မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း
Mobile Legends BangBang Logo | |
---|---|
ဖန်တီးသူ | Moonton |
ထုတ်ဝေသူ | Moonton |
ပလက်ဖောင်း | iOS, အန်းဒရွိုက် |
ဖြန့်ချီသည့်နေ့စွဲ | အန်းဒရွိုက်
|
ဂိမ်းအမျိုးအစား | Multiplayer online battle arena |
မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း (အင်္ဂလိပ်: Mobile Legends: Bang Bang) သည် Moonton ကုမ္ပဏီမှ ထုတ်လုပ်သည့် လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း (Multiplayer online battle arena (MOBA)) ဂိမ်းတစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို အန်းဒရွိုက်အတွက် ဇူလိုင်လ ၁၄ ရက် ၂၀၁၆ နှင့် iOS အတွက် နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ တွင် တစ်ကမ္ဘာလုံးအနေဖြင့် ဖြန့်ချိခဲ့သည်။
ဂိမ်းကစားပုံ[ပြင်ဆင်ရန်]
မိုဘိုင်းလန်ဂျစ်စ်:ဘမ်းဘမ်းသည် မိုဘိုင်းလ်ဖုန်းများအတွက် ရေးဆွဲထားသည့် လူအများကစားနိုင်သော အွန်လိုင်းတိုက်ပွဲကစားနည်း တစ်မျိုးဖြစ်သည်။ ကြာချိန်မှာ ၁၀မိနစ် မှ မိနစ် ၂၀ အထိကြာနိူင်သည်။ ထိုကြာချိန်သည် ကစားသူများ၏စွမ်းရည် ကစားပုံအားမူတည်၍ အချိန် အမျိုးမျိုးပြောင်းလဲသည်။ ယှဉ်ပြိုင်ဖက် အသင်းနှစ်သင်းမှာ တစ်ဖက်အသင်းရှိ base ဟုခေါ်သော အဆောက်အဦးကို ဖြိုဖျက်ရန်နှင့် မိမိအဆောက်အဦးကို ကာကွယ်နိုင်ရန် တိုက်ခိုက်ကစားကြသည်။ ထိုအဆောက်အဦးကို အပေါ်လမ်း၊ အလယ်လမ်း နှင့် အောက်လမ်းဟူ၍ လမ်းသုံးလမ်းနှင့် ချိတ်ဆက်ထားသည်။ အသင်းတစ်သင်းစီတွင် ကစားသမားငါးယောက်စီပါဝင်ပြီး "hero" ဟုခေါ်သော ဇာတ်ကောင်တစ်ကောင်စီကို ထိန်းချုပ်ရသည်။ "minions" ဟုခေါ်သော ကွန်ပျူတာထိန်းချုပ်သည့် ဇာတ်ကောင်များသည် အသင်းbase မှ ပေါ်ထွက်လာပြီး လမ်းသုံးလမ်းရှိ အခြားအသင်းမှ base နှင့် "turret" ဟုခေါ်သော အဆောက်အဦးကို တိုက်ခိုက်ကြသည်။
တရားစွဲဆိုခံရမှု[ပြင်ဆင်ရန်]
ဇူလိုင် ၁၁၊ ၂၀၁၇ တွင် MOBA ကွန်ပျူတာဂိမ်း League of Legends ထုတ်လုပ်ဖြန့်ချိသူ Riot Games ကုမ္ပဏီက Mobile Legends: Bang Bang ထုတ်လုပ်ဖြန့်ချိသူ Shanghai Moonton Technology အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ Moonton သည် ယခင်ဂိမ်းဖြစ်သော Mobile Legends: 5V5 MOBA ကို ဖယ်ရှားခဲ့ကာ ဂိမ်းလိုဂို အပြောင်းအလဲ အပါအဝင် ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး Mobile Legends: Bang Bang အမည်ဖြင့် ပြန်လည်ဖြန့်ချိခဲ့သည်။[၁]
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Riot is suing a mobile game company for copyright infringement, and it's definitely not hard to see why" (in en-us)။ July 11, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 1 September 2017။