. မည်သည့်အဆောက်အအုံ၊ သစ်ပင်မှမရှိသော ဟင်းလင်းပြင်ကို ရှောင်ကြဉ်ပါ။ ဟင်းလင်းပြင်၌ သင်သည် အမြင့်ဆုံးနေရာဖြစ်သဖြင့် မိုးကြိုးပစ်နိုင်ချေ ပိုများသည်။ ထို့ပြင် ကွင်းပြင်၌ ဝမ်းလျားမှောက်နခြေင်း မပြုပါနှင့်။
  5. မိုးကြိုးများပစ်နေစဉ် ဆံပင်များထောင်ထလာပြီဆိုလျှင် အထူးသတိပြုပါ။ ခြေနှစ်ဖက်ကို စုကာ ဆောင့်ကြောင့်ထိုင်ချပါ။ နားများကို လက်နှစ်ဖက်ဖြင့် အုပ်ထားပါ။ သို့မဟုတ် လက်ဖြင့် ဒူးများကို ပိုက်ထားပြီး ဦးခေါင်းကို ဒူးပေါ် မှောက်တင်ထားပါ။
  6. လယ်ထွန်နေစဉ် ဖြစ်ပါက ချက်ချင်း ထွန်ကိုဖြုတ်ပြီး ကုန်းပေါ်တက်ပါ။ သင်အပါအဝင် ကျွဲနွားများကို ရေနှငေ့်ဝးရာသို့ မောင်းသွားပါ။
  7. မြစ်လယ်၌ လှေငယ်ပေါ်ရောက်နေစဉ် မိုးရွာ၊ မိုးကြိုးပစ်လာပါက လှေအလယ်၌ ဒူးတုပ်ထိုင်ပါ။ ဒူးကိုလက်နှင့်ပိုက်ပြီး ခေါင်းကို ဒူးပေါ်ငုံ့တင်ထားပါ။
  8. မိုးကြိုးများပစ်နေစဉ် တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲမထားပါနှင့်။ ပူးကပ်မနေပါနှင့်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁၅ ပေ၊ ပေ ၂၀ ခန့်အကွာတွင် နေပါ။
  9. သစ်တောအတွင်းရောက်နေစဉ် မိုးရွာ မိုးကြိုးပစ်ပါက နိမ့်ဆုံးသစ်ပင်အောက်သို့ ခိုဝင်ပါ။
  10. မြောင်းများ၊ ချိုင့်များရှိလျှင် ထိုအနိမ့်ပိုင်းနေရာများသို့ ဆင်းနေပါ။
  11. ရွှေငွေလက်ဝတ်လက်စားများ ဝတ်ဆင်ခြင်း၊ သော့တွဲများချိတ်ဆွဲထားခြင်း မပြုပါနှင့်။
  12. သတ္တုပစ္စည်းများ (ဥပမာ - မီးကြိုး၊ သံဆူးကြိုး၊ မော်တာ၊ ပေါက်ချွန်း ပေါက်ပြား၊ လျှပ်စက်လက်နက်ကိရိယာ) စသည်တို့မှေဝးေဝးနေပါ။
  13. မိုးရွာလာပြီ မိုးကြိုးများပစ်လာပြီဆိုလျှင် အဆောက်အအုံ၊ သစ်ပင်စသည်တို့ဆီ ရှာပြီးသွားပါ။
  14. မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ပြတင်းပေါက်များမှ ဝေးဝေးနေပါ။ ရေဒီယို၊ တီဗီ၊ ကွန်ပြူတာစသည်တို့ကို ပိတ်ထားပါ။ ပလပ်ချွတ်ထားပါ။
  15. အရေးပေါ်ကိစ္စမှလွဲ၍ ဖုံးပြောခြင်းကို ရှောင်ကြဉ်ပါ။ မိုးကြိုးသည် မီးကြိုး၊ ဖုန်းကြိုးများမှတစ်ဆင့် ဝင်ရောက်လာတတ်သည်။

မှတ်သားစရာအချက်များ[ပြင်ဆင်ရန်]

  • မိုးကြိုးသည် မည်သည့်အခါမှ တစ်နေရာထဲကို နှစ်ကြိမ်ထပ်မပစ်ဟု မထင်ပါနှင့်။
  • မိုးကြိုးမှ လျှပ်စစ်သည် ဗို့အားသန်းပေါင်းများစွာရှိသဖြင့် သာမန် ရာဘာပြား၊ ပလစ်စတစ်စများနှင့် ကာကွယ်၍ မရပါ။ မိုးကြိုးလျှပ်စစ်သည် ၁၀ ပေ မှ ပေ ၂၀ ထိခုန်ကူးနိုင်သည်။
  • မြင့်မားသော အဆောက်အဦးများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားပါ။
  • အီကွေတာနှင့်နီးသောဒေသများ၊ မြင့်မားသောတောင်တန်းများတွင် မိုးကြိုး ပိုအပစ်များသည်။
  • တစ်ကမ္ဘာလုံးတွင် စက္ကန့်တိုင်း စက္ကန့်တိုင်း၌ မိုးကြိုးအကြိမ်တစ်ရာ ပစ်နပြေီး မိုးကြိုးမုန်တိုင်းများ အကြိမ် ၂၀၀၀ ခန့် ဖြစ်ပေါ်နေသည်။
  • မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းသည် အလွန်နီးကပ်စွာ ဆက်နွယ်နေ၏။
  • ယခုအခါ မိုးကြိုးပစ်နိုင်ချေကို တိုင်းတာသော အီလက်ထရောနစ်ကိရိယာများ ပေါ်နေပါပြီ။

မိုးကြိုးပစ်ခံရသောလူနာအတွက် ရှေးဦးသူနာပြုစုနည်း[ပြင်ဆင်ရန်]

  • မိုးကြိုးပစ်ခံရလျှင် ရသောဒဏ်ရာများမှာ မီးလောင်ဒဏ်ရာ၊ စုတ်ပြဲဒဏ်ရာနှင့် အရိုးကျိုးခြင်းတို့ ဖြစ်နိုင်သည်။ မိုးကြိုးပစ်ခံရသောလူနာတွင် လျှပ်စစ်ဓာတ် အကြွင်း အကျန်မရှိသဖြင့် ဓာတ်လိုက်မှာမပူရပါ။ မိုးကြိုးပစ်ခံရသည့် လူနာများတွင် သတိမေ့နေ သော လူနာကို ဦးစွာပြုစုပါ။ ဆိုးဆိုးရွားရွားအခြေအနေတွင် အသက်ဆုံးရှုံးနိုင်သည်။
  • အကယ်၍ မီးလောင်ဒဏ်ရာများတွေ့ရပါက မည်သည့်ဆေးမှ မထည့်ပါနှင့်။ မည်သည့်အဝတ်စနှင့်မှလည်း မအုပ်ပါနှင့်။ ဒဏ်ရာကို သန့်ရှင်းစွာထားပါ။ အသားနှင့် အင်္ကျီကပ်နေလျှင်လည်း ခွာထုတ်ဖို့ မကြိုးစားပါနှင့်။
  • လူနာအား သွေးတိုးစမ်းပါ။ အသက်ရှူမရှူ စမ်းကြည့်ပါ။ အကယ်၍ အသက်ရှူ ရပ်နေပါက သင်သည် CPR (Cardio-Pulmonary Resuscitation) လုပ်နည်းတတ်လျှင် CPR လုပ်ပေးပါ။ ထို့နောက် ဆေးရုံသို့ အမြန်ဆုံးပို့ပါ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အေးငြိမ်း(လေးမျက်နှာ) ရေး လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စာအုပ်မှ