မိုင်ဒင်း အမျိုးသားအားကစားကွင်း
(ဗီယက်နမ်: Sân vận động Quốc gia Mỹ Đình) | |
တည်နေရာ | ဟနွိုင်းမြို့၊ ဗီယက်နမ် |
---|---|
ကိုဩဒိနိတ် | 21°1′14″N 105°45′49.7″E / 21.02056°N 105.763806°E |
ပိုင်ဆိုင်သူ | ဗီယက်နမ်အစိုးရ |
ဝင်ဆံ့ပမာဏ | ၄၀၁၉၂ |
မျက်နှာပြင် | မြက် |
တည်ဆောက်ခြင်း | |
ပန္နက်ရိုက် | ၂၀၀၂ |
တည်ဆောက် | ၂၀၀၂ - ၂၀၀၃ |
ဖွင့်လှစ် | ၂ စက်တင်ဘာ ၂၀၀၃ |
ပြင်ဆင် | ၇ စက်တင်ဘာ ၂၀၁၆ |
ကုန်ကျငွေ | အမေရိကန်ဒေါ်လာ ၅၃သန်း |
ဗိသုကာ | HISG |
ငှားရမ်းသူ | |
ဗီယက်နမ်အမျိုးသားဘောလုံးအသင်း (၂၀၀၃ - ယနေ့ထိ) ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်း (၂၀၀၃ - ယနေ့ထိ) Thể Công (၂၀၀၅ - ၂၀၀၈၊ ၂၀၁၀ - ယနေ့ထိ) Hà Nội FC (၂၀၁၈) CLB Phù Đổng (၂၀၁၉ - ယနေ့ထိ) |
မိုင်ဒင်း အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Mỹ Đình National Stadium၊ ဗီယက်နမ်: Sân vận động Quốc gia Mỹ Đình)သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဘက်စုံသုံးအားကစားကွင်းဖြစ်သည်။၄၀၁၉၂ဦး ဝင်ဆံ့ပြီး တိုင်းပြည်၏ ဒုတိယမြောက် အကြီးဆုံးကွင်းဖြစ်သည် ။ ၂၀၀၃ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အဓိက ကျင်းပရာနေရာဖြစ်သည်။ ဗီယက်နမ်ဘောလုံးအသင်းများ၏ အိမ်ကွင်းဖြစ်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးပွဲများကို လက်ခံကျင်းပလေ့ရှိသည်။ ကွင်း၏ အရှေ့နှင့်အနောက်ဘက် ပွဲကြည့်စင်များကို အမိုးမိုးထားပြီး ဝင်ဆံ့ဦးရေ၏ တစ်ဝက်ကို အမိုး မိုးပေးထားနိုင်ခြင်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဗီယက်နမ်နိုင်ငံအတွက် အမျိုးသားအားကစားကွင်းအသစ် ဆောက်လုပ်ရန် အကြံကို ၁၉၉၈တွင် စတင်ခဲ့ကြသည်။[၁]၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် ထိုစဉ်က ဗီယက်နမ်ဝန်ကြီးချုပ်က ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းကို အတည်ပြုခဲ့သည်။ဤသည်မှာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပရေးအတွက်လည်း ရည်ရွယ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၂ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကာ ဩဂုတ်လတွင် မိုင်းဒင်း အမျိုးသားအားကစားကွင်းအဖြစ် အမည်ပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သော စက်တင်ဘာလ ၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အတွင်းပိုင်း
[ပြင်ဆင်ရန်]ပွဲကြည့်စင်များ
[ပြင်ဆင်ရန်]ပွဲကြည့်စင် ၄ခုရှိကာ ပွဲကြည့်စင် အေနှင့် ဘီမှာ အရှေ့ဘက်နှင့် အနောက်ဘက်ပွဲကြည့်စင်များဖြစ်သည်။ ထို ပွဲကြည့်စင် ၂ခုအား တန်ချိန် ၂၃၀၀လေးသော အမိုးဖြင့် မိုးထားကာ နှစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ အခြားပွဲကြည့်စင်နှစ်ခုဖြစ်သော စီနှင့် ဒီမှာ တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ စုစုပေါင်း ၄၀၁၉၂ဦးဝင်ဆံ့ကာ အရေးကြီးပုဂ္ဂိုလ်များအတွက် ခုံပေါင်း ၄၅၀နှင့် သတင်းသမားများအတွက် ၁၆၀ ပါဝင်သည်။
ကွင်း
[ပြင်ဆင်ရန်]မြက်ခင်းပြင်မှာ ၁၅၀မီတာ × ၆၇မီတာရှိပြီး ၎င်းကို ပြေးလမ်း ၈လမ်းပါသော ပတ်လမ်းက ပတ်ထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Làm trái phê duyệt vẫn trúng thầu (in vi)။